စင်ကာပူ ဒေါ်လာ ငွေစက္ကူတွေပေါ်က မျက်နှာပိုင်ရှင်အကြောင်း

1 16
Avatar for Mgthuta1
3 years ago

စင်ကာပူ ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ အထူးရင်းနှီးပြီးသား နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှရဲ့အဖွံ့ဖြိုးဆုံး ကမ္ဘာ့အဆင့်နိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပါတယ်။ စင်ကာပူဟာ ငွေကြေးစနစ်အနေနဲ့ စင်ကာပူဒေါ်လာကို သုံးစွဲပြီး ၁ဒေါ်လာကနေ ၁သောင်းတန်အထိ ငွေစက္ကူတွေကို ထုတ်လုပ်သုံးစွဲခဲ့ပါတယ်။ ဒီငွေစက္ကူတွေအားလုံးပေါ်မှာ ရိုက်နှိပ်ထားတာကတော့ ကျွန်တော်တို့အများစု သိထားကြတဲ့ စင်ကာပူတည်ထောင်သူ ခေါင်းဆောင်ကြီး လီကွမ်ယူမဟုတ်ပါဘူး။ အခု အဲဒီ စင်ကာပူ ငွေစက္ကူတွေပေါ်က ပုဂ္ဂိုလ်ကြီးရဲ့အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့မျှဝေသွားပါမယ်။

သူ့နာမည်ကတော့ ယူစွပ် ဘင်အစ္စဟက် (Yusof bin Ishak) ဖြစ်ပြီး Yusof Ishak လို့ပဲခေါ်ကြလေ့ရှိပါတယ်။ သူ့ကို (၁၉၁၀) ခုနှစ် ၊သြဂုတ်လ(၁၂)ရက်နေ့က ယခုမလေးရှားနိုင်ငံအတွင်းက Perak ပြည်နယ်၊ Taiping မြို့က Terong ကျေးရွာမှာမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ မလေးရှားနိုင်ငံသား Encik Ishak Bin Ahmad ကတော့အစိုးရဝန်ထမ်းဖြစ်ပြီး ငါးမွေးမြူရေးလုပ်ငန်းအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မိခင်ကတော့ သာမန်အမျိုးသမီး တစ်ဦးဖြစ်ပြီး Yusof Ishak ဟာမွေးချင်း(၉)ယောက်အနက်အကြီးဆုံးသားဖြစ်ပါတယ်။

Yusof Isha kဟာငယ်စဉ်တည်းက စာဖတ်ဝါသနာထုံလွန်းသူဖြစ်ပြီး အတန်းတိုင်းကို ဆုတံဆိပ်တွေနဲ့ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ငယ်စဉ်က Kuala Kurau မှာရှိတဲ့ Malay ကျောင်းမှာပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်စာကိုတော့ သူအသက်(၁၁)နှစ်အရွယ်ရောက်ချိန်မှ Taipaing မှာရှိတဲ့ King Edward VII School မှာတက်ရောက်သင်ကြားခဲ့ပါတယ်။ (၁၉၂၃)ခုနှစ်မှာတော့ သူဖခင်ပြောင်းရွေ့တာဝန်ကျရာ စင်ကာပူနယ်မြေက Victoria Bridge School မှာပြောင်းရွှေ့သင်ယူခဲ့ရပါပြီး (၁၉၂၄) ခုနှစ်မှာတော့ Raffles Institution ကိုဝင်ခွင့်ရပါတယ်။

ဒီနေရာမှာတော့ Yusof Ishak ဟာရေကူး၊ အလေးမ၊ဘောက်ဆင်၊ ဝါးတားပိုလို၊ ဟော်ကီစတဲ့အားကစားနည်းမျိုးစုံမှာ ထူးချွန်ခဲ့ပြီး သူရဲ့စာပေဆိုင်ရာရမှတ်တွေကြောင့် National Cadet Corps လို့ိသိကြတဲ့ စင်ကာပူတပ်ဖွဲ့ရဲ့ ကဏ္ဍအသီးသီးကလူတော်တွေကိုသာစိစစ်ရွေးချယ်တဲ့ ဗိုလ်လောင်းအဖွဲ့ရဲ့ အမြဲတမ်း ဒုဗိုလ်ဖြစ်ခဲ့ပါတယ်။ (၁၉၂၇)ခုနှစ်မှာတော့ Yusof Ishak ဟာ Cambridge School Certificate ကိုဂုဏ်ထူးများစွာနဲ့အောင်မြင်ခဲ့ကာ Queen’s Scholarship ချီးမြှင့်ခံခဲ့ရပြီး Raffles Institutionမှာပဲ (၁၉၂၉)ခုနှစ်အထိ အဆင့်မြင့် ပညာရပ်တွေကို ဆက်လက်သင်ကြားခွင့်ရခဲ့ပါတယ်။

