ကမ္ဘာကျော် ရှောင်လင်ကျောင်းတော်

16 21
Avatar for MYOLINN1
3 years ago

ရှောင်လင်ကျောင်းတော် (သို့မဟုတ်) ရှောင်လင်ဘုရားကျောင်း သည် ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဟန်နန် ပြည်နယ် ဆောန်ရှန်း တောင်တန်း (Song Shan)ပေါ်တွင် တည်ရှိသော ဘုန်းကြီးကျောင်း တစ်ခုဖြစ်သည်။ Zhengzhou မြို့၏အနောက်ဘက် ၅၆မိုင် ခန့်အကွာတွင်တည်ရှိသည်။ ရှောင်လင်ကျောင်းတော် ကျောင်းဝန်း၏ အကျယ်အဝန်းဧရိယာမှာ စတုရန်းပေ ၆၂၀၀၀၀ ခန့်ဖြစ်သည်။ အဓိက ခန်းမ အဆောက်အအုံကြီး ၇ ခုအပြင် များပြားလှစွာသော ခန်းမငယ်များ ၊ တာဝါများ ၊ မြေကွက်လပ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။

ရှောင်လင်ကျောင်းတော်ကို ဧကရာဇ်ရှောင်ဝမ် က အေဒီ ၄၇၇ တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးသော ကျောင်းထိုင်ဘုန်းကြီးမှာ ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် အေဒီ ၄၆၄ တွင် တရုတ်ပြည်သို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော် ဘတ်တူ (Batuo) ( ဖော့တူ(Fotuo) သို့မဟုတ် ဘဒ္ဒရာ (Bhadra – the Chinese transposition of Buddha)) ဖြစ်လေသည်။

ဆရာတော်ဗောဓိဓမ္မသည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် ၅ရာစု နှင့် ၆ရာစုကြားတွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သည်။ မဟာယာန ဇင်ဗုဒ္ဓဘာသာ တွင် ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံးဆရာတော် ဖြစ်သည်။ တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးရှောင်လင် ကိုယ်ခံပညာ နှင့် ချန်ဗုဒ္ဓဘာသာ ကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။ ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုအချိန်က ဘုန်းတော်ကြီး ဗောဓိဓမ္မသည် ကျောင်းနေကိုရင် ၊ ရဟန်းတို့အား တိုက်ချိချွမ် ၏ အခြေခံဖြစ်သည့်18 Hands of the Lohan ကို စတင်သင်ကြားပေးခဲ့သည် ဟုဆိုသည်။

ရှောင်လင်ကျောင်းတော်သည် တရုတ်နိုင်ငံသမိုင်းတွင် ထင်ရှားခဲ့သည်။ အေဒီ ၆၂၇ ခန့်တွင် စုန်မင်းဆက် ဘုရင် Taizong ကို ယခင် စွေမင်းဆက်၏ စစ်သူကြီးတယောက်ဖြစ်သူ Wang Shi-chong က ဖမ်းဆီးသွားရာ ရှောင်လင်ဘုန်းတော်ကြီး ၁၃ပါးက လိုက်လံကယ်တင်ခဲ့ကြသည့်အပြင် Qianglingkou တိုက်ပွဲတွင် ရန်သူစစ်သည်များအား ဆုတ်ခွာသွားစေရန် တိုက်ထုတ်နိုင်ခဲ့ကြသည်။ ဘုရင် Taizong က ကြီးကျယ်ခမ်းနားသော ဂုဏ်ပြုပွဲကျင်းပခဲ့ပေးခဲ့ပြီး သူ့အားကယ်တင်ခဲ့သည့် ရှောင်လင်ဘုန်းကြီးများ၏ နာမည်ကို ကျောက်ပြားတွင် ရေးထွင်းစေခဲ့သည်။ ရှောင်လင်ကျောင်းအတွက် ဧက ၁၀၀ နီးပါးကျယ်ဝန်းသော မြေကိုလှူဒါန်းခဲ့ပြီး ထိုအချိန်မှ စ၍ ရှောင်လင်ကျောင်းတော်သည် တိုက်ခိုက်ရေးဘုန်းတော်ကြီး အပါး ၅၀၀ ခန့်ကို လေ့ကျင့်ပေးရာနေရာ တခုဖြစ်လာခဲ့သည်။

