☀️ ဩဂုတ်လထဲမှာတရုတ်လက်လီအရောင်းဒေတာများ သိသာစွာအတက်ရှိလာ ☀️

    ဩဂုတ်လထဲ၌ တရုတ်နိုင်ငံ၏  လက်လီရောင်းအား ဒေတာဟာ နှစ်စကထက် +0.5% ပြန်တက်လာခဲ့ကြောင်း ယနေ့မှာ တရုတ်အစိုးရ၏ ဗျူရိုစာရင်းအင်းဌာနက ဒေတာထုတ်ပြန်ထားပါသည်။ 

   ဆက်သွယ်ရေးသုံး ကိရိယာများထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍမှာတော့ နှစ်စကထက် +25.1% အထိ သိသာစွာ အတက်ရှိလာခဲ့ပြီး မော်တော်ကားထုတ်လုပ်သည့် စက်မှုလုပ်ငန်းကဏ္ဍပိုင်းက +11.8% အတက် ရှိလာခဲ့ပါသည်။ 

  COVID-19 ကြောင့် 2020 နှစ်စတုန်းက ကုန်ထုတ်လုပ်ငန်းများ ကျဆင်းမှု ရှိခဲ့ရာကနေ ဩဂုတ်လာမှာ အကောင်းဘက်ကို ပြန်နာလန်ထူလာခဲ့ပြီလည်းဖြစ်ပါသည်။ 2020 နှစ်အစောပိုင်း 8 လတာ ကာလအတွင်းမှာ လက်လီအရောင်းကဏ္ဍကျဆင်းမှု -8.6%  ရှိခဲ့သော်လည်း အွန်လိုင်းအရောင်းကဏ္ဍမှာတော့ +15.8% အတက် ရှိလာခဲ့ပါသည်။ 

 တရုတ်စီးပွားရေး ဒေတာများအတက်ရှိလာခဲ့ပြီးနောက် ယွမ်ငွေတန်ဖိုးဟာ 2019 မေလ 6 ရက်နေ့နောက်ပိုင်း အမြင့်ဆုံး အနေအထားသို့ရောက်ရှိလာခဲ့သည်။ 
8
$
User's avatar
@botint posted 3 years ago

Comments