ဆည်တွေလွှတ်တဲ့ မီသိန်းဓာတ်ငွေ့ဆိုတာ

0 20
Avatar for botint
Written by
3 years ago

ဆည်တွေလွှတ်တဲ့ မီသိန်းဓာတ်ငွေ့ဆိုတာ

=========================

သန်းထိုက်ဆိုသူရဲ့ ပို့စ်မှာ ထုထည်ကြီးမားတဲ့ ဆည်ကြီးတွေဟာ CO2 ထက် ၂၅ ဆပြင်းတဲ့ မီသိန်း (CH4) ထုတ်လွှတ် ပါတယ်တဲ့။ ဒါကြောင့် သန့်စင်တဲ့ စွမ်းအင် မဟုတ်ဘူးလို့ သူက ဆိုတယ်။

သူပြောတဲ့ စကား ဟုတ် မဟုတ် ကြည့်ရအောင်။

နံပါတ် (၂) ပုံကြည့်ပါ။ ကမ္ဘာကြီး အပူချိန် မြင့်တက်စေတဲ့ GHG ဓာတ်ငွေ့ CO2 က ရ၇% ရှိနေချိန်မှာ မီသိန်းက ၁၅% ပဲ ရှိနေပါတယ်။ ဒီ မီသိန်း ၁၅% ကလဲ ဘယ်နေရာကနေရလဲ။

မီသိန်းဘယ်က ထွက်လဲ ကြည့်ရအောင်။ အနီးဆုံးကြည့်ရင် လူ၊ တိရိစ္ဆာန်တွေ မစင်စွန့်တာ နဲ့ အမှိုက်တွေကနေ ထွက်ပါတယ်။ ပုံ (၃) အရတော့ ကမ္ဘာမှာ ရုပ်ကြွင်းလောင်စာတွေ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးတွေကနေ အများဆုံး ထွက်ပါတယ်။ ၃၃% ပါ။ ဒုတိယအများဆုံးက တိရိစ္ဆာန်မွေးမြူရေးတွေကနေပါ။ ၂၇% ရှိတယ်။ ၁၆ % ကတော့ အမှိုက်တွေ မြေမြုပ်စွန့်ပြစ်ရာကနေ ထွက်ရှိတယ်။ ၁၁% ကတော့ သန့်စင်လောင်စာလို့ အနောက်တိုင်းက ခေါ်နေကြတဲ့ Biomass burning ကနေ ထွက်ပါတယ်။ ၉% ကတော့ ဆန်စပါး စိုက်ပျိုးရေးကနေ ထွက်ပါတယ်။ ရေအား လျှပ်စစ်ကထွက်တာ မဆိုစလောက်မို့ စာရင်းထဲတောင် မပါရှိပါဘူး။

ပုံ (၄)ကတော့ US ကနေ မီသိန်း ဘယ်အရင်းအမြစ်တွေကနေထွက်လဲပြတာပါ။

၁။ ဓာတ်ငွေ့နဲ့ ဓာတ်ဆီ မျိုးစုံ ထုတ်လုပ်ရေး ၂၉%

၂။ တိရစ္ဆာန်မွေးမြူရေး ၂၅%

၃။ အမှိုက်မြေမြုပ်ရာက ၁၈%

၄။ ကျောက်မီးသွေး မိုင်းတွေက ၁၀%

၅။ မြေသြဇာ ထုတ်လုပ်ခြင်း တွေက ၉%

၆။ other sources က ၉%

ရေအားလျှပ်စစ်တွေက other sources ၉% က တချို့ တဝက်ပေါ့။

ဒီတော့ ရေအားလျှပ်စစ်ကို အပြစ်ပြောတာ မျှတ မလား။ တကယ် ၅၀ % ကျော်က ရုပ်ကြွင်းလောင်စာ ထုတ်လုပ်ရေးတွေနဲ့ စီးပွားဖြစ် မွေးမြူရေးတွေက၊ မွေးမြူရေးနွားကြီး ၂ ကောင်ကနေ ထွက်ရှိတဲ့ မီသိန်းဟာ ကားတစ်စီးက ထွက်တဲ့ CO2 ဒုက္ခပေးတာနဲ့ ညီမျှပါတယ်တဲ့။ ပုံ (၅)၊ ဒါဆို အမေရိကန်က မွေးမြူရေးခြံကြီးတွေ ပိတ်ဖို့ ပြောရင် US က B52 တွေနဲ့ ဗုံးလာ မကြဲ ရင်ကံကောင်း။