သူဟာနိုင်ငံခေါင်းဆောင်မဖြစ်ခင်ကတည်းက နာမည်ကျော်ဂျာနယ်လစ်တစ်ဦးအဖြစ် လူသိများထင်ရှားခဲ့သူဖြစ်ပြီး မလေးရှားမှာ ယနေ့ထက်တိုက်ထုတ်ဝေနေတဲ့ Utusan Melayu သတင်းစာတိုက်ရဲ့ပူးတွဲတည်ထောင်သူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ Yusof Ishak အသက်(၁၉)နှစ်အရွယ်၊(၁၉၂၉)ခုနှစ်မှာတော့ စင်ကာပူမှာရှိတဲ့ Raffles Institutionကနေဘွဲ့ရခဲ့ပြီး ဂျာနယ်လစ်တစ်ယောက် အဖြစ်စတင် အသက် မွေးဝမ်းကြောင်းပြုခဲ့ပါတယ်။

(၁၉၃၂)ခုနှစ်မှာတော့ယင်းကာလကနာမည်ကျော် မလေးရှားသတင်းစာတိုက်ဖြစ်တဲ့ Warta Malaya မှာဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သူရဲ့လုပ်ရည် ကိုင်ရည်ကြောင့်အချိန်တိုအတွင်းမှာပဲ လက်ထောက်မန်နေဂျာ၊တာဝန်ခံ အယ်ဒီတာ စတဲ့ရာထူးတွေကို တိုးမြှင့်ပေးအပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ (၁၉၃၈) ခုနှစ်မှာတော့ Yusof Ishakဟာ ယင်းရာထူးကနေနှုက်ထွက်ပြီး စာပေနယ်ကလုပ်ဖော်ကိုင်ဖက်တွေ နဲ့အတူ Utusan Melayu သတင်းစာတိုက်ကိုတည်ထောင်ပြီး သူကိုယ်တိုင်ကတော့ ယင်းသတင်းစာတိုက်ရဲ့ မန်းနေဂျင်းဒါရိုက်တာရာထူးကိုထမ်းဆောင်ခဲ့ပါတယ်။

စင်ကာပူကျွန်းကိုဂျပန်တွေသိမ်းပိုတ်ခဲ့တဲ့ (၁၉၄၂) ကနေ (၁၉၄၅)ကာလတွေမှာတော့ Yusof Ishakဟာ Malaya ကိုတိမ်းရှောင်ခဲ့ပါတယ်။ ဂျပန်လက်ကနေ မဟာမိတ်တပ်တွေသိမ်းပိုက်ပြီးချိန်မှသာ ပြန်လည်ရောက်ရှိလာခဲ့ပြီး သတင်းစာတိုက်ရဲ့ ခေါင်းဆောင်အဖြစ် (၁၉၅၉) ခုနှစ်တိုင်အောင်ပြန်လည်ဆောင်ရွက်ခဲ့ပါတယ်။

Yusof Ishak ဟာစင်ကာပူသမ္မတတာဝန်မထမ်းဆောင်ခင်ကတည်းက အစိုးရအဖွဲ့ ရာထူးတော်တော်များများမှာခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ (၁၉၄၈)ခုနှစ်ကနေ (၁၉၅၀)အထိ Film Appeal Committee ဝင်တစ်ယောက်အဖြစ် ရော Nature Reserves Committee and Malayanisation Commission အဖွဲ့ဝင် တစ်ဦးအဖြစ်ပါဆောင်ရွက်ခဲ့ပါတယ်။

(၁၉၅၉)ခုနှစ်၊ဇူလိုင်မှာတော့ စင်ကာပူနိုင်ငံ၊ Public Service Commission အဖြစ်ခန့်အပ်တာဝန်ပေးခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။ ယင်းနှစ်အတွင်းမှာပဲကျင်းပခဲ့တဲ့ စင်ကာပူနိုင်ငံရဲ့ပထမဆုံးသောရွေးကောတ်ပွဲမှာတော့ Yusof Ishak ဦးဆောင်တဲ့ PAP လို့သိကြတဲ့ People’s Action Party ဟာအောင်ပွဲ ခံခဲ့ပြီး Oueen Elizabeth(2) ရဲ့စင်ကာပူနိုင်ငံဆိုင်ရာမင်းကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ ဒီဇင်ဘာ(၃)ရက်နေ့မှာတော့ Yusof Ishak ဟာစင်ကာပူနိုင်ငံရဲ့ အကြီးအကဲ ခေါင်းဆောင်တစ်ယောက်အဖြစ် ပထမဆုံးသောကျမ်းကျိန်ခဲ့ပါတယ်။

ယင်းနောက် (၁၉၆၅)ခုနှစ်သြဂုတ်လမှာတော့ စင်ကာပူနိုင်ငံဟာလွတ်လပ်တဲ့ အချုပ်အခြာအာဏာ ပိုင်နိုင်ငံအဖြစ်ရပ

35
$ 0.28
$ 0.28 from @TheRandomRewarder
Avatar for Mgthuta1
3 years ago

Comments

Gg

$ 0.00
3 years ago