မာစီးဒီးရဲ့ လူသိနည်းတဲ့ အချက် ၂၃ ချက်

17 18

ကားချစ်သူတော်တော်များများဟာ မာစီးဒီး Mercedes-Benz မော်တော်ကားတွေကိုနှစ်သက် တန်ဖိုးထားကြလေ့ရှိပါတယ်။ မာစီးဒီးကို ကမ္ဘာ့ထိပ်တန်း ကားတံဆိပ်တစ်ခုအဖြစ်ရှိနေပြီး အခြားနာမည်ကျော် brand တွေဖြစ်တဲ့ Honda ၊ Ford တို့နဲ့ ကမ္ဘာကားဈေးကွက်အတွင်းပြိုင်ဘက်တွေလည်းဖြစ်ပါတယ်။

ဂျာမန်ကားကုမ္ပဏီဖြစ်တဲ့ မာစီးဒီးကို Daimler AG လုပ်ငန်းစုကြီးက ပိုင်ဆိုင်ပါတယ်။ Mercedes-Benz ကုမ္ပဏီကိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၄နှစ်အကြာ ၁၉၂၆ ခုနှစ်က Karl Benz, Gottlieb Daimler တို့ကပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ Emil Jellinek ဟာ ဥရောပစွန့်ဦးတီထွင်လုပ်ငန်းရှင်တယောက်ဖြစ်ပြီး ကားတွေကို ဈေးကွက်ရှာကာ အဓိကရောင်းချပေးခဲ့သူလည်းဖြစ်ပါတယ်။ မာစီးဒီးဆိုတဲ့နာမည်ဟာ Emil Jellinek က သမီးဖြစ်သူ Mercedes Jellinek ရဲ့အမည်ကို ပေးခဲ့ရာက ဖြစ်ပေါ်လာခဲ့တာပါ။ ကုမ္ပဏီရုံးချုပ်ကတော့ ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာတည်ရှိပါတယ်။

၂၀၁၈ ခုနှစ်ကတော့ တကမ္ဘာလုံးကို မာစီးဒီးကားစီးရေပေါင်း ၂.၃သန်းခန့်ရောင်းချခဲ့ရပါတယ်။ ဘယ်လိုအချက်တွေ ကြောင့် မာစီးဒီးကားတွေ ဟာလူကြိုက်များထင်ရှားနေရပါသလဲ၊ ဒီတခါမျှဝေပေးချင်တာကတော့ မာစီးဒီ ရဲ့စိတ်ဝင်စားစရာအချက်အလက်တွေ ဖြစ်ပါတယ်။

(၁) The Marriage Secret (လက်ထပ်မှုနောက်ကွယ်က လျို့ဝှက်ချက်)

စကားလုံးတွေကိုကြည့်မယ်ဆိုရင်တော့ လူသား အမျိုးသားနဲ့ အမျိုးသမီးတစ်ယောက်လက်ထပ်တာဟာ မာစီးဒီး ကားတွေနဲ့ ဘယ်လိုဆက်နွယ်နေသလဲဆိုတာ မေးခွန်း ထုတ်စရာရှိနေပါတယ်။ အမှန်တော့ ပထမဆုံးသော ဓာတ်ဆီသုံးမာစီးဒီးမော်တော်ကားကို တီထွင်ခဲ့သူ လည်းဖြစ်၊ Mercedes-Benz ရဲ့တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်တဲ့ Karl Benz ကို လက်ထပ်ခွင့်ရရန်၊သဘောတူညီမှုတစ်ခုအနေဖြင့် Karl ရဲ့ချစ်သူမိန်းကလေး Bertha ဟာ သူရဲ့ dowery (သတို့သမီးက သတို့သားဘက်သို့ ပေးရသော ငွေကြေးဥစ္စာ) ကို ကုမ္ပဏီတည်ထောင်ရာမှာ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပါတယ်။ ဥပဒေအရ လက်မထပ်ခင်ကတော့ ရှယ်ယာရှင်အဖြစ် အကျုံးဝင်ပေမယ့် လက်ထပ်ပြီးတဲ့နောက်မှာတော့ Karl Benz ရဲ့ ဇနီးဖြစ်သွားပြီဖြစ်တဲ့အတွက် ရှယ်ယာရှင်အဖြစ် အကျုံးမဝင်တော့ပါဘူး။

(၂) Bicycle Plans(စက်ဘီးထုတ်လုပ်ရေးအစီစဉ်)

လွန်ခဲ့တဲ့(၁၅ နှစ်တာကာလဖြစ်တဲ့ (၂၀၀၅)ခုနှစ်ကတော့ မာစီးဒီးတာဝန်ရှိသူတွေဟာ မာစီးဒီးကာဘွန် ၊ Fitness နဲ့ Trailblazer အမည်ရတဲ့ စက်ဘီးမော်ဒယ် (၃)စီးထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အနည်းငယ်တော့ အံ့အားသင့်စရာဖြစ်ပေမဲ့ မာစီးဒီးထုတ်လုပ်ရေးတာဝန်ရှိသူတွေဟာ ခေတ်မီဆန်းပြားတဲ့စက်ဘီးထုတ်ကုန်တွေကို လာမယ့်အနာဂါတ်မှာလည်း ကမ္ဘာ့ဈေးကွက်အတွင်းတင်သွင်းဖို့အစီစဉ်ရှိနေတယ်လို့သိရပါတယ်။

(၃) The Pope Uses Benz Too(ပုပ်ရဟန်းမင်းကြီးစီးတဲ့ကား)

