ယူဂိုဆလားဗီးယားဆိုတဲ့ နိုင်ငံ ဟာ ဥရောပမြေပုံပေါ်မှာရှိခဲ့ဖူးပြီး ယခု ဘော်လ်ကန်ကျွန်းဆွယ်ဒေသပိုင်းနေရာအများစုဟာယူဂိုဆလားဗီးယားရဲ့နယ်မြေတွေဖြစ်ခဲ့ဖူးပါတယ်။ တည်ထောင်အုပ်စိုးခဲ့သူတွေကတော့ (၇)ရာစုကာလကတည်းက ယခုပိုလန်နိုင်ငံတည်နေရာက Slavs မျိုးနွယ်စုတွေကဆင်းသက်လာတဲ့တောင်ပိုင်း Slavs မျိုးနွယ်တွေဖြစ်ကြပါ တယ်။ယူဂိုဆလားဗီးယားဟာဆိုရင် (၁၉၁၈) ကနေ (၂၀၀၆)ခုနှစ်အထိ ပြည်ထောင်(၃) စုအဖြစ်နဲ့ဂုဏ်သတင်းထင်ရှားခဲ့ဖူးပါတယ်။
(၁၉၁၈)ခုနှစ်ကနေ (၁၉၂၈)ခုနှစ်ကာလအထိမှာတော့ ယူဂိုဆလားဗီးယားကို Kingdom of Serbs , Croats နဲ့ Slovenes အဖြစ်လူသိများထင်ရှားပြီး (၁၉၂၈)ကနေ ဒုတိယကမ္ဘာစစ်ကာလမတိုင်ခင်အထိကိုတော့ Kingdom of Yugoslavia လို့ခေါ်ဆိုခဲ့ ကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာတော့ Socialist Federal Republic of Yugoslavia ဆိုတဲ့အမည်နဲ့ ဘော့စနီးယားဟာဇီဂိုးဗီးနား၊ခရိုအေးရှား၊မြောက်မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ဆားဘီးယား၊ ဆလိုဗေးနီးယားဆိုတဲ့နိုင်ငံတွေကို စုပေါင်းပြီးယူဂိုဆလားဗီးယားပြည်ထောင်စုအဖြစ်တည်ထောင်ခဲ့ပါတယ်။
(၁၉၉၁)ခုနှစ်ရောက်ချိန်မှာတော့ ဆလိုဗေးနီးယား နဲ့ ခရိုအေးရှား တို့ဟာ ယူဂိုဆလားဗီးယားပြည်ထောင်စုနယ်မြေအတွင်းကနေ ခွဲထွက်ာ သီးသန့်နိုင်ငံထူထောင်ခဲ့ကြပြီး (၁၉၉၂)ခုနှစ်ရောက်ချိန် မှာလည်း မြောက်မက်ဆီဒိုးနီးယား၊ဘော့စနီးယားဟာဇီဂိုးဗီးနားတို့ဟာလည်းသီးခြား အချုပ်အခြာပိုင်နယ်မြေတွေအဖြစ် ပြည်ထောင်စုနယ်မြေအဖြစ်ကနေခွဲထွက်သွားကြ ပြန်ပါတယ်။ ဒါကြောင့်ဆားဘီးယားနဲ့မွန်တီနီဂရိုးတို့သာယူဂိုဆလားဗီးယားပြည်ထောင် စု(FRY)အဖြစ်ဆက်လက်ကျန်ရှိနေခဲ့ပြီး (၂၀၀၆)ခုနှစ်ရောက်ချိန်မှာတော့ ပြန်လည်ခွဲထွက်ကာ သီးခြားနိုင်ငံတွေအဖြစ်ရပ်တည်ကာ ယူဂိုဆလားဗီးယားပြည်ထောင်စုကြီးရဲ့ ခေတ်ကာလ(၃)ခုစလုံးပြိုပျက်ကာ ကမ္ဘာမြေပုံထဲနေပျောက်ကွယ်သွားရပါတော့တယ်။
Kingdom of Yugoslavia (၁၉၁၈-၁၉၄၅)
