ဖော်မြူလာဝမ်း ကားပြိုင်ပွဲ အကြောင်း

23 102

ဖော်မြူလာဝမ်းဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး လူသိအများဆုံး ကားပြိုင်ပွဲဖြစ်ပြီး အမေရိကန်ကုမ္ပဏီ Liberty Media က Formula One Group အနေနဲ့ ပိုင်ဆိုင်ပါတယ်။ ဒီတခါတော့ ကမ္ဘာ့မော်တော်ကားအဖွဲ့ချုပ် Federation International de L’Automobile (FIA) ရဲ့ ခွင့်ပြုချက်နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပလျက်ရှိတဲ့ ဖော်မြူလာဝမ်းကားပြိုင်ပွဲ အကြောင်းကို သိချင်နေတဲ့ သုတဇုန် မိတ်ဆွေများအတွက် ပြန်လည် ဝေမျှလိုက်ပါတယ်။

၁၈၈၀ ဝန်းကျင် ဂျာမနီမှာ ပထမဆုံးကားပေါ်လာခဲ့ပြီး နောက် ၁၅နှစ်ခန့်အကြာမှာတော့ ကားပြိုင်ပွဲဆိုတာ စတင်ဖြစ်ပေါ်လာပါတယ်။ ကားပြိုင်ပွဲကို စတင်ကျင်းပခဲ့သူတွေကတော့ ပါရီမြို့မှာ ကားအရောင်ဆိုင်ပိုင်ဆိုင်ထားကြတဲ့ Emile Levassor နဲ့ Rene Panhard တို့ဖြစ်ပြီး သူတို့ရဲ့လုပ်ငန်းကို အရောင်းမြှင့်တင်ဖို့ကြိုးစားရာကနေ ဒီအိုင်ဒီယာကို ရခဲ့ကြတာပါ။

ပထမဆုံးပြိုင်ပွဲအနေနဲ့ ကားသမားတွေဟာ ပါရီကနေ ဘော်ဒိုး ၊ ဘော်ဒိုး ကနေ ပါရီကို မောင်းနှင်ရတာဖြစ်ပါတယ်။ စုစုပေါင်း ခရီးအကွာအဝေးက ၇၃၀ မိုင်တောင်ရှိပေမယ့် အဲဒီအချိန်က ကားတွေရဲ့အမြန်နှုန်းက ၁နာရီ ၁၂မိုင်ကျော်ရုံသာ ရှိပါတယ်။ လမ်းကလည်းကြမ်း ကားကလည်းနှေးတာကြောင့် ကားမောင်သမားတွေဟာ ၂ရက်ကျော် အချိန်ပေးမောင်းနှင်ခဲ့ရပါတယ်။ ပထမဆုံးကားပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ကားကတော့ ပြင်သစ် Peugeot ကားဖြစ်ပါတယ်။

ဖော်မြူလာဝမ်း စတင်ဖြစ်ပေါ်လာရခြင်းကတော့ ၁၉၂၀ နဲ့ ၁၉၃၀ တဝိုက်မှာ ကျင်းပခဲ့တဲ့ ဥရောပဂရင်းပရီမော်တော်ပြိုင်ပွဲ တွေက နေ ဆက်စပ်ဖြစ်ပေါ်လာတာပါ။ အဲဒီအချိန်ကတည်းကစလို့ ဥရောပကားပြိုင်ပွဲတွေကို စီးရီးလိုက် တောက်လျှောက်ကျင်းပလာခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ရပ်နားခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်မှာတော့ ပထမဆုံးဖော်မြူလာဝမ်းပြိုင်ပွဲကို အီတလီနိုင်ငံ တူရင်မြို့ Valentino Park မှာကျင်းပခဲ့ပါတယ်။ ၃မိုင်နီးပါးရှိတဲ့ ကားပြိုင်ပွဲလမ်းကို အပတ် ၆၀ ပတ်ရတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ Alfa Romeo အသင်းနဲ့ ပြိုင်ပွဲဝင် Achille Varzi တို့က အနိုင်ရရှိသွားခဲ့ပါတယ်။

