Japan

4 18
Avatar for botint
Written by
3 years ago

ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe (ရှင်ဇိုအာဘေး)ရဲ့ ညာလက်ရုံးဖြစ်ခဲ့သူ Yoshihide Suga (ယိုရှိဟိဒဲ ဆုဂ) ကို ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ်တင်မြှောက်ခဲ့ပါတယ်။

ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးဟာ အရင်လကရာထူးကနေနုတ်ထွက်ကြောင်းကြေညာသွားခဲ့ပါတယ်။ ဒီလိုနုတ်ထွက်သွားခဲ့တဲ့ ရှင်ဇိုအာဘေးရဲ့နေရာကို ဆက်ခံဖို့အတွက် ဝန်ကြီးချုပ်သစ်အဖြစ် ယိုရှိဟိဒဲဆုဂကို ဂျပန်လွှတ်တော်က ရွေးချယ်လိုက်ပါတယ်။

Yoshihide Suga ဟာ ရှင်ဇိုအာဘေးအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ရှင်ဇိုအာဘေးနဲ့ နီးနီးကပ်ရှိခဲ့တဲ့အတွက် သူဟာဝန်ကြီးချုပ်ဟောင်းရဲ့ မူလပေါ်လစီဝါဒတွေကို လက်စွဲကျင့်သုံးသွားဖွယ်ရှိတယ်လို့ မှန်းဆကြပါတယ်။

#USDJPY

Yoshihide Suga တက်လာခဲ့တာဆိုရင် လက်ရှိ (JPY)ဂျပန်ယန်းဟာ အမေရိကန်ဒေါ်လာထက်စာရင် အတက်ဘက်ဦးတည်နေခဲ့တာဖြစ်ပါတယ်။ Dollar index အနေနဲ့မနေ့ညက တက်လာခဲ့ပေမယ့် JPY အားပျော့သွားခြင်းမရှိခဲ့ပါဘူး။ လက်ရှိ USDJPY ငွေကြေးအတွဲဟာ အကျအားဆက်ရှိနေသေးတာမို့ ဂျပန်ယန်းတန်ဖိုးတက်လာနေဆဲဖြစ်ပါတယ်။

မနေ့က USDJPY အရောင်းဘက်ထိုင်ဖို့ပြောထားပါတယ်။ ထိုက်သင့်တဲ့အမြတ်များရလို့ အကျိုးအမြတ်ကိုပိုင်းနိုင်ကြပါစေ~~~

16.9.2020

8
$ 0.00
Avatar for botint
Written by
3 years ago

Comments

Thank for your suggestion bro

$ 0.00
3 years ago

ဂျပန်ငွေကြေးသာမြှင့်တင်နေတာလား

$ 0.00
3 years ago

I'm looking forward to seeing good relation between Myanmar government and Japan new prime minister. This changes can lead Myanmar people who hold training visa and Japan-Myanmar economical projects and funds for building society.

$ 0.00
3 years ago

Thank for information.

$ 0.00
3 years ago