ဝူဟန်မြို့ကြီးပြန်စည်ကားနေချိန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ၁သန်းနီးပါးနဲ့

0 16
Avatar for botint
Written by
3 years ago

ကိုရိုနာဗိုင်းရပ်စ်စဖြစ်ခဲ့ရာ တရုတ်နိုင်ငံက ဝူဟန်မြို့ကြီးကတော့ အခုဆိုရင် အရင်ကလိုပဲ စည်စည်ကားကားနဲ့ ပြန်ဖြစ်နေပါပြီ။ ဝူဟန်မြို့ကြီးနာလန်ပြန်ထူလာတာ ဝမ်းသာရမှာဆိုပေမဲ့ ဒီကစခဲ့တဲ့ အကြောင်းတရားကြောင့် ခုတော့ ကမ္ဘာကြီးက နာဖျားနေကြရပါတယ်။

ကိုဗစ်ကြောင့်ကမ္ဘာတစ်ဝန်း သေဆုံးသူက ၁သန်းပြည့်တော့မှာပါ။ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြတဲ့ ဝူဟန်မြို့ကြီး ပြန်အသက်ဝင်လာချိန်မှာ ကမ္ဘာ့နိုင်ငံအတော်များများမှာတော့ အသွားအလာတွေကန့်သတ်၊ ညမထွက်ရအမိန့်တွေထုတ်၊ ဆိုင်တွေပိတ် လမ်းတွေပိတ်နဲ့ စားဝတ်နေရေးတွေလည်းထိခိုက် အလုပ်အကိုင်တွေလည်းထိခိုက် နောက်ဆုံး ကျန်းမာရေးတွေလည်း ထိခိုက်နေရပါပြီ။

အတိအကျပြောရရင်တော့ ကူးစက်မှုကနေ သေဆုံးသူပေါင်းက ၉၉၃၄၃၈ဖြစ်ပါတယ်။ ကူးစက်မှုပေါင်းက ၃၂.၈သန်းပါ။ အမေရိကန်မှာ သေဆုံးသူ ၂သိန်းကျော်၊ ဘရာဇီးမှာ တစ်သိန်းလေးသောင်းကျော်နဲ့ အိန္ဒိယမှာ ကိုးသောင်းသုံးထောင်ကျော် မက္ကဆီကိုမှာ ခုနှစ်သောင်းငါးထောင်ကျော်နဲ့ ဗြိတိန်မှာ လေးသောင်းတစ်ထောင်ကျော်ရှိနေပြီ ဖြစ်ပါတယ်။ သတိမထားရင် သေဆုံးသူက ၁သန်းကနေ ၂သန်းတောင် ဖြစ်လာနိုင်ကြောင်း WHOက သတိပေးထားပါတယ်။ ကိုဗစ်ကာကွယ်ဆေးရတဲ့အခါ ဘယ်သူရရဖြစ်နေတဲ့နိုင်ငံတွေကို ညီတူညီမျှ သက်သာသောစျေးဖြင့် ခွဲဝေပေးနိုင်ဖို့ ကမ္ဘာ့အဖွဲ့အစည်းကြီးတွေက ဦးဆောင်စေချင်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောကြားလိုက်ပါတယ်။

5
$ 0.01
$ 0.01 from @TheRandomRewarder
Avatar for botint
Written by
3 years ago

Comments