သဘာဝတရားရဲ့ အံသြဖွယ်ဓာတ်ပုံ ၁၄ ပုံ

0 11
Avatar for Mgthuta1
3 years ago

၁။ ဒါကတော့ ပီရူးနိုင်ငံမှာရှိတဲ့ Vinicunca ဗီနီကူန်ကာတောင် ဖြစ်ပါတယ်။ အင်ဒီးစ်တောင်တန်းစုထဲက တောင်တခုဖြစ်ပြီး Cusco နယ်မြေထဲမှာ တည်ရှိပါတယ်။ အမြင့်ပေ ၁၇၁၀၀ ရှိတဲ့ ဒီတောင်ဟာ သက်တန့်ကဲ့သို့ အရောင်အမျိုးမျိုးဖြစ်ပေါ်နေတဲ့အတွက် ဒီတောင်ကို သက်တန့်တောင်လို့လည်းခေါ်ကြပါတယ်။

၂။ အပေါ်ကပုံကိုကြည့်ပြီး သစ်သီးတလုံး ဒါမှမဟုတ် သစ်ပင်ကထွက်တဲ့ သစ်စေးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တမ်းတော့ ဒါဟာ ရေနေသက်ရှိသတ္တဝါတမျိုးဖြစ်တဲ့ sea anemone ဖြစ်ပါတယ်။ sea anemone မျိုးစိတ်တွေအများကြီးရှိတဲ့အနက် အခုမြင်ရတာကတော့ သိပ္ပံအမည် Actinia mediterranea လို့ခေါ်တဲ့ sea anemone ဖြစ်ပါတယ်။ ဒီအကောင်လေးတွေကို မြေထဲပင်လယ်ရဲ့ ကမ်းစပ်တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

၃။ အပေါ်က ပုံကိုကြည့်ပြီးရင် သစ်ကိုင်းခြောက်လို့ ထင်မိမှာပါပဲ။ ဒါပေမယ့် တကယ်တော့ ဒါကို Fulgurite လို့ခေါ်ပြီး သဘာဝအတိုင်းဖြစ်ပေါ်တတ်တဲ့ မြေအစိုင်အခဲတခုဖြစ်ပါတယ်။ ဘယ်လိုအခါမျိုးမှာ Fulgurite တွေ ဖြစ်ပေါ်သလဲဆိုတော့ ပြင်းထန်တဲ့မိုးကြိုးဟာ ကျောက်ဆောင် သို့ သဲပြင်ကို ပစ်ခတ်လိုက်တဲ့အခါမျိုးမှာ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ပျက်စီးလွယ်ပြီး တွေ့မြင်ရဖို့ အလွန်ခက်ပါတယ်။

၄။ ပါရှန်းပင်လယ်ကွေ့မှာရှိပြီး အီရန်ပိုင်ဆိုင်တဲ့ကျွန်းတကျွန်းဖြစ်သော Hormuz ကျွန်းကို ကမ္ဘာမြေက မားစ်ဂြိုဟ်လို့ ခေါ်ကြလေ့ရှိပါတယ်။ အကြောင်းကတော့ နီရဲနေတဲ့ သူ့ရဲ့သဲမြေတွေဟာ ပင်လယ်ကမ်းစပ်ကရေတွေကိုပါ အနီရောင်လို့ ထင်သွားစေလို့ဖြစ်ပါတယ်။ ဒီလိုနီရခြင်းအကြောင်းကတော့ သူ့ရဲ့သဲမြေတွေထဲမှာ မြေစေးဝါအမြောက်အများ နဲ့ သဘာဝရောင်ခြယ်ပစ္စည်းတခုဖြစ်တဲ့ ferric oxide တွေပါဝင်နေလို့ဖြစ်ပါတယ်။

၅။ ပင်လယ်ဖွတ်မျိုးစိတ်တမျိုးဖြစ်တဲ့ Marine iguanas တွေကိုတော့ အီကွေဒေါက ဂလာပါဂိုစ့်ကျွန်းမှာပဲ တွေ့ရတတ်ပါတယ်။ ဒီဖွတ်တွေဟာ Lava lizard တွေကို သူတို့ရဲ့ခေါင်းထိပ်ကို တက်ခွင့်ပြုထားပါတယ်။ Lava lizard တွေဟာ ဖွတ်အကောင်ငယ်လေးတွေနဲ့ အလွန်ဆင်တူတာကြောင့် ဖြစ်ပါတယ်။

၆။ အနီရဲရဲ နဲ့ အနက်ရောင်စပ်ထားတဲ့ ဒီပိုးဖလံမျိုးကို မြင်ဖူးကြမလားတော့ မသိဘူး။ Cinnabar moth လို့ခေါ်ပါတယ်။ ဥရောပ ၊ အာရှအလယ်ပိုင်း နဲ့ အနောက်ပိုင်းဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။ ခန္ဓာကိုယ်အလျား ၁လက်မ ဝန်းကျင်ခန့်ရှိပြီး တောင်ပံအကျယ်ကတော့ ၂လက်မ နီးပါး ရှိပါတယ်။

