ကမ္ဘာကျော် ဟွန်ဒါ ကုမ္ပဏီ အကြောင်း

33 39

ဟွန်ဒါမော်တော်ကား ကုမ္ပဏီ Honda Motor Company, Ltd ဟာ ဂျပန်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီကြီးတခုဖြစ်သလို ကမ္ဘာပေါ်မှာ လူသိများတဲ့ နာမည်ကျော် ကုမ္ပဏီတခုလည်းဖြစ်ပါတယ်။ ကမ္ဘာတလွှားကို မော်ကော်ကား ၊ မော်တော်ဆိုင်ကယ် နဲ့ အခြားပါဝါဆိုင်ရာဆက်စပ်ပစ္စည်းတွေကို တင်ပို့ရောင်းချနေတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ဟွန်ဒါဟာ ၁၉၆၄ ခုနှစ်ကနေ ယခုအချိန်ထိ ကမ္ဘာ့အကြီးဆုံးမော်တော်ဆိုင်ကယ် ကုမ္ပဏီကြီးအဖြစ်ရပ်တည်ခဲ့ပြီး ၂၀၁၉ ခုနှစ်နှစ်ကုန်အထိ စီးရေ သန်း ၄၀၀ ခန့် ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်ပါတယ်။

မော်တော်ကား ကုမ္ပဏီအနေနဲ့ကတော့ ဂျပန်နိုင်ငံမှာ တိုရိုတာပြီးလျင် ဒုတိယအကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ၈ခုမြောက် အကြီးဆုံး ကားကုမ္ပဏီဖြစ်ပါတယ်။ ဟွန်ဒါဟာ ဇိမ်ခံတန်ဖိုးကြီး မော်တော်ကားအမျိုးအစားကို (Acura) ၁၉၈၆ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ပထမဆုံးကားကုမ္ပဏီလည်းဖြစ်ပါတယ်။ ဟွန်ဒါကုမ္ပဏီရဲ့ ရုံးချုပ်ကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ Minato ရပ်ကွက်မှာ တည်ရှိပါတယ်။

အသက် ၁၅နှစ်မှာ ကျောင်းထွက်ခဲ့ရတဲ့ ဆွိုင်ချီရို ဟွန်ဒါဆိုတဲ့ စက်ပြင်ဆရာတယောက် ဂိုထောင်တလုံးကနေ စတင်ခဲ့တဲ့ ဟွန်ဒါကုမ္ပဏီဟာ လက်ရှိအချိန်မှာတော့ ဝန်ထမ်းပေါင်း ၂၁၅၆၃၈ဦးခန့်ကာ ၂၀၁၈ ခုနှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၅ ဘီလျံအထိ ရရှိခဲ့တဲ့ ဧရာမကုမ္ပဏီကြီးတခုဖြစ်လာခဲ့ပါပြီ။ ဒီတခါတော့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ရင်းနှီးပြီးဖြစ်တဲ့ ဟွန်ဒါကုမ္ပဏီရဲ့ အကြောင်းကို ဝေမျှသွားပါမယ်။

ဆွိုင်ချီရို ဟွန်ဒါ

ဆွိုင်ချီရို ဟွန်ဒါ ကို ဂျပန်နိုင်ငံ ဟာမားမားစုမြို့အနီးက Kōmyō ဆိုတဲ့ရွာကလေးမှာ၁၉၀၆ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ဟွန်ဒါတို့မိသားစုဟာ ချို့တဲ့ပါတယ်။ ဖခင်ဖြစ်သူက ပန်းပဲဆရာတဖြစ်လဲ စက်ဘီးပြင်သူ တယောက်ဖြစ်ပြီး မိခင်ကတော့ ယက္ကန်းသမတယောက်ဖြစ်ပါတယ်။ ဟွန်ဒါဟာ ငယ်စဉ်ကတည်းက ဖခင်ရဲ့လုပ်ငန်းမှာ ဝင်ရောက်ကူခဲ့ရပြီး အဲဒီအချိန်ကတည်းက တံဆိပ်တုံးတွေကို စက်ဘီးလက်ကိုင်ရာဘာတုံးတွေနဲ့ သူ့ဟာသူ ဖန်တီးတတ်နေပါပြီ။