အဲဒီအချိန်က ဖော်မြူလာဝမ်းဟာ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမဟုတ်သေးသလို တိကျတဲ့ စည်းကမ်းတွေကိုလည်း တိတိကျကျချမှတ်ထားခြင်း မရှိခဲ့ပါဘူး။ ၁၉၄၇ ခုနှစ်မှာတော့ ပြိုင်ပွဲဝင်အသင်းတိုင်းလိုက်နာရမယ့် စည်းကမ်းချက်တွေကို တရားဝင်ချမှတ်ပြီး နောက် ၃နှစ်အကြာ ၁၉၅၀ ခုနှစ်မှာတော့ ပထမဆုံး ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအနေနဲ့ ယူကေ Silverstone ပြိုင်ကားကွင်းမှာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ Alfa Romeo ကားကို မောင်းနှင်ခဲ့တဲ့ အီတလီလူမျိုး Giuseppe Farina က အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ Fangio ဟာ ကမ္ဘာ့ကားပြိုင်ပွဲမှာ ၅ကြိမ် အနိုင်ရဗိုလ်စွဲခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီတုန်းက ထင်ရှားတဲ့ပြိုင်ပွဲဝင်အသင်းတွေကတော့ Alfa Romeo, Ferrari, Mercedes-Benz နဲ့ Maserati စတာတွေဖြစ်ပါတယ်။

ပြိုင်ပွဲဝင်နေစဉ်အတွင်း ယာဉ်မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတာကြောင့် ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ကားမောင်းသမားတွေအတွက် အကာအကွယ်ပေးနိုင်မယ့် ဦးထုပ် နဲ့ ဝတ်စုံတွေကို မဖြစ်မနေဝတ်ဆင်ဖို့ စည်းကမ်းချမှတ်ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိမှာတော့ အကြိမ်အများစုမှာ ဗြိတိသျှအသင်းတွေအနိုင်ရခဲ့ပြီး British Racing Green Lotus ဟာ အလွန်နာမည်ကြီးခဲ့ပါတယ်။ အဲဒီနောက်ပြိုင်ပွဲတွေမှာတော့ Ferrari အသင်းက ဖော်မြူလာဝမ်းပြိုင်ပွဲကို ဆက်လက်စိုးမိုးထားခဲ့ပါတယ်။

၁၉၇၀ ခုနှစ်မှာတော့ ဖော်မြူလာဝမ်းပြိုင်ပွဲဟာ ဘီလျံချီစီးပွားရေးလုပ်ငန်းအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ ကားပြိုင်ပွဲကို ဧရာမစီးပွားရေးအဖြစ်ပြောင်းလဲပေးခဲ့သူကတော့ ဗြိတိန်လုပ်ငန်းရှင်ကြီး Bernie Ecclestone ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ ဘရာဇီးလူမျိုး အသက် ၂၅နှစ်အရွယ် Emerson Fittipaldi က Lotus အသင်းနဲ့ ဗိုလ်စွဲကာ အသက်အငယ်ဆုံးဖော်မြူလာဝမ်းချန်ပီယံဖြစ်ခဲ့ပါတယ်။ အလူမီနီယံကိုယ်ထည်တွေကို သုံးစွဲလာကြသလို Ground effect aerodynamics နည်းပညာတွေပါ ထည့်သွင်းလာကြပါတယ်။

