နယူးကာဆယ် မြို့တော်အကြောင်း

4 14
Avatar for MYOLINN1
3 years ago

Newcastle upon Tyne ကိုတော့ Newcastle (နယူးကာဆယ်)လို့ပဲ လူသိများပြီး အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာတည်ရှိပါတယ်။ မြောက်ပင်လယ်( north sea) ကနေ(၈.၅)မိုင်အကွာ၊ တိုင်းမြစ်ရဲ့မြောက်ဘက်စွန်းကမ်းပါးပေါ်မှာတည်ရှိနေပြီး (၂၀၂၀)ခုနှစ်၊ မတ်လစာရင်းတွေအရတော့ နယူးကာဆယ်မြို့ရဲ့လူဦးရေဟာ (၃၂၀၀၀၀)ခန့်ရှိတယ်လို့သိရပါတယ်။ ဧရိယာစတုရန်းမိုင်အားဖြင့်(၄၄)မိုင် ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေ (၂၉.၅)ပေခန့်အကွာမှာတည်ရှိနေပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀၀၀)ကာလလောက်ကတော့ နယူးကာဆယ်မြို့ဟာ ရောမ၊ အိန်ဂျယ် နဲ့ နော့စ်မန်မျိုးနွယ်စုဝင်တွေရဲ့ထိန်းချုပ်ရာနယ်မြေတခုအဖြစ် ရှိနေခဲ့ပါတယ်။ ရောမခေတ်ကာလတလျှောက် ရောမတွေ ပထမဆုံးသော အခြေချနေထိုင်ခဲ့တဲ့ နေရာကတော့ ယခု Tyne တံတားအနီးနေရာမှာဖြစ်ပြီး ခံတပ်တခု တည်ဆောက်နေထိုင်ခဲ့ပါတယ်။ နယူးကာဆယ်ခရိုင်နဲ့ နယူးကာဆယ်ဆိုတဲ့အမည်ဟာ အင်္ဂလန်ဘုရင် ဝီလီယံ(၁)ရဲ့အကြီးဆုံးသား ရော်ဘတ်(၂) ၊ ၁၀၈၀ခုနှစ်ကတည်ဆောက်ခဲ့တဲ့ Norman castle က နေဆင်းသက်လာတာဖြစ်ပါတယ်။

(၁၂)ရာစုရောက်ချိန်မှာဆိုရင်လည်း နယူးကာဆယ်ခံတပ်မြို့ဟာ ဗြိတိန်အရှေဘက်ကျွန်းဆွယ်က စကော့တလန်တိုက်ပွဲတွေအတွက် အလွန်အရေးပါတဲ့ ခံစစ်တံတိုင်းဖြစ်လာတာကြောင့် အစိုးရရဲ့တည်ဆောက်ပြုပြင်မှုများစွာပြုလုပ်ခဲ့ရတဲ့နေရာဖြစ်လာခဲ့ပါတယ်။ (၁၁၇၂) ကနေ (၁၁၇၇)ခုနှစ်ကာလတွေအထိ ရောဘတ်မင်းသားရဲ့ရဲတိုက်နေရာမှာ အင်္ဂလန်စစ်သည်တွေ တိုင်းမြစ်ကိုဖြတ်ကူးနိုင်မဲ့ထုထည်ကြီးမားတဲ့ကျောက်တုံးကြီးတခုကိုတည်ထားခဲ့ပါတယ်။ ရဲတိုက်ရဲ့အနောက်မြောက်ဘက်နေရာတွေမှာတော့ အုတ်တံတိုင်းကာရံထားရှိပါတယ်။

(၁၄)ရာစုရောက်ချိန်မှာတော့ နယူးကာဆယ်ဒေသဟာ အင်္ဂလန်နိုင်ငံသိုးမွေးရောင်းဝယ်ရေးလုပ်ငန်းရဲ့ အရေးပါတဲ့နေရာ ဖြစ်လာခဲ့ခြင်းနဲ့အတူ အရေးပါတဲ့ ပြောင်းလဲတည်ဆောက်ရေးလုပ်ငန်းတွေ စတင်နိုင်ခဲ့ပါတယ်။ ယင်းနောက်ပိုင်းကာလတွေမှာလည်း စက်မှုလုပ်ငန်းတွေအတွက် ယင်းကာလက အထူးအရေးပါတဲ့ ကျောက်မီးသွေးထွက်ရှိရာ ဧရိယာများစွာကို ပိုင်ဆိုင်ထားပြန်တာကြောင့် နိုင်ငံခေါင်းဆောင်တွေအာရုံစိုက်ရတဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်လာခဲ့ပြန်ပါတယ်။ ယင်းကာလအထိ နယူးကာဆယ်ဟာ မြို့အဖြစ်ကို ရောက်ရှိခြင်း မရှိသေးပါဘူး။