သူ လူပျိုဝင်စအရွယ်မှာမှ မော်တော်ကားကို ပထမဆုံးမြင်ခဲ့ဖူးပြီး အရမ်းသဘောကျခဲ့ပါတယ်။ ကျောင်းစာကို စိတ်မဝင်စားတဲ့ ဟွန်ဒါဟာ အသက် ၁၅နှစ်မှာပဲ ကျောင်းကနေ ထွက်ခဲ့ပြီး တိုကျိုမှာ အလုပ်သင် စက်ပြင် တယောက်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ ၆နှစ်ကြာ စက်ပြင်ဆရာတယောက်အဖြစ် အသက်မွေးခဲ့ပြီးတဲ့နောက် ၁၉၂၈ ခုနှစ်မှာတော့ အိမ်ကိုပြန်ကာ ကိုယ်ပိုင်ဝပ်ရှော့တခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ ဝပ်ရှော့လုပ်နေရင်း မော်တော်ကား အင်ဂျင်မှာသုံးတဲ့ ပစ္စတင်ကွင်း တွေကို ဖန်တီးထုတ်လုပ်ကာ တိုယိုတာ ကုမ္ပဏီကို သွင်းခဲ့ပေမယ့် အရည်အချင်းမမီလို့ ပယ်ချခံခဲ့ရတယ်။

ပိုင်ဆိုင်သမျှပစ္စည်းအချို့ကိုရောင်းကာ ဖန်တီးထားတဲ့ပစ္စည်းတွေ အငြင်းပယ်ခံရပေမယ့် ဟွန်ဒါစိတ်မပျက်သွားခဲ့ပါဘူး။ အရည်အသွေးမမီတဲ့ သူ့ရဲ့ပစ္စည်းတွေကို အရည်သွေးမီအောင်ပြုလုပ်နိုင်ဖို့ပဲ သူစဉ်းစားခဲ့တယ်။ အဓိကကတော့ သူဟာ သတ္တုရောစပ်နည်းကို စနစ်တကျ မသိခဲ့တာကြောင့်ဖြစ်တယ်။ ဒါကြောင့် အင်ဂျင်နီယာကျောင်းတခုမှာ ဝိုင်းလှောင်ခံရတဲ့ကြားကပဲ ဒီပညာကို ကြိုးစားလေ့လာခဲ့တယ်။ အဲဒီနောက်တော့ ပစ္စည်းတွေပြန်ထုတ်တဲ့အခါ အရည်အသွေးမီသွားပြီဖြစ်တာကြောင့် တိုယိုတာကုမ္ပဏီက လက်ခံခဲ့တယ်။ ၁၉၃၇ ခုနှစ်မှာ တိုကိုင် ဆီကီ ဆိုတဲ့ ကုမ္ပဏီကို စတင်တည်ထောင်ပြီး ပစ္စတင်ကွင်းတွေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

စက်ရုံ ၂ရုံဖွင့်နိုင်ခဲ့တဲ့ အထိအောင်မြင်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာ စက်ရုံတရုံက ဗုံးကြဲခံရသလို တရုံက ငလျှင်ကြောင့်ပြိုသွားခဲ့တယ်။ ဒါပေမယ့် ဟွန်ဒါက စိတ်မပျက်ခဲ့ပါဘူး။ လက်ကျန်ရှိနေတဲ့ပစ္စည်းတွေကို တိုယိုတာထံ ယန်း ၄၅၀၀၀၀ နဲ့ ရောင်းလိုက်ပြီး အစက ပြန်စတယ်။ ဟွန်ဒါနည်းပညာ သုတေသနစင်တာဆိုပြီး ၁၉၄၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်။ အဲဒီကာလက ဓာတ်ဆီရှားတာကြောင့် စက်ဘီးမှာ ဆီအစားသက်သာတဲ့ အင်ဂျင်အသေးလေးတွေတပ်ဖို့ အကြံရတယ်။ ဒီလိုနဲ့ ၁၇၀ စတုရန်းပေသာကျယ်တဲ့ ဂိုထောင်ကျဉ်းကျဉ်းလေးထဲမှာ ဝန်ထမ်း ၁၂ယောက်နဲ့အတူ စက်တပ်စက်ဘီးတွေကို ထုတ်လုပ်ခဲ့တယ်။ အလွန်လူကြိုက်များအောင်မြင်ခဲ့ပါတယ်။