(၁၉၀၃)ခုနှစ်ရောက်ချိန်မှာတော့ဆားဘီးယားဘုရင်ဟာ လုပ်ကြံခြင်းခံခဲ့ရပြီး သူ့နေရာကို ပီတာ(၁)အမည်ရတဲ့မင်းသားနဲ့ အစားထိုးခဲ့တဲ့နောက်ဆားဘီးယားတွေဟာ မျိုးချစ်စိတ်ပြင်းထန်လာကြပါတယ်။ ဒေသတွင်းက သြစတြီးယား-ဟန်ဂေရီအင်ပါယာရဲ့ ပုန်ကန်တိုက်ခိုက်မှုတွေမြင့်တက်လာတာကိုအခွင့်ကောင်းယူပြီး (၁၉၀၈)ခုနှစ်မှာဆားဘီးယားစစ်တပ်ဟာ ဘော့စနီးယားနိုင်ငံကိုသိမ်းပိုက်ခဲ့ပါတယ်။ ယင်းနောက်မှာလည်း ဆားဘီးယားတွေရဲ့နယ်မြေချဲ့ထွင်ရေးစစ်ပွဲတွေဟာ မရပ်နားပဲ ကိုဆိုဗိုနဲ့ မြောက်မက်ဆီဒိုးနီးယားဒေသတွေကို အော်တိုမန်အင်ပါယာလက်ထဲကနေသိမ်းယူခဲ့ပြန်ပါတယ်။
ဆားဘီးယားမျိုးချစ်တွေရဲ့ရည်ရွယ်ချက်ကတော့ ဘောလ်ကန်ဒေသကိုအခြေပြုတဲ့ အင်အားကြီးနိုင်ငံတခုတည်ထောင်လိုတာပဲဖြစ်ပါတယ်။ ဒေသတွင်းအင်အားကြီးမားတဲ့ သြစတို ဟန်ဂေရီရန်တွေကိုတော့ ဘော့စနီးယားနိုင်ငံလို ဒေသတွင်း ရာဇဝတ်ဂိုဏ်းများစွာက ကူ ညီမှုတွေပြုလုပ်လာကြပါတယ်။ (၁၉၁၄)ခုနှစ်ဇွန်လမှာတော့ ဘော့စနီးယားဆာ့တဦး ဖြစ်တဲ့ Gavrilo Princip က ဆာရာယေဗိုမြို့ကိုရောက်ရှိနေတဲ့ သြစတြီးယား အိမ်ရှေမင်းသားဖာဒီနန်နဲ့ သူ့ကြင်ယာတော်တို့ကို လုပ်ကြံခဲ့ပါတယ်။ ယင်းဖြစ်ရပ်ဟာ ပထမကမ္ဘာစစ်ဖြစ်ပွား စေခဲ့တဲ့ အဓိကအကြောင်းအရင်းဖြစ်ခဲ့ပါတယ်။
စစ်ကြီးပြီးဆုံးချိန်(၁၉၁၈)မှာတော့ ဆားဘီးယားကို အခြေပြုတဲ့ ယူဂိုဆလားဗီးယားနိုင်ငံအဖြစ် စတင်ဖြစ်ထွန်းလာပါတယ်။ အကြောင်းကတော့စစ်ရှုံးတဲ့ သြစတြီးယား-ဟန်ဂေရီ အင်ပါယာနယ်မြေတွေဖြစ်တဲ့ ဥရောပမြောက်ဘက်စွန်းဒေသတွေဟာဆားဘီးယားထံ ဝင်ရောက်လာခဲ့သလို (၁၉၁၂-၁၉၁၃)ခုနှစ်ကာလတွေမှာ ဘော်လ်ကန်စစ်ပွဲမှာ အော်တိုမန်တူရကီကိုအောင်နိုင်ခြင်းနဲ့အတူ တောင်ဘက်စွန်းနယ်မြေများစွာဟာလည်း ဆားဘီးယားနိုင်ငံနဲ့ လာရောက်ပူးပေါင်းခဲ့ကြလို့ဖြစ်ပါတယ်။ ယင်းနယ်မြေအားလုံးကိုတော့ ဆားဘီးယားဘုရင်ကနေ နန်းတက်အုပ်ချုပ်ခဲ့ပါတယ်။
ဆယ်နှစ်ကြာကာလလောက် လွန်မြောက်ချိန်မှာတော့ ယင်းနယ်မြေဟာ ဆာ့ဘုရင်နိုင်ငံတော်( Kingdom of Serbs) ခရိုနဲ့ဆလိုဗေးနီးယန်းတွေရဲ့ဘုရင့်နိုင်ငံတော် (Kingdom of Crots and Slovenes နယ်မြေအဖြစ်ထင်ရှားခဲ့ရာကနေ (၁၉၂၉)ခုနှစ်မှာတော့ ယူဂိုဆလားဗီးယားဆိုတဲ့ အမည်ကိုပြောင်းလဲသွားခဲ့ပါတယ်။ ယူဂိုဆလားဗီးယားဆိုတာကတော့ Serbo-Croatian ကနေလာပြီးတောင်ပိုင်း ဆလပ်လူမျိုးတွေရဲ့နယ်မြေလို့အဓိပ္ပါယ်ရပါတယ်။ (၁၉၄၁) ခုနှစ်ရောက်ချိန်မှာတော့ ယင်းနယ်မြေဟာမဟာမိတ်တပ်တွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရ ပြီး အလျှင်အမြန် ပြိုကွဲသွားခဲ့ပါတယ်။ မဟာမိတ်တပ်တွေရဲ့ထိန်းချုပ်မှုနဲ့ပဲ (၁၉၄၃)ခုနှစ် ရောက်ချိန်မှာ ဖက်ဒရစ်ဒီမိုကရတ်တစ်သမ္မတနိုင်ငံအဖြစ် ဆားဘီးယားဘုရင်ရဲ့ထောက်ခံမှုနဲ့ကြေငြာခဲ့ပြီးနောက် ယင်းဘုရင်မင်းဆက်ဟာလည်း ပျက်သုဉ်းသွားခဲ့ပါတယ်။
ယူဂိုဆလားဗီးယားပြည်ထောင်စုသမ္မတနိုင်ငံ
ယူဂိုဆလားဗီးယားမှာအာဏာရရှိလာတဲ့ကွန်မြူနစ်အစိုးရကနေ (၁၉၄၅)ခုနှစ်မှာ ယူဂိုဆလားဗီးယားနိုင်ငံအဖြစ် စတင်ကြေငြာပါတယ်။အုပ်ချုပ်သူကတော့ Josip Tito ဆိုသူဖြစ်ပြီးသူဟာ ယူဂိုဆလားဗီးယားကို (၁၉၈၀)လောက်အထိအုပ်ချုပ်သွားခဲ့ပါတယ်။ (၁၉၆၃)ခုနှစ်မှာတော့ ဆိုရှယ်လစ်သမ္မတနိုင်ငံတွေဖြစ်တဲ့ SR Croatia ၊ SR Bosinia ၊ SR Macedonia ၊ SR Serbia နဲ့ SR Slovenia (၆)နိုင်ငံစုပေါင်းထားတဲ့ SFR Yugoslavia ဆိုပြီးဖြစ်လာပြန်ပါတယ်။ SFR Yugoslavia ဟာဆိုရင် စစ်အေးတိုက်ပွဲ ကာလအတွင်းမှာတော့ အခြားသောဆိုရှယ်လစ်နိုင်ငံတွေနဲ့ အတော်ကိုခြားနားပြီး နိုင်ငံတွင်း လွတ်လပ်စွာသွားလာခွင့်၊ အခြေချနေထိုင်ခွင့်တွေကို ခွင့်ပြုခဲ့ပါတယ်။
SFR Yugoslavia ဟာဆိုရင် ဒီမိုကရေစီလိုလားတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ နွေးထွေးတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ ယင်းအခြေအနေကပဲ ဆိုဗီယက်ပြည်ထောင်စုနဲ့ ရန်သူတွေပမာဖြစ်သွားခဲ့ပြီး ဆိုဗီယက်ခေါင်းဆောင်စတာလင် ကိုယ်တိုင် SFR Yugoslaviaရဲ့ခေါင်းဆောင် Josip Tito ကိုသစ္စာဖောက် အဖြစ်ရှုမြင်ခဲ့ပါတယ်။ (၁၉၆၈)ခုနှစ်မှာတော့ ဆိုဗီယက်တွေဟာ ချက်ကိုစလိုဗက်ကီယားကိုကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။ SFR Yugoslavia ခေါင်းဆောင် Tito က ချက်ကိုစလိုဗက်ကီးယား ကနေတောင်းဆိုလာခဲ့ရင် ဆိုဗီယက်တပ်တွေကိုကူတိုက်ပေးဖို့ ပရက်ဂ်မြို့အထိစစ်ချီလာမယ်လို့ကမ်းလှမ်းတဲ့အထိ ကွန်မြူနစ်နိုင်ငံ(၂)ခုကြားအချင်းများခဲ့တာပါ။
