မြိတ်ကျွန်းစုသည် တနင်္သာရီတိုင်းဒေသကြီးတွင် ပါဝင်ကာ မြန်မာနိုင်ငံ၏ တောင်ဖက်စွန်းတွင် တည်ရှိသည်။ အရွယ်အစား အမျိုးမျိုးရှိသော ကျွန်းပေါင်း ၈၀၀ ကျော်ခန့် ပါဝင်ဖွဲ့စည်းထားသည်။ မလေး ကျွန်းဆွယ်၏ အနောက်ဖက်ကမ်းခြေဖက်ရှိ ကပ္ပလီပင်လယ်တွင်းတွင် တည်ရှိသည်။ တစ်ခါတစ်ရံ ပသျှူးကျွန်းစုဟုလည်း ခေါ်ဆိုလေ့ရှိသည်။

ပထဝီဝင်

ကတန်ကျွန်းသည် မြိတ်ကျွန်းစုရှိ အကြီးဆုံးကျွန်းဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၁၇၀ ကျယ်ဝန်းကာ ‌မြိတ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။ ဒုတိယအကြီးဆုံးကျွန်းက ကက်သရင်း ကျွန်း ဖြစ်ကာ၊ တောဖုံးနေပြီး ကမ်းစပ်၌ လမုတောများ ပေါက်ရောက်နေသည်။ အခြား ထင်ရှားသော ကျွန်းများမှာ – ပြင်စဘုကျွန်း ၊ ခရစ္စတီးကျွန်း၊ ဒေါင်းကျွန်း ၊ ကွမ်းသီးကျွန်း ၊လမင်းကျွန်း ၊ လန်ပိကျွန်း ၊လက်စွပ်အော်ကျွန်း ၊မလိကျွန်း ၊ ငွေကျွန်း ၊စခန်းသစ်ကျွန်း ၊ တနင်္သာရီကျွန်း ၊သူဌေးကျွန်း ၊သံကျွန်း နှင့် သရောသဟန်ကျွန်းတို့ ဖြစ်ကြသည်။

ကတန်ကျွန်း

ကတန်ကျွန်း သည် မြိတ်ကျွန်းစုအတွင်းရှိ အကြီးဆုံးကျွန်းဖြစ်ကာ ၄၅၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ကျွန်းရှိ French Bay Peak သည် ၇၆၇ မီတာ (၂၅၁၆ ပေ) မြင့်ကာ မြိတ်ကျွန်းစုတွင် အမြင့်ဆုံးနေရာဖြစ်သည်။ ဗြိတိသျှအုပ်စိုးစဉ်အခါက ဘုရင်ကျွန်း King’s Island ဟု ခေါ်ဝေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒေသအခေါ်အဝေါ်ဖြစ်သည့် ကတန်ကျွန်းဟု ပြောင်းလဲခဲ့သည်။

မြိတ်မြို့၏အနောက်ဘက် ၁၀မိုင်ခန့်အကွာတွင်တည်ရှိသည်။ ကျွန်းအလျား ၂၃ မိုင်ခန့်ရှိပြီး အနံသည် ၁၁မိုင်ခန့်ရှိသည်။ ကျွန်းပေါ်မှ အမြင့်ဆုံးတောင်သည် ပေပေါင်း ၂၅၃၀ ပေ ရှိသည်။ ယခုအခါ ကျွန်းစုမြို့တည်ရှိပြီ ရေတပ်စခန်းဌာနချုပ် ရှိရာ ကျွန်းဖြစ်သည်။

ကံမော်ကျွန်း /ကက်သရင်းကျွန်း

မြိတ်မြို့၏တောင်ဘက် မိုင် ၄၀အကွာတွင်ရှိသည်။ အလျား ၁၈ မိုင် အနံ ၁၁မိုင်ကျယ်သည်။ မြောက်ပိုင်းတွင် ကျယ်၍ တောင်ဘက်တွင် စုချွန်သွားသည်။ အမြင့်ဆုံးတောင်မှာ ပေးပေါင်း ၁၁၇၀ မြင့်သည်။ တောများဖုံးလွှမ်းနေပြီး ကမ်းစပ်တွင် လမုတောများရှိသည်။

ဇာဒက်ကြီးကျွန်း

တတိယအကြီးဆုံးကျွန်း မြိတ်မြို့၏အနောက်တောင်ဘက် မိုင် ၁၅၀ ခန့်အကွာ ကော့သောင်းမြို့နယ်အတွင်းရှိ ကျွန်းကြီး တစ်ကျွန်းဖြစ်သည်။ အလျား ၁၈မိုင် အနံ ၇ မိုင်ကျယ်သည်။ကျွန်း၏အမည်ဟောင်းမှာ စိန့်မက်သရူး (Saint Mathew island) ဖြစ်သည်။ ယခု မြန်မာ့တပ်မတော် ရေတပ်စခန်းရှိရာ ဇာဒက်ကြီးကျွန်းဖြစ်သည်။

