၈နှစ်သားကလေးရဲ့ အကျိုးရှိတဲ့ စိန်ခေါ်မှု

10 20
Avatar for MYOLINN1
4 years ago

နေရာတကာ ချဲလင့်တွေ များနေတဲ့ အင်တာနက်ခေတ်မှာ အင်္ဂလန်နိုင်ငံက ချဲလ်တန်းနမ်မြို့က ကလေးငယ်တယောက်ကလည်း စိတ်ဝင်စားစရာ ချဲလင့်တခုကို ခေါ်ခဲ့ပါတယ်။ သူ့ကိုယ်သူ စိန်ခေါ်တာဖြစ်ပြီး သူ့ရဲ့ချဲလင့်ကတော့ တနှစ်အတွင်းမှာ သူ့ရဲ့အရပ်နဲ့ ညီတဲ့ စာအုပ်တွေကို ပြီးအောင်ဖတ်ရှု့ဖို့ ဖြစ်ပါတယ်။ သူ့ချဲလင့်ဟာ အခုမှ စတင်တာ မဟုတ်ပဲ လွန်ခဲ့တဲ့ ၁နှစ်ခန့် အကြာကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က သူ့ရဲ့အသက်ဟာ ၈နှစ်ဖြစ်ပြီး အရပ်ကတော့ ၄ပေ ၆လက်မခန့် ရှိခဲ့တာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ အမည်က Elijah Fyrne ဖြစ်ပြီး အင်္ဂလန်နိုင်ငံ ချဲလ်တန်းနမ်မြို့မှာ နေထိုင်သူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂ရက်ခန့် (စက်တင်ဘာ ၁၇ ရက်နေ့) မှာတော့ အသက် ၉ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ကလေးငယ်ဟာ ကိုယ်ကိုယ်ကို စိန်ခေါ်ခဲ့တဲ့ ချဲလင့်ကို မွေးနေ့မပြည့်မီ ၁ပတ်အလိုမှာ အောင်မြင်ပြီးဆုံးအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူဟာ ၁နှစ်အတွင်းမှာ သူ့အရပ်နဲ့ ညီတဲ့ စာအုပ်အမြင့်ကို ပြီးဆုံးအောင် ဖတ်ရှု့နိုင်ခဲ့ပြီဖြစ်ကာ စုစုပေါင်း စာအုပ်ထူ ၈၄ အုပ် ဖတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပေးထားတဲ့ ကတိအတိုင်း ချဲလင့်ကို အောင်မြင်စွာ လုပ်နိုင်ခဲ့တဲ့ သားဖြစ်သူအတွက် မိခင်မီရှယ်လ်ကတော့ သိပ်ဂုဏ်ယူပါသတဲ့။

စာအုပ်တွေ ဒီလောက် အများကြီးကို အချိန်ပေး ဖတ်ဖို့ရာ အရွယ်ရောက်ပြီးသူတွေအတွက်တောင် ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် သူကတော့ ပုံမှန်အတိုင်း တနေ့နည်းနည်းစီ အချိန်ပေးပြီး မလျှော့နဲ့ဇွဲနဲ့ ဖတ်ခဲ့လို့ အခုလို သူချဲလင့်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တာပါ။ ကျွန်မသား Elijah အတွက် ကျွန်မ အရမ်းဂုဏ်ယူတာပဲ လို့ မိခင်ဖြစ်သူ မီရှယ်လ်က ဆိုပါတယ်။