(၁၉၇၀) ကနေ (၁၉၈၀)ကြားမှာတော့ ယူဂိုဆလားဗီးယားသမ္မတနိုင်ငံရဲ့နိုင်ငံရေးရှုထောင့်က ပုံစံတမျိုးဖြစ်သွားခဲ့ပြန်ပါတယ်။ ခေါင်းဆောင်ကြီး Josip Tito ကိုယ်တိုင် အာဏာရှင်ဆန်သွားခဲ့ကာ နိုင်ငံကိုသံမဏိ စည်းမျဉ်းတွေနဲ့ အုပ်ချုပ်ပြီး အတိုက်အခံနိုင်ငံ ရေးသမားတိုင်းကိုနှိပ်ကွပ်ခဲ့ပါတယ်။ ဒါအပြင် နိုင်ငံတော်အတွင်းပါဝင်နေတဲ့ပြည်ထောင် (၆)ခုလောက်ကိုလည်းယူဂိုဆလားဗီးယားကနေ ခွဲမထွက်ဖို့ပြင်းပြင်းထန်ထန် ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။ သူရဲ့ယင်းလုပ်ရပ်ဟာပြည်ထောင်စုနယ်မြေတွေအကြားအကြီး အကျယ်သွေးကွဲမှုကိုဖြစ်စေခဲ့ပြီး သူကွယ်လွန်တဲ့ (၁၉၈၀)နောက်ပိုင်းရောက်ချိန်မှာ တော့ လက်အောက်ခံနိုင်ငံတွေဟာ အနောက်အုပ်စု ကျောထောက်နောက်ခံပြုပြီး ယူဂိုဆလားဗီးယားကနေ ခွဲထွက်ဖို့ကြိုးပမ်းလာပါတော့တယ်။
တဖက်မှာလည်း Josip Tito နောက်ဆက်ခံတဲ့ ခေါင်းဆောင်းပိုင်းဟာဆိုရင် အရည်အချင်း လိုအပ်မှုများစွာရှိနေတာမို့ ပြည်ထောင်စုအတွင်း စီးပွားရေး၊လူမှုရေးဆိုင်ရာအခက်အခဲများစွာဖြစ်ပေါ်လာရာ ကနေ (၁၉၉၂)ခုနှစ်မှာတော့ ယူဂိုဆလားဗီးယားပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့ကာ ခရိုအေး ရှား၊ဘော့စနီးယား၊မြောက်မက်ဆီဒိုးနီးယား၊ဆလိုဗေးနီးယားတို့ဟာ သီးသန့်နိုင်ငံတွေအဖြစ် ယူဂိုဆလားဗီးယား ကနေခွဲထွက်သွားပါတော့တယ်။
ဒါကြောင့် FR Yugoslavia ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆားဘီးယားနဲ့မွန်တီနီဂရိုးနိုင်ငံတွေသာကျန်ရှိပါတော့တယ်။ ယင်းနှစ်ထဲမှာဆားဘီးယားနဲ့မွန်တီနီဂရိုး(၂)နိုင်ငံစုပေါင်းပြီး ယူဂိုဆလားဗီးယားဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံ အဖြစ်ရောက်ရှိသွားပါတယ်။ ယင်းနိုင်ငံကိုတော့ Slobodan Milosevic ကနေ ၁၉၉၆ ကနေ ၂၀၀၀ပြည့်နှစ်ကာလအတွင်းအုပ်ချုပ်သွား ခဲ့ပါတယ်။(၂၀၀၀)ပြည့်နှစ်အောက်တိုဘာလမှာတော့ ယူဂိုဆလားဗီးယားဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ်ကြိုးပမ်းခဲ့ပြီးလအနည်းငယ်အကြာမှာပဲ အဖွဲ့ဝင်နိုင်ငံဖြစ် လာခဲ့ပါတယ်။
