မွန်ဂိုအင်ပါယာကို တန်ပြန် အနိုင်တိုက်ခိုက် နိုင်ခဲ့ကြသူမျာ

2 20

ကမ္ဘာပေါ်မှာ တဆက်တည် အကျယ်ပြန့်ဆုံးသောအင်ပါယာကို ထူထောင်နိုင်ခဲ့တဲ့သူတွေအဖြစ် မွန်ဂိုစစ်သူရဲတွေဟာ ထင်ရှားကြပါတယ်။ စစ်တိုက်ဖို့မွေးဖွားလာသူတွေလို့ ဆိုစမှတ်ပြုရလောက်အောင် မွန်ဂိုတွေဟာ တချိန်လုံးစစ်ပွဲတွေကို ဖန်တီးနေခဲ့ကြပြီး အာရှနဲ့ ဥရောပ က နယ်မြေပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ မွန်ဂိုအင်ပါယာဘုရင် ဂျင်ဂျစ်ခန် လက်ထက်မှာကတည်းက မွန်ဂိုတွေရဲ့စစ်ရေးစွမ်းရည်တွေဟာ အဲဒီအချိန်က အမြင့်ဆုံးအဆင့်ကိုရောက်ရှိနေခဲ့ပြီး မြေးဖြစ်သူ ကူဘလိုင်ခန်ဟာလည်း အဖိုးရဲ့ခြေရာကို နင်းနိုင်သူလို့ ဆိုရမှာပါ။

မွန်ဂိုအင်ပါယာဟာ စတုရန်းမိုင်ပေါင်း ၉သန်းဝန်းကျင်အထိ ကြီးထွားခဲ့ပြီး နှစ်ပေါင်း ၁၅၀ နီးပါး တည်ရှိခဲ့ပါတယ်။ မွန်ဂိုတွေဟာ တိုက်ပွဲတိုင်းလိုလိုကို အောင်မြင်ခဲ့ပြီး အာရှနဲ့ဥရောပတလွှားမှာတော့ မွန်ဂိုတွေဟာ တားဆီးဖို့ခက်ခဲတဲ့ စစ်ဘီလူးတွေဖြစ်တယ်ဆိုပေမဲ့ သူတို့ကို ပြန်လည်ခုခံ အနိုင်ယူနိုင်ခဲ့တဲ့ နိုင်ငံတချို့ဟာလည်း သမိုင်းမှာတည်ရှိနေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဝေမျှပေးချင်တာကတော့ မွန်ဂိုတွေရဲ့စစ်သမိုင်းတစ်လျှောက် အရှုံးပေး လက်လျှော့ခဲ့ရတဲ့ ယင်းကာလ က မင်းနိုင်ငံအချို့အကြောင်းပဲ ဖြစ်ပါတယ်။

(၇) Delhi Sultanate

မွန်ဂိုအင်ပါယာ အာဏာစက်အမြင့်ဆုံးရောက်ချိန်မှာဆိုရင် တောင်ဘက်တရုတ်နိုင်ငံ ကနေ မြောက်ဘက်ပိုင်း ယခုရုရှားနိုင်ငံတွင်းက ဆိုက်ဘေးရီးယားအထိ နယ်မြေတွေကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ အဆုံးမရှိစစ်ပွဲဆင်နွှဲသူ မွန်ဂိုစစ်သူရဲတွေဟာဆိုရင် ခေါင်းဆောင် ဂျင်ဂျစ်ခန် သာ မကွယ်လွန်ခဲ့ရင်တော့ သူတို့ဟာဥရောပ တတိုက်လုံးကိုပါ သိမ်းပိုတ်သွားနိုင်မှာလို့ ဆိုလေ့ရှိကြပါတယ်။ဒါပေမဲ့မွန်ဂိုအင်ပါယာနဲ့ သိပ်မဝေးလှတဲ့ အာရှတိုက်တွင်းက နိုင်ငံတစ်ခုကိုတော့မွန်ဂိုတွေဟာ လုံးဝအောင်မြင်အောင်တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ယင်းနိုင်ငံကတော့ အိန္ဒိယနိုင်ငံတွင်းက ဘုရင် Alauddin Khalji အုပ်စိုးစဉ်ကာလက Delhi Sultanate ဖြစ်ပါတယ်။ မွန်ဂိုတွေဟာ Delhi Sultanate ကို(၇)ကြိမ်အထိ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပေမဲ့ အိန္ဒိယသားတွေကတော့ အောင်မြင်စွာတွန်းလှန်နိုင်ခဲ့ကြ ပါတယ်။ ယင်းမှတ်တမ်းတွေဟာ အိန္ဒိယစစ်သည်တော်တွေအတွက် ဂုဏ်ယူစရာသမိုင်း မှတ်တိုင်တွေဖြစ်ခဲ့ပြီး Khaliji စစ်သည်တွေဟာ မွန်ဂိုတွေကို ပြတ်ပြတ်သားသား အောင်နိုင်ခဲ့ကြပါတယ်။ အိန္ဒိယစစ်ဗိုလ်ချုပ် ဇာဖာခန်း ရဲ့ဖောက်ခွဲရေး စစ်မက်ရေးရာဗျူဟာ များစွာဟာဆိုရင် ယင်းကာလက စစ်ဘီလူး မွန်ဂိုတပ်မှူးတွေအကြား အလွန်ကို ထိတ်လန့်စရာအဖြစ်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

13
$ 0.00

Comments

မိုက်တယ်

$ 0.00
3 years ago

Gg

$ 0.00
3 years ago