ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံတွေက တရုတ်နိုင်ငံ နဲ့ အိန္ဒိယနိုင်ငံတွေ ဆိုတာ အားလုံးသိကြပြီးဖြစ်မှာပါ။ တရုတ်နိုင်ငံရဲ့ လူဦးရေက သန်းပေါင်း ၁၄၀၀ကျော်ဖြစ်ပြီး အိန္ဒိယကတော့ သန်းပေါင်း ၁၃၀၀ ကျော်ဖြစ်ပါတယ်။ ကျန်နိုင်ငံတွေကတော့ ဒီနိုင်ငံတွေနဲ့ ယှဉ်ရင် သန်း ၁ထောင်လောက်ထက် မက လူဦးရေ ပိုနည်းပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လူဦးရေကတော့ ၅၄သန်း ခန့်ရှိပြီး ကမ္ဘာပေါ်မှာဆိုရင်တော့ ၂၆ ခုမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေရဲ့ လူဦးရေကတော့ နိုင်ငံအများစုရဲ့ မြို့ငယ်တမြို့စာထက်တောင် ပိုနည်းနေပါသေးတယ်။ ဒီတခါတော့ ကမ္ဘာပေါ်က လူဦးရေ အနည်းဆုံး နိုင်ငံ ၁၀ နိုင်ငံကို ဝေမျှသွားပါမယ်။

၁၀ ။ ဒိုမီနီကာ

ဒိုမီနီကာ နိုင်ငံကတော့ ကာရစ်ဘီယံဒေသအတွင်းမှာ ရှိတဲ့ ကျွန်စုနိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ တရားဝင်အမည်က ဒိုမီနီကာ ဓနသဟာယနိုင်ငံဖြစ်ပြီး မြို့တော်ကတော့ ရိုဇို ဖြစ်ပါတယ်။ နိုင်ငံရဲ့ စုစုပေါင်း ဧရိယာက ၂၉၀ စတုရန်းမိုင်ဖြစ်ပြီး နေထိုင်သူအများစုကတော့ အာဖရိကန် လူမည်းတွေဖြစ်ပါတယ်။ ရုံးသုံးဘာသာစကားက အင်္ဂလိပ်ဖြစ်ပြီး ပြင်သစ်ဘာသာစကားပေါ်မှာ အခြေခံထားတဲ့ ဒိုမီနီကန်ခရီအို နဲ့လည်း ပြောဆိုသုံးစွဲကြပါတယ်။ နေထိုင်သူ စုစုပေါင်းရဲ့ ၉၄% ကျော်က ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး ဒီနိုင်ငံရဲ့ စုစုပေါင်း လူဦးရေကတော့ ၇၁၆၂၅ ဦး ဖြစ်ပါတယ်။

၉။ မာရှယ်ကျွန်းစု

မာရှယ်ကျွန်းစုရဲ့ တရားဝင်အမည်က မာရှယ်ကျွန်းစု သမ္မတနိုင်ငံဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ ကျွန်းစုနိုင်ငံတခုဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင် ၇၀ ခန့်သာ ကျယ်ဝန်းပြီး နေထိုင်သူစုစုပေါင်းရဲ့ ၉၂% ကျော်ဟာမာရှယ်ကျွန်းသားစစ်စစ်တွေဖြစ်ပါတယ်။ ကျွန်းကြီး ၅ ခု ကျွန်းငယ် ၂၉ ခုတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြို့တော်က မာဂျူရို ဖြစ်ပါတယ်။ လူဦးရေရဲ့ ၉၇% က ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး အင်္ဂလိပ်စာ နဲ့ မာရှယ်ကျွန်းစုဘာသာစကားတွေကို ရုံးသုံးဘာသာတွေအဖြစ် ပြဌာန်းထားပါတယ်။ ဒီနိုင်ငံရဲ့ လူဦးရေကတော့ ၅၈၄၁၃ ဦး ဖြစ်ပါတယ်။

၈။ စိန့်ကစ်နှင့် နီးဗစ်နိုင်ငံ

Saint Kitts and Nevis လို့အများစုခေါ်လေ့ရှိပေမယ့် ဒီနိုင်ငံရဲ့ တရားဝင်အမည်က စိန့်ခရစ္စတိုဖာ နဲ့ နီးဗစ်ဖက်ဒရေးရှင်း နိုင်ငံ ဖြစ်ပါတယ်။ ကာရစ်ဘီယံပင်လယ် နဲ့ အတ္တလန္တိတ်သမုဒ္ဒရာတို့ကြား အနောက်အင်ဒီးစ်ဒေသမှာ တည်ရှိတဲ့ ကျွန်းစုနိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့အမည်အတိုင်း စိန့်ကစ် နဲ့ နီးဗစ် ဆိုတဲ့ ကျွန်းကြီး ၂ ခု နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အကျယ်အဝန်းအနေနဲ့ ၁၀၁ စတုရန်းမိုင်ခန့် ကျယ်ဝန်းကာ နေထိုင်သူ ၉၂% က အာဖရိကန်တွေဖြစ်ပါတယ်။ ရုံးသုံးဘာသာစကားက အင်္ဂလိပ်ဖြစ်ပြီး စိန့်ကစ်ခရီအို ကိုလည်း ပြောဆို သုံးစွဲကြပါတယ်။ လူဦးရေရဲ့ ၉၅% ခန့်က ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး မြို့တော်ကတော့ စိန့်ကစ်ကျွန်းမှာရှိတဲ့ ဘတ်စတဲရီ မြို့ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ လူဦးရေကတော့ ၅၂၄၄၁ ဦး ဖြစ်ပါတယ်။