Elijah ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ စအုပ်တွေကို စတင်ဖတ်ခဲ့တာဖြစ်ပြီး စာအုပ်ပေါင်း ၈၄ အုပ် ဖတ်ရှု့ပြီးစီးခဲ့ကာ စာအုပ် ၁အုပ်ကို ပျမ်းမျှအားဖြင့် ၄ရက်ခန့် ဖတ်ရှု့ခဲ့ရတာဖြစ်ပါတယ်။ သူဖတ်ခဲ့တဲ့ စာအုပ်တွေထဲမှာ ဗြိတိန် Got Talent က ဒိုင်တယောက်လည်းဖြစ် ဟာသသရုပ်ဆောင် စာရေးဆရာတယောက်လည်းဖြစ်တဲ့ David Walliams ရေးတဲ့ The Beast of Buckingham Palace ဆိုတဲ့ စွန့်စားခန်းစာအုပ်ကို အလွန်ကြိုက်နှစ်သက်ပါသတဲ့။ ဒီစာအုပ်ဟာ ကလေးတိုင်းလိုလို နှစ်သက်တဲ့ စာအုပ်လည်းဖြစ်ပါတယ်။

David Walliams ဟာ သူ့ရဲ့အနှစ်သက်ဆုံး စာရေးဆရာဖြစ်သလို သူ့ရဲ့ချဲလင့်မှာ ဒေးဗစ်ရဲ့ အခြားစာအုပ်တွေလည်း ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ချဲလင့်ဟာ ပြီးဆုံးသွားပြီဖြစ်ပေမယ့် စာဖတ်ခြင်းကို နှစ်သက်သွားပြီဖြစ်တာကြောင့် လက်ရှိအချိန်မှာလည်း စာအုပ်တွေကို ဆက်လက်ဖတ်ရှု့နေပါတယ်။ အခု သူ့ရဲ့ဖတ်လက်စ စာအုပ်က Jeff Kinney ရေးတဲ့ Wimpy Kid ဒိုင်ယာရီ စာအုပ်ဖြစ်ပါတယ်။

ကလေးငယ်ဟာ သူဖတ်ရှု့ခဲ့သမျှ စာအုပ်တွေထဲက အကြောင်းအရာတွေကို အကုန်လုံးတော့ သူမှတ်မိချင်မှ မှတ်မိမှာဖြစ်ပေမယ့် သေချာတာကတော့ ဝေါဟာရ နဲ့ အသိအမြင် ဗဟုသုတ ကြွယ်ဝလာမှာဖြစ်ပြီး စာဖတ်ရတာကိုလည်း နှစ်သက်သွားပြီ ဖြစ်ပါတယ်။ ဒီ တနှစ်တာဟာ သူ့အတွက်တော့ ကောင်းကောင်းအကျိုးရှိခဲ့ပြီး နောက်တနှစ်အတွက်လည်း ရည်မှန်းချက်တခု ထပ်မံ ချထားပါသေးတယ်။ သူ့ရဲ့အစီအစဉ်ကတော့ ယခု ကိုဗစ်ကာလအတွင်းကနေ သူ့အသက် ၁၀နှစ် မပြည့်မီမှာ သူ့အခန်းမျက်နှာကျက် အမြင့်ရှိတဲ့ စာအုပ်တွေကို ပြီးစီးအောင် ဖတ်ရှု့ဖို့ ဖြစ်ပါတယ်။

—– —— ———–

(Zawgyi)

