အာဖရိကတိုက်ရဲ့ အချမ်းသာဆုံး ၁၀ နိုင်ငံ

3 19

အာဖရိကလို့ ဆိုလိုက်တာနဲ့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေ ရှိရာ တိုက်အဖြစ် အားလုံးသိကြပြီးဖြစ်မှာပါ။ တကယ်လည်း တောင်အာဖရိကတိုက်ရဲ့ နိုင်ငံအများစုဟာ အတော်လေးဆင်းရဲကြပါတယ်။ တောင်ဆူဒန် တို့ ဆိုမာလီယာ တို့လို နိုင်ငံတွေဆိုရင် နိုင်ငံသားတယောက်ရဲ့ တနှစ်လုံးစာပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင်ပဲရှိပါတယ်။ ဒါပေမယ့် အာဖရိကရဲ့ နိုင်ငံအနည်းငယ်ကတော့ ကမ္ဘာ့အဆင့်နဲ့ ယှဉ်ရင်တောင် အလယ်အလတ် အဆင့်မှာရှိနေပါတယ်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်ရဲ့စာရင်းအရ အာဖရိကတိုက်ရဲ့ အချမ်းသာဆုံးက ဘယ်နိုင်ငံတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။

၁၀။ Eswatini

အရင်က ဆွာဇီလန် အမည်ကနေ Eswatini လို့ နာမည်ပြောင်းခဲ့တဲ့နိုင်ငံဖြစ်ပြီး အာဖရိကတိုက် တောင်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ စီးပွားရေးဟာ တောင်အာဖရိကနိုင်ငံကို မှီတည်နေပါတယ်။ သွင်းကုန် ၉၀% ကို တောင်အာဖရိကနိုင်ငံကနေ တင်သွင်းရတာဖြစ်ပြီး ပို့ကုန် ၇၀% ကိုလည်း တောင်အာဖရိက ကိုပဲ ပို့ဆောင်ရလို့ ဖြစ်ပါတယ်။ အခြားအာဖရိက နိုင်ငံအများစုထက်စာရင် အနည်းငယ် စီးပွားရေး တိုးတက်တဲ့ နိုင်ငံလို့ ဆိုရပါမယ်။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ကတော့ ကျောက်မီးသွေးတွင်း ၊ သစ်သားပျော့ဖတ် ၊ သကြား ၊ ဖျော်ရည် ၊ ချည်မျှင် နဲ့ အဝတ်အထည် လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ Eswatini နိုင်ငံသားတယောက်ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃၈၃၇ ဖြစ်ပါတယ်။

၉။ Algeria

နိုင်ငံရဲ့တရားဝင်အမည်က အယ်လ်ဂျီးရီးယား ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဖြစ်ပြီး အာဖရိကမြောက်ပိုင်းမှာ တည်ရှိပါတယ်။ အာဖရိကတိုက်ရဲ့ အကြီးဆုံးနိုင်ငံဖြစ်သလို ကမ္ဘာပေါ်မှာတော့ ၁၀ ခု မြောက် အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကနေစတင်လို့ အယ်လ်ဂျီးရီးယားရဲ့စီးပွားရေးဟာ နှစ်စဉ် ပျမ်းမျှ ၄% တိုးတက်နေပြီး အလယ်အလတ်ဝင်ငွေရရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ကတော့ ရေနံ ၊ သဘာဝဓာတ်ငွေ့ ၊ အသေးစားစက်မှုထုတ်ကုန် ၊ သတ္တုတူးဖော်ရေး ၊ အစားအစာ နဲ့ ရေနံဓာတု ထုတ်ကုန် စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေကြပါတယ်။ အယ်လ်ဂျီးရီးယားနိုင်ငံသား တယောက်ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃၉၄၈ ဖြစ်ပါတယ်။