ဂျပန်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တဲ့ Takeo Fujisawa နဲ့ ပူးပေါင်းမိခဲ့ရာကနေ ဟွန်ဒါမော်တာကုမ္ပဏီဆိုပြီးဖြစ်လာခဲ့ပါတယ်။ စက်တပ်စက်ဘီးတွေကို ထုတ်လုပ်ခဲ့ရာကနေ ၁၉၄၉ ခုနှစ်မှာတော့ မော်တော်ဆိုင်ကယ်တွေကို စတင်ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ၁၉၅၈ မှာတော့ ဟွန်ဒါရဲ့ နာမည်အကြီးဆုံး လူသိအများဆုံးဖြစ်တဲ့ စူပါကပ်မော်တော်ဆိုင်ကယ်တွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဆီစားသက်သာပြီး ပေါ့ပါးတဲ့ဒီဇိုင်းနဲ့ တန်ဖိုးနည်းတဲ့ ဟွန်ဒါမော်တော်ဆိုင်ကယ်တွေကို အမေရိကန်အထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အမေရိကန်ရဲ့ နာမည်ကျော် Triumph နဲ့ Harley Davidson ကို ကျော်လွန်အောင် ရောင်းချနိုင်ခဲ့တဲ့ အထိ အောင်မြင်လာခဲ့ပါတယ်။

၁၉၆၃ ခုနှစ်မှာတော့ ဟွန်ဒါကုမ္ပဏီရဲ့ ပထမဆုံး မော်တော်ကားအဖြစ် T360 မီနီပစ်ကပ်ကားလေးတွေကို စတင်ထုတ်လုပ်နိုင်ခဲ့တယ်။ အဲဒီနှစ်မှာပဲ ဟွန်ဒါရဲ့ ပထမဆု

49
$ 9.54
$ 9.54 from @TheRandomRewarder

Comments

Gg

$ 0.00
3 years ago

H

$ 0.00
3 years ago

ပေါက်ကြီး

$ 0.00
3 years ago

မိုက်

$ 0.00
3 years ago

သွားစို့

$ 0.00
3 years ago

ပိုစ်

$ 0.00
3 years ago

ဝိုး

$ 0.00
3 years ago

ပေါက်ပို့

$ 0.00
3 years ago

..

$ 0.00
3 years ago

Gg

$ 0.00
3 years ago

မိုက်

$ 0.00
3 years ago

Wowwe

$ 0.00
3 years ago

Hello

$ 0.00
3 years ago

Hi

$ 0.00
3 years ago

R1

$ 0.00
3 years ago

လိုက်မယ်

$ 0.00
3 years ago

Cat

$ 0.00
3 years ago

Hi

$ 0.00
3 years ago

chear

$ 0.00
3 years ago

Joker

$ 0.00
3 years ago

Big

$ 0.00
3 years ago

ဟိုင်း

$ 0.00
3 years ago

Firend

$ 0.00
3 years ago

Hi

$ 0.00
3 years ago

စီးချင်တယ်

$ 0.00
User's avatar Ya
3 years ago

ဝယ်ပေးလေ

$ 0.00
User's avatar Thu
3 years ago

Stay Home

$ 0.00
3 years ago

Good

$ 0.00
User's avatar Oo
3 years ago

Hoho

$ 0.00
User's avatar lin
3 years ago

Hehe

$ 0.00
User's avatar wai
3 years ago

Haha

$ 0.00
3 years ago

hello

$ 0.00
3 years ago

လေယဥ်ပျံနဲ့သွားမှာလား...?

$ 0.00
3 years ago