၁၉၈၀ ခုနှစ် နဲ့ ၁၉၉၀ ကြား ပြိုင်ပွဲတွေကိုတော့ McLaren နဲ့ Williams အသင်းတွေက စိုးမိုးထားခဲ့ကြပါတယ်။ ၁၉၉၄ ခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံ Ayrton Senna နဲ့ အခြားပြိုင်ပွဲဝင် Ratzenberger တို့ သေဆုံးပြီးနောက်မှာတော့ FIA လုံခြုံရေးစည်းကမ်းတွေကို ထပ်မံတင်းကျပ်ခဲ့ပါတယ်။ အရှိန်ကိုလျှော့ချစေဖို့ grooved တာယာတွေကို တပ်ဆင်ခိုင်းလာပါတယ်။ ၁၉၈၄ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်းမှာတော့ McLaren, Williams, Renault နဲ့ Ferrari အသင်းတွေဟာ အင်အားကြီးဆုံးအသင်းတွေအဖြစ် “Big Four” လို့ နာမည်ကြီးခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံသား မိုက်ကယ်ရူးမေကာဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ငါးကြိမ်ဆက်တိုက် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ရူးမေကာဟာ ပြိုင်ပွဲ ၉၁ ပွဲမှာ အနိုင်ရရှိပြီး ကမ္ဘာ့ချန်ပီယံဆုကို ၇ ကြိမ်ရထားဟာ အအောင်မြင်ဆုံး ပြိုင်ကားမောင်းသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။ လက်ရှိမှာ နာမည်အကြီးဆုံးဖြစ်နေသူက ဗြိတိန်နိုင်ငံသား Lewis Hamilton ဖြစ်ပါတယ်။ သူကတော့ ပြိုင်ပွဲ ၈၉ပွဲမှာ အနိုင်ရထားပြီး ကမ္ဘာ့ချန်ပီယံ ၆ ကြိမ်ဖြစ်ထားသူဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ ပေါင်သန်းပေါင်း ၁၆၀ ခန့်အထိ ကြွယ်ဝခဲ့သလို မာစီးဒီးစ်ကုမ္ပဏီနဲ့ တနှစ်လစာ ပေါင်သန်း ၄၀ ရရှိနေသူလည်းဖြစ်ပါတယ်။

ဖော်မြူလာဝမ်း ကားပြိုင်ပွဲတွေကို ကမ္ဘာအနံှ့နိုင်ငံပေါင်းစုံက F1 ကားပြိုင်ကွင်း သို့မဟုတ် ပုံမှန် လမ်းမတွေပေါ်မှာ ကျင်းပလေ့ရှိပြီး ပြိုင်ပွဲပေါင်းများစွာကို လနဲ့ချီယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ အမှတ်ပေးစနစ်ကျင့်သုံးပြီး တပွဲချင်းစီမှာ ရရှိခဲ့တဲ့ အမှတ်တွေကို ပေါင်းပြီး အမှတ်အများဆုံးသူကို ချန်ပီယံအဖြစ် သတ်မှတ်တာဖြစ်ပါတယ်။ ဖော်မြူလာဝမ်း ရာသီတခုမှာ Grand Prix ပြိုင်ပွဲတွေ အများကြီးပါဝင်ပါတယ်။British ၊ Italy နဲ့ Monaco တို့ဟာ အကြိမ်အများဆုံးကျင်းပထားတဲ့ Grand Prix တွေဖြစ်ပြီး အကြိမ်ပေါင်း ၇၁ ၊ ၇၀ ၊ ၆၆ စသည်ဖြင့် ကျင်းပခဲ့ပြီးပြီဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ အနီးဆုံး Grand Prix ပြိုင်ပွဲတွေကတော့ စင်ကာပူ နဲ့ မလေးရှားမှာ ရှိနေပါတယ်။ ဗီယက်နမ်ကလည်း ၂၀၂၀ မှာ ပထမဆုံးစတင်ကျင်းပဖို့ ရည်ရွယ်ထားပါတယ်။

ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ဆု ၂ မျိုးကို ချီးမြှင့်ပြီး ၁ဆုက ကားမောင်းသမားအတွက်ဖြစ်ကာ ၁ဆုကတော့ ပြိုင်ကားအသင်းကုမ္ပဏီက ရရှိတာဖြစ်ပါတယ်။ အသင်းတွေထဲမှာ အအောင်မြင်ဆုံးအသင်းကတော့ Ferrari အသင်းဖြစ်ကာ ပြိုင်ပွဲပေါင်း ၂၃၈ ပွဲနိုင်ကာ ချန်ပီယံ ၁၆ ကြိမ်ရရှိထားတဲ့အသင်းဖြစ်ပါတယ်။ ပြိုင်ကားသမားတစ်ယောက်အနေနဲ့ FIA က ထုတ်ပေးတဲ့ အမြင့်ဆုံးလိုင်စင်ဖြစ်တဲ့ Super Licence ရှိမှသာ ပြိုင်ပွဲဝင်လို့ရမှာဖြစ်ပါတယ်။