(၁၆)ရာစုမှာဆိုရင် နယူးကာဆယ်ရဲ့ဆိပ်ကမ်းဟာ တဟုန်ထိုးစည်ကားလာခဲ့ပါတယ်။ အကြောင်းကတော့ တိုင်းမြစ်ကမ်းတလျှောက်ပေါ်ထွန်းလာတဲ့ သင်္ဘောဒေါက်ကျင်းတွေကြောင့်ဖြစ်ပါတယ်။ ယင်းကာလတွေကဆိုရင် နယူးကာဆယ်ဟာဗြိတိန်ကျွန်းမကြီး အတွက် အလွန်အရေးပါတဲ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေတည်ရှိရာအဖြစ် အခြားသော ဥရောပထိပ်တန်းသင်္ဘောကျင်းကြီးတွေနဲ့အပြိုင်ဖြစ်ခဲ့ပါတယ်။ (၁၈၈၂)ခုနှစ်၊ ဇွန်လ(၃)ရက်နေ့ရောက်ချိန်မှသာ နယူးကာဆယ်ဟာ မြို့အဖြစ်အဆင့်တိုးမြှင့်သတ်မှတ်ပေးခြင်း ခံခဲ့ရပါတော့တယ်။

(၁၉)ရာစုကာလရောက်ချိန်မှာတော့ သင်္ဘောကျင်းလုပ်ငန်းတွေ၊ တည်ဆောက်ရေးဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်းများစွာနဲ့ နယူးကာဆယ်မြို့တော်ရဲ့ကြွယ်ဝချမ်းသာမှုဟာ ကြီးစွာတိုးပွားလာခဲ့ပြီး အင်္ဂလန်စက်မှုတော်လှန်ရေးရဲ့အရေးပါတဲ့နယ်မြေ၊အစိတ်အပိုင်းတခုအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း နယူးကာဆယ်မြို့ဟာ ဗြိတိန်ရဲ့ အဓိကစီးပွားရေး၊ယဉ်ကျေးမှုနဲ့ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ အချက်အချကျတဲ့ မြို့တော်ကြီးအဖြစ် ဆက်လက်ရပ်တည်နေဆဲလည်းဖြစ်ပါတယ်။

အလယ်ခေတ်ကာလ ကတည်ဆောက်ခဲ့တဲ့ ခံတပ်ဖြစ်တဲ့ နယူးကာဆယ်ရဲတိုက်ကို အစွဲပြုပြီး နယူးကာဆယ်မြို့ ဆိုပြီးဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မြို့တော်ရဲ့အထင်ကရနေရာအတော်များများဟာလည်း ခံတပ်ရဲ့အစိတ်အပိုင်းတွေသာဖြစ်ပါတယ်။ ထင်ရှားတဲ့နေရာတွေကတော့ ကျောက်သားမျှော်စင်၊ အနက်ရောက်ဝင်ပေါက်(Black Gate)၊ ခံစစ်ဂိတ်တဲတွေပဲဖြစ်ပါတယ်။

တိုင်းမြစ်ကမ်းပေါ်မှာတည်ရှိတဲ့ နယူးကာဆယ်မြို့တော်ရဲ့နာမည်ကျော်အဆောက်အအုံ ကတော့ St Nicholas ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး နယူးကာဆယ်ဒေသရဲ့ဂိုဏ်းချုပ် ဘုန်းတော်ကြီးကျောင်းထိုင်ရာနေရာအဖြစ်လည်းရှိနေပါတယ်။ ယင်းဘုရားကျောင်းဟာ အင်္ဂလန်မြောက်ဘက်တလွှားက ခရစ်ယာန်ဘုရားကျောင်းအများစုရဲ့မူရင်းကျောင်း တိုက်ကြီးအဖြစ်လည်းတည်ရှိနေပါတယ်။

Seven bridges တံတားတွေဟာဆိုရင်လည်း တိုင်းမြစ်ကိုဖြန့်ကားလျက်တည်ဆောက် ထားရှိပြီး ယင်းအနက်ကတံတား(၃)စင်းဟာဆိုရင် နိုင်ငံတကာတံတားတည်ဆောက် ရေးလောကရဲ့နောက်ဆုံးပေါ်ဒီဇိုင်းဆန်းတွေကို အသုံးပြုတည်ဆောက်ထားပြီး အင်္ဂလန် ရဲ့အမြတ်တနိုးဖော်ပြခြင်းပြုရတဲ့ ခေတ်မီတံတားတွေအဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။

နာမည်ကျော် Tyne Bridge ဟာဆိုရင် နယူးကာဆယ်ကနေအင်္ဂလန်အရှေ့မြောက်ဘက်ပိုင်းနေရာကို ဆက်သွယ်တည်ဆောက်ထားပြီး Mott ၊ Hay နဲ့ Anderson ဒီဇိုင်းကုမ္ပဏီက သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တော်က Harbour တံတားနဲ့အပြိုင်ပုံစံဒီဇိုင်း ဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။ ယင်းတံတား (၂)စင်းစလုံးဟာလည်း အမေရိကန်ပြည်ထောင်စု၊နယူးယောက်မှာရှိတဲ့ Hell Gate တံတားကို တုပတည်ဆောက်ထားတာလည်းဖြစ်ပါတယ်။ တိုင်းမြစ်ကူးတံတားကိုတော့ (၁၉၂၈)ခုနှစ်၊အောက်တိုဘာ(၁၀)ရက်နေ့က တိုင်

7
$ 0.04
$ 0.04 from @TheRandomRewarder
Avatar for MYOLINN1
3 years ago

Comments

Inn

$ 0.00
3 years ago

မိုက်

$ 0.00
3 years ago

.

$ 0.00
3 years ago

.

$ 0.00
3 years ago