ခေတ်အဆက်ဆက်တွင် ရှောင်လင်ကျောင်းသည် ထင်ရှားခဲ့ပြီး မင်မင်းဆက်ကာလ အေဒီ ၁၄ရာစုအကုန်ခန့်တွင်မူ စစ်သည်ပေါင်း ၂၅၀၀ ကို သိုင်းပညာလေ့ကျင့်ပေးသည့် နေရာအဖြစ် ကြီးထွားစည်ပင်လာခဲ့သည်။ ခေတ်အဆက်ဆက် ပညာရှင်များက ပိုမိုကောင်းမွန်သော တိုက်ခိုက်ရေးပညာရပ်များကို တီထွင်စပ်ပေါင်း လေ့ကျင့်စေခဲ့ပြီး မူလက လက်ချည်းသက်သက် လက်နက်မဲ့ လေ့ကျင့်ခဲ့ရာမှ လက်နက်ဖြင့် တိုက်ခိုက်သည့် ပညာရပ်များကိုပါ သင်ကြားစေခဲ့ကြသည်။

၁၇ ရာစု အလယ်ပိုင်းတွင် စတင်ခဲ့သည့် Qing မင်းဆက်ကာလတွင်မူ ရှောင်လင်ကျောင်းတော်သည် မှေးမှိန်ခဲ့ရသည်။ အစိုးရသည် ဘုန်းကြီးများအား သိုင်းပညာလေ့ကျင့်မှုကို တားမြစ်ခဲ့သည့်အပြင် များပြားလှစွာသော ဘုန်းကြီးများကို ကျောင်းမှ ထွက်ခွာစေခဲ့သည်။ ထိုဘုန်းတော်ကြီးများထဲမှ Ng Mui, Jee Shin Shim Shee, Fung Doe Duk အစရှိသော ဘုန်းကြီးများသည် လှည့်လည်သွားရင်း တရုတ်ပြည်တလွှားသို့ ရှောင်လင်ကွန်ဖူးပညာရပ်များကို မျှဝေခဲ့ကြသည်။

ရှောင်လင်ကျောင်းတော်သည် အကြိမ်ကြိမ်ဖျက်စီးခံခဲ့ရပြီး အကြိမ်ကြိမ်ပြန်လည်တည်ဆောက်ခဲ့ရသည်။ ၇ရာစု ၊ ၁၄ရာစု ၊ ၁၇ ရာစု ၊ ၁၈ ရာစုများတွင် အကြောင်းအမျိုးမျိုးကြောင့် ဖျက်စီးခံခဲ့ရပြီး ပြန်လည်တည်ဆောက်ခဲ့ကြရသည်။ ရှောင်လင်ကွန်ဖူးသည် ၁၈ရာစုတွင် ဂျပန်နိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး ဂျပန်နိုင်ငံတွင် ရှောင်လင်သိုင်းပညာကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် စစ်ခေါင်းဆောင် Shi Yousan သည် ရှောင်လင်ကျောင်းတော် အဆောက်အဦးများနှင့် မှတ်တမ်းမှတ်ရာ အားလုံး၏ ၉၀% ခန့်ကို ဖျက်ဆီးပစ်ခဲ့သည်။ စာကြည့်တိုက်လည်း ပါဝင်ခဲ့ပြီး ရက် ၄၀ ကြာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ၁၉၆၆ ခုနှစ်မှ စတင်သော ယဉ်ကျေးမှုတော်လှန်ရေးကာလတွင်လည်း အစောင့်တပ်များအား ပြန်လည်တိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းကြီးအများအပြား အကျဉ်းချခံခဲ့ရသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။

၁၉၈၂ ခုနှစ်တွင် ရိုက်ကူးခဲ့သော မင်းသားဂျက်လီ၏ ရှောင်လင်ကျောင်

22
$ 0.53
$ 0.53 from @TheRandomRewarder
Avatar for MYOLINN1
3 years ago

Comments

Gg

$ 0.00
3 years ago

Nice

$ 0.00
3 years ago

Wow

$ 0.00
3 years ago

ဟား

$ 0.00
3 years ago

ဟဲ

$ 0.00
3 years ago

very good

$ 0.00
3 years ago

ကောင်းမှကောင်း

$ 0.00
3 years ago

Good

$ 0.00
3 years ago

ကောင်း

$ 0.00
3 years ago

La'

$ 0.00
3 years ago

ဟဟ

$ 0.00
3 years ago

ဟဲလို

$ 0.00
3 years ago

Hello

$ 0.00
3 years ago

ဟိုင်း

$ 0.00
3 years ago

.

$ 0.00
3 years ago

Hi

$ 0.00
3 years ago