ယူဂိုဆလားဗီးယားပြည်ထောင်စုဟာ တည်ရှိနေတဲ့ကာလတွေအတွင်းအကျပ်တည်းဆုံး ဖြစ်စေခဲ့တဲ့အကြောင်းအရာကတော့ Yugoslav စစ်ပွဲတွေကြောင့်ဖြစ်ပါတယ်။ အထူး သဖြင့် (၁၉၉၅)က ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားမှာဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်ပွဲ တွေ၊(၁၉၉၈)က ကိုဆိုဗိုဒေသမှာဖြစ်ပွားခဲ့တဲ့ဘာသာရေးလူမျိုးရေးကို အကြောင်း ပြုပြီး ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်ပွဲတွေဟာဆိုရင် ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ဥရောပမှာအဆိုးရွားဆုံး သေကြေထိခိုက်မှု အများဆုံးဖြစ်ရပ်တွေဖြစ်ခဲ့ပါတယ်။
ကိုဆိုဗို စစ်ပွဲကာလအတွင်း (၁၉၉၉)ခုနှစ်မှာဆိုရင် အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်တွေ ဟာ ယူဂိုဆလားဗီးယားနိုင်ငံတွင်းကိုဗုံးကြဲတိုက်ခိုက်ခဲ့ကြတဲ့အထိ နိုင်ငံရေးပိုင်းရှုပ်ထွေး ခဲ့ကြတာကိုလည်းတွေ့မြင်ရပါတယ်။ ယင်းဖြစ်ရပ်တွေဟာ (၁၉၉၀)နောက်ပိုင်း၊စစ်အေး တိုက်ပွဲကာလနောက်ပိုင်း အမေရိကန်နဲ့အနောက်အုပ်စုရဲ့ဖိအားပေးမှုတွေကနေ ယူဂိုဆလားဗီးယားပြည်ထောင်စုနယ်မြေတွေအကြား သွေးကွဲမှုတွေဖြစ်လာစေခဲ့ပြီး ပြည်တွင်းအုံကြွမှုတွေကနေ စစ်ပွဲတွေအဖြစ်ပြောင်းလဲသွားတဲ့ အကျိုးတွေဆိုလည်းမမှားပါဘူး။
(၂၀၀၃)ခုနှစ်ကနေပြီး ယူဂိုဆလားဗီးယားကနေ ခွဲထွက်သွားတဲ့နိုင်ငံတွေဟာ ကဏ္ဍပေါင်းစုံကနေ ဆက်လက်ရှေသွားမဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေအဖြစ်ပီပီ ပြင်ပြင်ရပ်တည်နိုင်ခဲ့ပြီးယူဂိုဆလားဗီးယားအမည်ကနေဆားဘီးယားနဲ့ မွန်တီနီဂရိုး လို့အမည်ပြောင်းထားတဲ့နိုင်ငံကလည်း (၂၀၀၆)ခုနှစ်မှာတော့ သီးခြားနိုင်ငံတွေအဖြစ် အသီးသီးရပ်တည်ခဲ့ကြပါတယ်။ တနည်းပြောရရင်တော့ ယူဂိုဆလားဗီးယားပြည်ထောင်စုကနေ ဆလိုဗေးနီးယား၊ခရိုအေးရှား၊ဘော့စနီးယား၊မွန်တီနီဂရိုး၊ဆားဘီးယား၊ မြောက်မက်ဆီဒိုးနီးယား၊ကိုဆိုဗိုဆိုပြီး လက်ရှိရပ်တည်နေတဲ့နိုင်ငံ(၇)နိုင်ငံအထိ ခွဲထွက် သွားခဲ့တာဖြစ်ပါတယ်။
အေး