ဖော်မြူလာဝမ်းပြိုင်ပွဲဝင် ကားတွေရဲ့ အမြန်နှုန်းက ၁နာရီ ၂၂၀ မိုင်နှုန်းခန့်ရှိပါတယ်။ အသင်းတသင်းမှာ လူပေါင်း ၆၀၀လောက်အထိ ပါဝင်နိုင်ပြီး ကားမောင်သမားတင်မက တသင်းလုံးဟာ မိမိအသင်းအနိုင်ရရေးအတွက် ရက်သတ္တပတ်ပေါင်းများစွာ ကြိုးစားကြရတာဖြစ်ပါတယ်။ အသင်း ၁သင်းမှာ ဒရိုင်ဘာတွေအပြင် စမ်းသပ်မောင်းနှင်တဲ့ဒရိုင်ဘာ ၊ စက်ပြင်ဆရာ ၊ အင်ဂျင်နီယာ ၊ ဒီဇိုင်နာနဲ့ အခြား အကူပေါင်းများစွာ ပါဝင်ပါတယ်။

ကားမောင်းသမားတွေဟာ အလွှာ ၄လွှာပါတဲ့ မီးလောင်မှုကာကွယ်ပေးတဲ့(Nomex) အထူးဖန်တီးထားတဲ့ အင်္ကျီတွေကို ဝတ်ဆင်ကြရပါတယ်။ ဒါအပြင် သူတို့ဆောင်းတဲ့ဦးထုပ်တွေဟာ အပူချိန် ၈၀၀ ဒီဂရီဆဲစီးယပ်ကို အနည်းဆုံး ၄၅ စက္ကန့်အကြာ ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ ဒါမှသာ ကားမောင်းသူတွေ မတော်တဆထိခိုက်မှုတွေဖြစ်ပါက အကာအကွယ်ပေးမှာဖြစ်ပါတယ်။ ကားတွေရဲ့ဘော်ဒီကိုတော့ ကာဘွန်ဖိုက်ဘာ နဲ့ တည်ဆောင်ထားပြီး အင်ဂျင် supplier တွေကတော့ Ferrari ၊ Honda ၊ Mercedes နဲ့ Renault တို့ ဖြစ်ကြပါတယ်။

ကားတွေကို မတူညီတဲ့အသင်းတွေက ဒီဇိုင်းပုံစံမျိုးစုံနဲ့ ဖန်တီးကြပါတယ်။ သီးသန့်ဒီဇိုင်းထုတ်ဖန်တီးထားရတာဖြစ်တဲ့အတွက် ဖော်မြူလာဝမ်း ပြိုင်ပွဲဝင် ကားတစီးရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၀သန်းထက် မနည်းတန်ဖိုးရှိပါတယ်။ ပြိုင်ပွဲဝင်အသင်းကြီးတွေဟာ ပြိုင်ပွဲဝင်ကားတွေကို ပိုမိုကောင်းမွန်လာစေဖို့ ၁နှစ်ကို ဒေါ်လာ သန်း ရာနဲ့ချီ အကုန်ခံကာ ကြိုးစားလျက်ရှိပါတယ်။ လက်ရှိပြိုင်ပွဲဝင် ကားတွေရဲ့ တာယာကိုတော့ Pirelli က ပံ့ပိုးထားပြီး ဘယ်ရာသီဥတုမျိုးမှာမဆို ကောင်းမွန်စွာမောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲဝင်အသင်းစုစုပေါင်း ၁၀ သင်းရှိပြီး ၁သင်းစီမှာ ကား ၂စီး နဲ့ ဒရိုင်ဘာ ၂ဦး စီပါဝင်ယှဉ်ပြိုင်ရပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲ ၁ရာသီအတွက် ကြိုတင်သတ်မှတ်ထားတဲ့ ပြိုင်ကားကွင်းတွေရှိရာ နိုင်ငံတွေကို သွားရောက်ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ပြိုင်ပွဲဟာ ဖော်မြူလာဝမ်းရဲ့ နှစ် ၇၀ မြောက်ပြိုင်ပွဲလည်းဖြစ်ပါတယ်။ မူလက ၂၀၂၀ မတ်လမှာ ယှဉ်ပြိုင်လေ့ရှိပေမယ့် ကိုဗစ်ကြောင့် ဇူလိုင်လကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ မူလက ပြိုင်ပွဲ ၂၂ ပွဲအထိ ကျင်းပဖို့ ရည်ရွယ်ထားပေမယ့် တချို့ပြိုင်ပွဲတွေကို ဖျက်သိမ်းလိုက်တာကြောင့် ၁၇ ပွဲပဲ ပြိုင်ရတော့မှာဖြစ်ပါတယ်။