ဒီတော့ ကမ္ဘာကြီး မီသိန်းဓာတ်ငွေ့တွေ ထွက်ရှိနေတာ ဆည်တွေ ကို အပြစ်တင်မယ်ဆိုရင်တော့ living together girl က ရည်းစားရကာစ အပျိုမကို “ညဉ်း အပျိုမစစ်ဘူး အေ့” လို့ စွပ်စွဲ သလိုမျိုးဖြစ်နေပြီ။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ပဲရစ်တွင်ပြုလုပ်တဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲခြင်း ကန့်သတ်မှု အစည်းအဝေးတွင်United Nations Framework Convention on Climate Change (UNFCCC) မှာ ရေအားလျှပ်စစ်ကို သန့်စင်တဲ့ ရေအားလျှပ်စစ် ဖြစ်ကြောင်း တရားဝင်ပြောပြီးပြီ။ ကမ္ဘာ့နိုင်ငံတွေလဲ hydro တွေ ကို အကူအညီပေးဖို့ တိုက်တွန်းခဲ့တယ်။ hydro များများ ဆောက်နိုင်တဲ့သူတွေဟာ carbon credit ကာဗွန်ဆုကြေးတွေ ရကြမှာဖြစ်တယ်။ World Bank ကိုယ်တိုင် ဒေါ်လာ ဘီလီယံ ၈၀ ကုန်ကျမယ့် ကမ္ဘာ့အကြီးဆုံးဆည်ကြီး Grand Inaga ကို ကွန်ဂိုမှာတည်ဆောက်ပေးနေပြီ။ တရုတ်ရဲ့ Three George Dam ထက် ၂ ဆ ကြီးမှာဖြစ်တယ်။

မီသိန်း အထွက်များတဲ့ ဆည်ကြီးတွေကတော့ ကာဗွန်ဆုကြေးရမှာ မဟုတ်ပါဘူး။ ဒီလို ဆည်မျိုးလည်း ရှားမှရှားပါ။ သစ်ပင်တွေ ရေအောက်ရောက်ပြီး မီသိန်းထွက်တာဟာ အလွန်းနှေးတဲ့ ဖြစ်စဉ်ပါ။ သစ်ပင်တွေ အပြောင်ရှင်းခုတ်ထားနိုင်ပါတယ်။ နောက် ဘရာဇီးပညာရှင်တွေက မီသိန်းအထွက်များခဲ့ရင်လဲ မီသိန်းကို စုဆောင်းပြီး စွမ်းအင်ထုတ်တဲ့ နည်းပညာ တီထွင်ပြသခဲ့ပါတယ်။ ပုံ (၆)

ကမ္ဘာ့ ပညာရှင်အားလုံးလက်ခံထားတာကို ပြောင်းပြန် ယုန်ထင်ကြောင်ထင်ဖြစ်အောင် ဆည်ကြီးတွေဟာ သန့်စင်တဲ့ စွမ်းအင်မဟုတ်ဘူးလို့ ပြောတဲ့သူက ရှိသေးတယ်။ ပြီးတော့ မန့်လဲ မဖွင့်ထား၊ တတ်သိနားလည်မယ့်သူတွေ လာငြင်းကြမှာလည်း ကြောက်သေးတယ်ဆိုတော့ ကိုယ့်ပို့စ်ကို ယုံလွယ်သူတွေအတွက်ပဲ ရည်ရွယ်ထားဟန်တူပါတယ်။

Credit>> Moe Hein

9
$ 0.01
$ 0.01 from @TheRandomRewarder
Avatar for botint
Written by
3 years ago

Comments