ကွမ်းသီးကျွန်း

ကွမ်းသီးကျွန်း သည် မြိတ်ကျွန်းစုတွင် ပါဝင်သော ကျွန်းတစ်ခုဖြစ်ကာ ၇ ကီလိုမီတာခန့် ရှည်လျားသည်။ လေးထောင့်ဆန်ဆန် ပုံသဏ္ဌာန်ရှိကာ တနင်္သာရီကျွန်း၏ မြောက်ဖက် ၁၅ ကီလိုမီတာခန့်အကွာ မြိတ်ကျွန်းစု၏ အနောက်မြောက်ဖက်စွန်းတွင် တည်ရှိသည်။ သစ်ပင်များနှင့် တောင်ကုန်းထူထပ်သော ကျွန်းဖြစ်သည်။ အမြင့်ဆုံးနေရာမှာ ၃၉၆ မီတာမြင့်သည်။

တနင်္သာရီကျွန်း

တနင်္သာရီကျွန်း သည် မြိတ်ကျွန်းစုတွင် ပါဝင်သော ကျွန်းတစ်ခုဖြစ်သည်။ ကွမ်းသီးကျွန်း၏ တောင်ဖက် ၁၅ ကီလိုမီတာအကွာ၊ မြိတ်ကျွန်းစု၏ အနောက်မြောက်ဖက်စွန်းတွင် တည်ရှိသည်။ ၁၀ ကီလိုမီတာခန့် ရှည်လျားပြီး မညီမညာပုံသဏ္ဌာန်ရှိသည့် ကျွန်းဖြစ်သည်။ တောထူထပ်သည့်ကျွန်းတစ်ခုဖြစ်ကာ ၄၉၄ မီတာအမြင့်ရှိသော မတ်စောက်သည့် တနင်္သာရီတောင်ထွတ်သည် ကျွန်းရှိ အမြင့်ဆုံးနေရာ ဖြစ်သည်။

နတ်သမီးရေတွင်းကျွန်း

နတ်သမီးရေတွင်းကျွန်း သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုများအတွင်း၊ ကပ္ပလီပင်လယ်ပြင်ဝယ် မြောက်လတ္တီကျု ၁၂°၀၃’၅၅.၈၄၉” နှင့် အရှေ့လောင်ဂျီကျု ၈၉°၀၀’၅၁.၉၁၀” တွင် ရှိသည့် ကျွန်း တစ်ကျွန်း ဖြစ်ပြီး၊ ဝေဟင်မှ ရှုမျှော်ပါက နတ်သမီးတပါး ကနေဟန် ရှိသည်။ ကျွန်း တခုလုံး၏ မြေအကျယ်အဝန်းမှာ ဧက ၅၀၀ ခန့်ရှိကာ၊ အရှေ့အနောက် အရှည် ၃.၂၁ ကီလိုမီတာ၊ တောင်မြောက်အကျယ် ၂ ကီလိုမီတာ ရှိသည်။ ယနေ့ထိတိုင် ခုတ်လှဲခြင်း မခံရသေးသော မူလသစ်ပင်ကြီးများစွာ ပေါက်ရောက်နေကာ၊ ကမ်းခြေတွင် နူးညံ့သန့်ရှင်းသည့် သဲသောင်ကို ပိုင်ဆိုင်ထားပြီး၊ ကျောက်ဆောင်များမှာ ထည်ဝါသည်။

မလိကျွန်း

မလိကျွန်း သည် မြိတ်ကျွန်းစုတွင် ပါဝင်သည့် ကျွန်းတစ်ခုဖြစ်သည်။ မြိတ်ကျွန်းစု၏ မြောက်ဖက်အစွန်ဆုံးတွင် တည်ရှိသည်။ ၉၉ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မြောက်မှတောင်သို့ ၃၁ ကီလိုမီတာရှိသော ရှည်လျားသေးသွယ်သည့် ကျွန်းဖြစ်သည်။

လန်ပိကျွန်း

လန်ပိကျွန်း သည် မြိတ်ကျွန်းစုရှိ ကျွန်းဖြစ်ပြီး ၁၈၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ မြိတ်ကျွန်းစုတွင်းရှိ အကြီးဆုံးကျွန်းများတွင် ပါဝင်သည်။၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ငလျင်နှင့် ဆူနာမီကြောင့် လန်ပိကျွန်းရှိ ဆလုံလူမျိုး ၂၀၀ ခန့် သေဆုံးခဲ့သည်။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ်ဖြစ်သည့် လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

သူဌေးကျွန်း

သူဌေးကျွန်း သည် မြိတ်ကျွန်းစုရှိ ကျွန်းငယ်တစ်ခုဖြစ်သည်။ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တို့၏

43
$
User's avatar
@MYOHTETLINN posted 3 years ago

Comments

Girl

$ 0.00
3 years ago

အကုန်လုံး

$ 0.00
3 years ago

Mm

$ 0.00
3 years ago

မြန်မာ

$ 0.00
3 years ago

Gg

$ 0.00
3 years ago

..

$ 0.00
3 years ago

R

$ 0.00
3 years ago

Nice

$ 0.00
3 years ago

Nice

$ 0.00
3 years ago

Gg

$ 0.00
3 years ago

👍👍👍

$ 0.00
3 years ago