လက်ရှိပြိုင်ပွဲဝင်အသင်း ၁၀ သင်းကတော့ (၁) Alfa Romeo Racing-Ferrari ၊ (၂)AlphaTauri-Honda ၊ (၃)Ferrari ၊ (၄)Haas-Ferrari၊ (၅)McLaren-Renault ၊ (၆)Mercedes ၊ (၇)Racing Point-BWT Mercedes၊ (၈)Red Bull Racing-Honda ၊ (၉)Renault နဲ့ (၁၀) Williams-Mercedes တို့ဖြစ်ပါတယ်။ လက်ရှိပြိုင်ဆိုင်နေဆဲ ၂၀၂၀ ပွဲမှာတော့ မာစီးဒီးစ် အသင်းက Lewis Hamilton က ၁၅၇ မှတ်ရရှိထားပြီး ရှေ့ဆုံးကပြေးနေပါတယ်။ နောက်ဆုံးပွဲကိုတော့ ဒီဇင်ဘာလ ၁၃ရက်နေ့ကျရင် ယူအေအီး အဘူဒါဘီမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ Ferrari အသင်းအနိုင်ရခဲ့ရင်တော့ ဆုကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၅၁၂သန်း ရရှိနိုင်မှာဖြစ်ပြီး မာစီးဒီးစ်အသင်းအနိုင်ရခဲ့ရင်တော့ သန်း ၄၅၀ ခန့် ရရှိနိုင်မှာဖြစ်ပါတယ်။

ဒီလောက်များတဲ့ငွေတွေကို အကုန်အကျအခံပေးပြီး ကျင်းပတဲ့ ကုမ္ပဏီက ဘယ်လိုရသလဲ ဆိုတာကို သိချင်ကြမယ်ထင်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဖော်မြူလာဝမ်းအနေနဲ့ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၂ဘီလျံအထိ ရရှိခဲ့ပါတယ်။ ရုပ်သံလွှင့်ခွင့်ကနေ ၃၈% ၊ စပွန်ဆာကနေ ၁၅% နဲ့ hosting fees က ၃၀% ရရှိတာဖြစ်ပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲကို ကမ္ဘာအရပ်ရပ်က ပရိသတ်ပေါင်းများစွာက စောင့်ကြည့်လျက်ရှိပြီး ၂၀၁၉ ခုနှစ်စာရင်းအရ ရုပ်သံကြည့်ရှု့သူပေါင်း သန်း ၁၉၀၀ အထိ ရှိခဲ့တယ်လို့ သိရပါတယ်

39
$ 1.38
$ 0.71 from @MYOLINN1
$ 0.67 from @TheRandomRewarder

Comments

မပေါက်သေးဘူး

$ 0.00
3 years ago

ဗဟုသုတ

$ 0.00
3 years ago

ဝိုး

$ 0.00
3 years ago

O!

$ 0.00
3 years ago

Hello

$ 0.00
3 years ago

Cat

$ 0.00
3 years ago

ဟဟ

$ 0.00
3 years ago

အရမ်းကောင်းတယ်

$ 0.00
User's avatar Ya
3 years ago

First

$ 0.00
3 years ago

ကောင်းတယ်

$ 0.00
User's avatar Thu
3 years ago

Nice

$ 0.00
User's avatar Oo
3 years ago

ပြိုင်ပေါ့

$ 0.00
3 years ago

ပြိုင်မယ်လေ

$ 0.00
User's avatar lin
3 years ago

ကားပြိုင်မှာလား

$ 0.00
User's avatar wai
3 years ago

Nice

$ 0.00
3 years ago

ဟဟ

$ 0.00
3 years ago

ဟိုင်း

$ 0.00
3 years ago

I didn't understand all these . Because iam from Bangladesh . But i will try my best to support you .

$ 0.00
3 years ago

.

$ 0.00
3 years ago

.

$ 0.00
3 years ago

Nice

$ 0.00
3 years ago

ဗဟုသုတ

$ 0.00
3 years ago

Gg

$ 0.00
3 years ago