၇။ မိုနာကို

မိုနာကို နိုင်ငံရဲ့ တရားဝင်အမည်က မိုနာကို ပဒေသရာဇ်နိုင်ငံ ဖြစ်ပြီး ဥရောပအနောက်ပိုင်းဒေသမှာ တည်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ အရှေ့ဘက် ၊ အနောက်ဘက် ၊ မြောက်ဘက်တို့ကို ပြင်သစ်နိုင်ငံကဝန်းရံထားပြီး တောင်ဘက်မှာတော့ မြေထဲပင်လယ် ဖြစ်ပါတယ်။ နိုင်ငံရဲ့ အကျယ်အဝန်းက ဝ.၈၁ စတုရန်းမိုင်သာ ကျယ်ဝန်းတာကြောင့် ဧရိယာနဲ့တွက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ဒုတိယအသေးငယ်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ ပြင်သစ်ဘာသာစကားက ရုံးသုံးဘာသာ စကားဖြစ်ပြီး ရိုမန်ကတ်သလစ်ဘာသာဝင် အများဆုံးနေထိုင်ပါတယ်။ နိုင်ငံသေးပေမယ့် ဝင်ငွေနဲ့တွက်ရင် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ(၂၀၁၈) ဖြစ်ပြီး မိုနာကိုနိုင်ငံသားတဦးရဲ့ ပျမ်းမျှနှစ်စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၈၀၀၀၀ ဝန်းကျင်မှာ ရှိပါတယ်။ မိုနာကိုနိုင်ငံရဲ့ လူဦးရေကတော့ ၃၈၉၆၄ သာ ရှိပါတယ်။

၆။ လက်ချင်းစတိန်း

အဲပ်တောင်တန်း နဲ့ အလယ်ဥရောပတောင်ပိုင်း ဒေသကြားမှာ တည်ရှိတဲ့ ဒီနိုင်ငံရဲ့ တရာဝင်အမည်က လက်ချင်းစတိန်း ပဒေသရာဇ်နိုင်ငံဖြစ်ပါတယ်။ အနောက်ဘက် နဲ့ တောင်ဘက်မှာ ဆွစ်ဇာလန်နိုင်ငံ ၊ အရှေ့ဘက် နဲ့ မြောက်ဘက်တို့မှာ သြစတြီးယားနိုင်ငံတို့ နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေပါတယ်။ နိုင်ငံရဲ့ အကျယ်အဝန်းက ၆၂ စတုရန်းမိုင်သာ ရှိပြီး မြို့တော်က ဗဒူးဇ် ဖြစ်ပါတယ်။ ဂျာမန်ဘာသာစကားက ရုံးသုံးဘာသာစကားဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် ၈၃% ခန့် နေထိုင်ပါတယ်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းအရ မိုနာကိုရဲ့ နောက် ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်ကာ နိုင်ငံသားတဦးရဲ့နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၇၃၃၅၆ ဖြစ်ပါတယ်။ လက်ချင်းစတိန်းနိုင်ငံရဲ့ လူဦးရေကတော့ ၃၈၀၁၉ ဦး ဖြစ်ပါတယ်။

၅။ ဆန်မာရီနို

အီတလီနိုင်ငံအတွင်းမှာ တည်ရှိတဲ့ နိုင်ငံ ၂ ခုအနက်က တခုဖြစ်ပြီး နိုင်ငံရဲ့ တရားဝင်အမည်က ဆန်မာရီနို သမ္မတနိုင်ငံဖြစ်ပါတယ်။ အဲပ်ပီးနီး တောင်တန်းရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပြီး နိုင်ငံရဲ့ အကျယ်အဝန်းက ၂၃.၆ စတုရန်းမိုင်သာ ရှိပါတယ်။ အီတလီဘာသာစကားကိုသုံးစွဲပြီး မြို့တော်က ဆန်မာရီနို ဖြစ်ပါတယ်။ နေ

30
$
User's avatar
@Mgthuta1 posted 3 years ago

Comments

😁

$ 0.00
3 years ago

Like

$ 0.00
3 years ago

.

$ 0.00
3 years ago

Like

$ 0.00
3 years ago

😳

$ 0.00
3 years ago

Gg

$ 0.00
3 years ago

Nice

$ 0.00
3 years ago

Wow

$ 0.00
3 years ago