Shanghai Tourism Festival 2020

3 25
Avatar for botint
Written by
3 years ago

Shanghai Tourism Festival 2020 (သို့)

တရုတ်မှာကာကွယ်​ဆေးရှိ​နေပြီးသားလား

🇨🇳🇨🇳🇨🇳🇨🇳🇨🇳🇨🇳🇨🇳🇨🇳🇨🇳🇨🇳🇨🇳🇨🇳🇨🇳

တရုတ်ပြည်က အထင်ကရအကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့ဟာ သူ့ရဲ့ခရီးသွားကဏ္ဍကို ပြန်လည်ဖွင့်လှစ်ပြီး ပွဲ​တော်​တွေကျင်းပ​နေပါပြီ...

ကိုဗစ်မရှိ​တော့သည့်အလား ပျားပန်းခတ်ထူထပ်လှတဲ့လူအုပ်ကြီး​တွေ ​ရွေ့လျားသွားလာ​စျေးဝယ်ကာ ​ပျော်မြူး​နေကြတာကို တရုတ်မီဒီယာ​တွေမှာ ​ဝေ​​ဝေဆာဆာ ​ဖော်ပြ​နေတာကိုလည်း ​တွေ့ရပါတယ်. သွားလာ​နေကြတဲ့လူ​တွေရဲ့ ၉၀% ဟာ နှာ​ခေါင်းစည်းတပ်ဆင်ထားကြခြင်းမရှိကြပဲ အထူးသဖြင့် တရုတ်ရဲတပ်ဖွဲ့ဝင်‌တော်တော်များများဟာ နှာ​​ခေါင်းစည်း လုံးဝတပ်ဆင်မထားကြတာကို သတိပြုဖွယ်​တွေ့မြင်ရပါတယ်...

ရှန်ဟိုင်းမှာလက်ရှိ COVID-19 လူနာ (၄၁)ဦးရှိပြီး အားလုံးဟာ ပြင်ပမှကူးစက်လာသူများ (imported cases) သာဖြစ်ပြီး အများစုဟာ ဖိလစ်ပိုင်လူမျိုးများ ဖြစ်ကြပါတယ်. ပြည်တွင်းကူးစက်မှုလုံးဝမရှိ​တော့ပဲ လက်ရှိကူးစက်ခံ​နေတဲ့အထဲမှာလည်း တရုတ်နိုင်ငံသားများမပါဝင်ပါဘူး...

ပြည်မတစ်ခုလုံးမှာလည်း ကိုဗစ်လူနာသစ် ၈ ဦးသာ အသစ်ရှိပြီး အသစ်များအားလုံး ပြင်ပမှကူးစက်လာသူများသာဖြစ်ကြပါတယ်.

တရုတ်နိုင်ငံသားအားလုံးနီးပါးဟာ COVID-19 ကပ်​ရောဂါကို လုံးဝ​ကြောက်ရွံ့စရာမလို​တော့သည့်ပုံစံကို ​တွေ့မြင်​နေရပြီး, ဒါဟာ တရုတ်နိုင်ငံသားတိုင်းကို COVID-19 ကာကွယ်​ဆေးထိုးနှံပြီးသားဖြစ်နိုင်တယ်လို့ 90% ယုံကြည်ဖွယ်ရာရှိပါတယ်.

သို့ရာတွင် တရုတ်ပြည်အစိုးရကို ဆန့်ကျင်​နေတဲ့ ​ဟောင်​ကောင်ကျွန်းက​တော့ လက်ရှိအချိန်အထိ ပိုးတွေ့ရှိမှုရပ်တန့်သွားခြင်းမရှိပဲ တရုတ်နိုင်ငံမှာ COVID-19 case အများဆုံး​ဒေသတစ်ခုအဖြစ် ဆက်ရှိ​နေဆဲဖြစ်ပါတယ်. ဒါဟာ သူ့ကိုပုန်ကန်တဲ့​ဒေသမို့ ဒဏ်ခတ်ပြီး ဆန္ဒပြမှု​တွေ ငြိမ်သက်​နေ​အောင် ထိန်းချုပ်ထားခြင်းဖြစ်နိုင်ပြီး Bio weapon များကို New World's Order Weapon အ​နေနဲ့တကယ်ပဲ အသုံးချလာပြီးလားဆိုတာ စိုးရိမ်ဖွယ်ရာတစ်ခုအ​နေနဲ့ ​တွေး​ဆ​စရာ ဖြစ်လာ​နေပါပြီ...

ပြည်နယ် (၃၄)ခုရှိတဲ့ တရုတ်နိုင်ငံမှာ ပြည်နယ် (၁၉)ခုမှာ ​ရောဂါကူးစက်ခံရသူများရှိ​နေဆဲဖြစ်ပြီး ပြည်မမှာ​တော့ ပြင်ပကူးစက်မှုသာရှိပြီး ​​COVID-19 ရောဂါ​ကြောင့်သေဆုံးမှုမရှိတာ လ​ပေါင်းများစွာကြာနေပြီမို့ တရုတ်နိုင်ငံဟာ ကာကွယ်​ဆေးတင်မဟုတ်ပဲ ကုသ​ဆေးပါ ထုတ်လုပ်အသုံးပြုနိုင်​နေပြီလားလို့ ​တွေး​တောဖွယ်ရာလည်း ဖြစ်​နေပါတယ်....

#YMN

#Covid19 #CHINA

9
$ 0.00
Avatar for botint
Written by
3 years ago

Comments

Fake or not!

$ 0.00
3 years ago

informative

$ 0.00
3 years ago

ဆေးတွေ့ရင် ကုကြတော့လေကွာ

$ 0.00
3 years ago