၈ႏွစ္သားကေလးရဲ႕ အက်ဳိးရွိတဲ့ စိန္ေခၚမႈ

ေနရာတကာ ခ်ဲလင့္ေတြ မ်ားေနတဲ့ အင္တာနက္ေခတ္မွာ အဂၤလန္ႏုိင္ငံက ခ်ဲလ္တန္းနမ္ၿမဳိ႕က ကေလးငယ္တေယာက္ကလည္း စိတ္၀င္စားစရာ ခ်ဲလင့္တခုကို ေခၚခဲ့ပါတယ္။ သူ႔ကုိယ္သူ စိန္ေခၚတာျဖစ္ၿပီး သူ႔ရဲ႕ခ်ဲလင့္ကေတာ့ တႏွစ္အတြင္းမွာ သူ႔ရဲ႕အရပ္နဲ႔ ညီတဲ့ စာအုပ္ေတြကို ၿပီးေအာင္ဖတ္ရႈ႕ဖုိ႔ ျဖစ္ပါတယ္။ သူ႔ခ်ဲလင့္ဟာ အခုမွ စတင္တာ မဟုတ္ပဲ လြန္ခဲ့တဲ့ ၁ႏွစ္ခန္႔ အၾကာကတည္းက စတင္ခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္က သူ႔ရဲ႕အသက္ဟာ ၈ႏွစ္ျဖစ္ၿပီး အရပ္ကေတာ့ ၄ေပ ၆လက္မခန္႔ ရွိခဲ့တာျဖစ္ပါတယ္။ ကေလးငယ္ရဲ႕ အမည္က Elijah Fyrne ျဖစ္ၿပီး အဂၤလန္ႏုိင္ငံ ခ်ဲလ္တန္းနမ္ၿမဳိ႕မွာ ေနထုိင္သူျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ ၂ရက္ခန္႔ (စက္တင္ဘာ ၁၇ ရက္ေန႔) မွာေတာ့ အသက္ ၉ ႏွစ္ ျပည့္ခဲ့ၿပီျဖစ္ပါတယ္။

ကေလးငယ္ဟာ ကုိယ္ကုိယ္ကုိ စိန္ေခၚခဲ့တဲ့ ခ်ဲလင့္ကို ေမြးေန႔မျပည့္မီ ၁ပတ္အလုိမွာ ေအာင္ျမင္ၿပီးဆုံးေအာင္ လုပ္ေဆာင္ႏုိင္ခဲ့ပါတယ္။ သူဟာ ၁ႏွစ္အတြင္းမွာ သူ႔အရပ္နဲ႔ ညီတဲ့ စာအုပ္အျမင့္ကို ၿပီးဆုံးေအာင္ ဖတ္ရႈ႕ႏုိင္ခဲ့ၿပီျဖစ္ကာ စုစုေပါင္း စာအုပ္ထူ ၈၄ အုပ္ ဖတ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ေပးထားတဲ့ ကတိအတုိင္း ခ်ဲလင့္ကို ေအာင္ျမင္စြာ လုပ္ႏုိင္ခဲ့တဲ့ သားျဖစ္သူအတြက္ မိခင္မီရွယ္လ္ကေတာ့ သိပ္ဂုဏ္ယူပါသတဲ့။

စာအုပ္ေတြ ဒီေလာက္ အမ်ားႀကီးကို အခ်ိန္ေပး ဖတ္ဖုိ႔ရာ အရြယ္ေရာက္ၿပီးသူေတြအတြက္ေတာင္ ခက္ခဲေကာင္း ခက္ခဲႏုိင္ပါတယ္။ ဒါေပမယ့္ သူကေတာ့ ပုံမွန္အတုိင္း တေန႔နည္းနည္းစီ အခ်ိန္ေပးၿပီး မေလွ်ာ့နဲ႔ဇြဲနဲ႔ ဖတ္ခဲ့လုိ႔ အခုလုိ သူခ်ဲလင့္ကို ေအာင္ျမင္စြာလုပ္ေဆာင္ႏုိင္ခဲ့တာပါ။ ကြ်န္မသား Elijah အတြက္ ကြ်န္မ အရမ္းဂုဏ္ယူတာပဲ လုိ႔ မိခင္ျဖစ္သူ မီရွယ

31
$ 0.12
$ 0.12 from @TheRandomRewarder
Avatar for MYOLINN1
4 years ago

Comments

Ho

$ 0.00
4 years ago

Oိုး

$ 0.00
4 years ago

Ak

$ 0.00
User's avatar Ya
4 years ago

Ha

$ 0.00
User's avatar Thu
4 years ago

Goo

$ 0.00
User's avatar Oo
4 years ago

Hello

$ 0.00
User's avatar wai
4 years ago

ဟိုင်း

$ 0.00
4 years ago

Hi

$ 0.00
4 years ago

.

$ 0.00
4 years ago

မိုက်

$ 0.00
4 years ago