ဗာတီကန်စီးတီးမှာနေထိုင်တဲ့ ပုပ်ရဟန်းမင်းကြီးစီးနင်းတဲ့ ကားအမျိုးအစားကလည်း Mercedes-Benz Brand ထဲက M-Class SUV ဖြစ်ပါတယ်။ Oxygen system နဲ့ ကျည်ကာမှန်စနစ်တွေကိုတော့ ပုပ်ရဟန်းမင်းကြီးအတွက်သီးသန့်ထည့်သွင်းပေးထားပြီး Vip ပုဂ္ဂိုလ်တွေအတွက်အထူးသင့်လျော်တဲ့ ကားအမျိုးအစားအဖြစ် မာစီးဒီး ကိုညွှန်းဆိုလေ့ရှိပါတယ်။

(၄) Ranking

(၂၀၁၃)ခုနှစ်စာရင်းတွေအရ မာစီးဒီးကုမ္ပဏီဟာ ကမ္ဘာပေါ်က အလုပ်လုပ်ရန် အကောင်းဆုံးသောကုမ္ပဏီ(၁၀၀)စာရင်းမှာအဆင့် (၃၀) နေရာကနေပါဝင်လာခဲ့တယ်လို့သိ ရပါတယ်။ Mercedes ဟာကားအကောင်းစားတွေကို ထုတ်လုပ်နေရုံသာမက တာဝန်ခံဝန်ထမ်းတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ နေရာတစ်ခုအဖြစ် ရှိနေတာကိုပေါ်လွင်ထင်ရှားစေပါတယ်။

(၅) ကျော်ကြားသူတွေအတွက် မာစီးဒီး

Mercedes-Benz 600 မော်ဒယ်ဟာဆိုရင်ကမ္ဘာကျော်ပုဂ္ဂိုလ်တွေအကြားကျော်ကြားလှပါတယ်။ အဲဗစ်ပရက်စလေ ၊ ဂျွန်လင်နွန် ၊ Hugh Hefner ၊ Jack Nicholson ၊ Coco Chanel ၊ Aristotle Onassis ၊ ဖီဒယ်ကတ်စထရို နဲ့ အဲလစ်ဇဘက်တေလာ တို့အားဟာ Mercedes-Benz 600 မော်ဒယ်ကားကိုစီးနင်းကြသူတွေဖြစ်ပါတယ်။

(၇) Symbol (သင်္ကေတ)

မာစီးဒီးကားတွေ ရဲ့အရှေ့တည့်တည့်မှာပါဝင်နေတဲ့သုံးမြှောင့်ကြယ်ဟာ ကားရဲ့ကိုယ်ပိုင်သင်္ကေတအဖြစ်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ယင်းတံဆိပ်ကိုမြင်လိုက်တာနဲ့ မာစီးဒီး တံဆိပ်ကားဖြစ်တာကိုသိကြမှာဖြစ်ပြီး ဒီသုံးမြှောင့်ကြယ်ရဲ့ အစွန်းသုံးခုဟာမြေကြီး၊ ပင်လယ်နဲ့ လေ ကိုကိုယ်စားပြုပါတယ်။သဘောကတော့ သူတို့ကုမ္ပဏီရဲ့တံဆိပ်ဟာ နေရာတိုင်းမှာ စိုးမိုးမယ်လို့ ဆိုတာပဲဖြစ်ပါတယ်။

(၈) Motto(ဆောင်ပုဒ်)

မာစီးဒီးရဲ့ဆောင်ပုဒ်ကတော့ ဂျာမန်လို Das Beste oder Nichts ဖြစ်ပြီးအဓိပ္ပါယ်ကတော့ ဒီထက်ပိုကောင်းတာမရှိလို့ဆိုပါတယ်။အမှန်လည်း မာစီးဒီး ကားထုတ်လုပ်သူတွေဟာ ကမ္ဘာအကောင်းဆုံးသော မော်တော်ယာဉ်ဖန်တီးနိုင်ကြသူတွေဖြစ်ပါတယ်။

(၈) The Golden Fact

Abu Dhabi ကဘီလျှံနာတစ်ယောက်ကတော့ မာစီးဒီး ကားတစ်စီးကို သူအတွက် သီးသန့်ထုတ်လုပ်ပေးဖို့မှာယူခဲ့ပြီး ကားရဲ့အပြင်ပိုင်းအားလုံးကိုရွှေချခဲ့ပါတယ်။ ရွှေဖြူတွေကိုအသုံးပြုခဲ့တာဖြစ်ပြီး ယင်းတန်ဖိုးကတင်အမေရိကန်ဒေါ်လာ (၂.၅)သန်းအထိတန်ကြေးရှိနေပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင်တော့ ရွ

33
$ 0.04
$ 0.04 from @TheRandomRewarder

Comments

Hay

$ 0.00
3 years ago

ပတ

$ 0.00
3 years ago

ျ​ြ

$ 0.00
3 years ago

$ 0.00
3 years ago

Wo

$ 0.00
3 years ago

Ha

$ 0.00
3 years ago

War

$ 0.00
3 years ago

ဝိုး

$ 0.00
3 years ago

Ak

$ 0.00
User's avatar Ya
3 years ago

Kjs

$ 0.00
User's avatar Thu
3 years ago

Good

$ 0.00
User's avatar Oo
3 years ago

Gg

$ 0.00
3 years ago

ဟေ

$ 0.00
User's avatar lin
3 years ago

ဟဟ

$ 0.00
User's avatar wai
3 years ago

ဘီ

$ 0.00
3 years ago

အေ

$ 0.00
3 years ago

ဟိုင်း

$ 0.00
3 years ago