၇။ ငါးဆိုတာရေထဲမှာပဲနေနိုင်တယ် လို့ပြောလာတဲ့သူကို Anabas ငါးအကြောင်းပြောပြလိုက်ပါ။ ဒီငါးတွေဟာ ကုန်းပေါ်မှာ ခုန်ဆွခုန်ဆွ နဲ့တွားသွားနိုင်ပါတယ်။ ဒါကြောင့်လည်း သူတို့ကို climbing perch လို့လည်းခေါ်ကြတာဖြစ်ပါတယ်။ တချို့ကတော့ ဒီငါးတွေဟာ သူ့ရဲ့ဆူးတောင်အကူအညီနဲ့ သစ်ပင်ပါတက်နိုင်တယ်လို့ ဆိုကြပါတယ်။ သေချာတာကတော့ ဒီငါးတွေဟာ ကုန်းပေါ်မှာသွားလာနိုင်ပြီး ရေမရှိပဲ ၆ နာရီကနေ ၈နာရီအထိ နေနိုင်တယ် ဆိုတာပါ။

၈။ Green heron ငှက်တွေကို အလယ်အမေရိက နဲ့ မြောက်အမေရိကတို့မှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဒီငှက်မှာ ထူးခြားတဲ့အစွမ်းတခုရှိပါတယ်။ အဲဒါကတော့ သူတို့ရဲ့လည်ပင်းကို အဝေးကြည့်မှန်ပြောင်းသဖွယ် ဆန့်ထုတ်နိုင်တာပါ။

၉။ ဒါကတော့ baobab သစ်ပင်ဖြစ်ပါတယ်။ ဒီအပင်တွေဟာ အလွန်ကြီးမားပြီး မတူခြားနားတဲ့ ပုံသဏ္ဍာန်အမျိုးမျိုး နဲ့ ပေါက်တတ်လေ့ရှိပါတယ်။ ဒီအပင်တွေကို မန်ဒတ်စကာကျွန်းမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

၁၀။ အမှတ်တမဲ့ကြည့်လိုက်ရင် ငှက်ပိတုန်း နဲ့ ပုံစံတူတဲ့ ဒီအရာတွေကတော့ ပန်းပွင့်တွေသာ ဖြစ်ပါတယ်။ ငှက်နဲ့တူလို့ ငှက်ပန်းပွင့် green birdflower ၊ regal birdflower လို့ခေါ်ကြတဲ့ သူ့ရဲ့နာမည်အမှန်က Crotalaria cunninghamii ဖြစ်ပါတယ်။ ဒီပန်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၉ရာစု အင်္ဂလိပ် ရုက္ခဗေဒပညာရှင် Allan Cunningham ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ကိုပေးထားခြင်းဖြစ်ပါတယ်။

၁၁။ ဒီပုတ်သင်ညိုကိုတော့ ထိပ်မှာ ဦးချိုတချောင်းရှိနေတဲ့အတွက် Unicorn lizard လို့ခေါ်ကြပါတယ်။ ဒါအပြင် Rhino-horned lizard လို့လည်းခေါ်ကြပါသေးတယ်။ သူတို့ကိုတော့ သီရိလင်္ကာနိုင်ငံမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

၁၂။ တီကောင်တွေထဲမှာတော့ ဒီတီကောင်ရဲ့ပုံသဏ္ဍာန်ဟာ ပုံမှာမြင်ရတဲ့အတိုင်း ကွဲပြားပါတယ်။ planarianworm လို့ခေါ်ပြီး ဘော်နီယိုကျွန်းမှာ တွေ့ရလေ့ရှိပါတယ်။

၁၃။ ဒီဖားတွေကိုတော့ mossy frog လို့ခေါ်ပြီး သူ့ရဲ့ သိပ္ပံအမည်က Theloderma corticale ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း နဲ့ တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။ ရေညှိရောင်ကဲ့သို့ဖြစ်နေတဲ့ သူ့ရဲ့ခန္ဓာကိုယ်ဟာ နေထိုင်ရာပတ်ဝန်းကျင်မှာ ကိုယ်ရောင်ဖျောက်နိုင် (သို့) ပုန်းကွယ်နိုင်စွမ်းရှိပါတယ်။ အကောင်အရွယ်အစားကတော့ ၃လက်မခွဲခန့်အထိ ရှိတတ်ပါတယ်။

၁၄။ ဒါကလည်း မန်ဒတ်စကာကျွန်းမှာတွေ့ရတတ်တဲ့ ထူးခြားပိုးကောင်တမျိုးပါ။ သူ့ကိုတော့ သစ်ကုလားအုတ်ပိုးကောင်လို့ ခေါ်ကြပါတယ်။ နာမည်အတိုင်းပဲ အလွန်တရာ ရှည်လျားတဲ့ လည်ပင်းကို ပိုင်ဆိုင်ထားပါတယ်။ သိပ္ပံအမည်ကတော့ Trachelophorus giraffa ဖြစ်ပါတ

5
$ 0.10
$ 0.10 from @TheRandomRewarder
Avatar for Mgthuta1
3 years ago

Comments