၈။ Namibia

နမ်မီးဘီးယား သမ္မတနိုင်ငံကတော့ အာဖရိကတောင်ပိုင်းနိုင်ငံဖြစ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာ နဲ့ ထိစပ်နေပါတယ်။ လူဦးရေ ၂.၆သန်းကျော် နေထိုင်ပြီး တည်ငြိမ်တဲ့နိုင်ငံရေးကို ပိုင်ဆိုင်ထားပါတယ်။ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ နို့ထွက်ပစ္စည်း ၊ ပတ်စတာ ၊ အဖျော်ယမကာ ၊ သတ္တုတူးဖော်ရေး(စိန် ၊ ဇင့် ၊ ငွေ ၊ ခဲ ၊ ကြေးနီ..) နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေက နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။ နမ်မီးဘီးယား နိုင်ငံသားတယောက်ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၄၉၅၈ ဖြစ်ပါတယ်။

၇။ South Africa

အာဖရိကရဲ့ တောင်ဘက်အကျဆုံးနိုင်ငံဖြစ်တဲ့ တောင်အာဖရိက သမ္မတနိုင်ငံဟာ နိုင်ငံအလိုက်ဆိုရင် အာဖရိကရဲ့ ဒုတိယစီးပွားရေး အတောင့်တင်းဆုံးနိုင်ငံဖြစ်ပါတယ်။ သူနဲ့ နယ်နိမိတ်ခြင်းထိစပ်လျက်ရှိတဲ့ အာဖရိက နိုင်ငံအချို့ရဲ့စီးပွားရေးဟာ ဒီနိုင်ငံအပေါ်ကို မှီတည်နေပါတယ်။ ၁၂ နှစ်ကြာ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုကာလပြီးဆုံးပြီးတဲ့နောက် တောင်အာဖရိကရဲ့ စီးပွားရေးဟာ တရိပ်ရိပ်တိုးတက်လာခဲ့တာဖြစ်ပါတယ်။ အာဖရိကတိုက်က ဖြစ်ပေမယ့် ခေတ်မီတိုးတက်လျက်ရှိတဲ့ မြို့ပြ အဆောက်အဦးတွေကို ပိုင်ဆိုင်ထားပါတယ်။

စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ကတော့ တွင်းထွက်တူးဖော်ရေး ၊ မော်တော်ကား ထုတ်လုပ်ရေး ၊ သတင်းအချက်အလက် နည်းပညာ၊ စက်မှုထုတ်ကုန် ၊ ချည်မျှင် ၊ သံမဏိ ၊ ဓာတုထုတ်ကုန် ၊ အစားအစာ ၊ သင်္ဘောပြုပြင်ရေး နဲ့ ဓာတ်မြေသြဇာ ထုတ်လုပ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ တောင်အာဖရိက နိုင်ငံသားတယောက်ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၆၀၀၁ ဖြစ်ပါတယ်။

၆။ Gabon

ဂါဘွန်နီစ်သမ္မတနိုင်ငံကတော့ အာဖရိတိုက်အလယ် အနောက်ပိုင်းမှာ တည်ရှိပါတယ်။ အာဖရိကရဲ့ အလယ်အလတ်ဝင်ငွေ ၈နိုင်ငံရှိတဲ့အထဲက တနိုင်ငံဖြစ်ပါတယ်။ ဂါဘွန်နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းကတော့ ရေနံတူးဖော်တဲ့လုပ်ငန်းဖြစ်ပြီး (၁၉၇၀) လောက်ကတည်းက ဂါဘွန်ရဲ့ကမ်းခြေဒေသတွေမှာ ရေနံကိုစတင်တွေရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါအပြင် ကျွန်းသစ်ထုတ်လုပ်တဲ့လုပ်ငန်း၊ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းတွေဟာလည်း ဂါဘွန်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေအဓိကရနေတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဂါဘွန်နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေက အမေရိကန်ဒေါ်လာ ၇၆၆၇ ဖြစ်ပါတယ်။

၅။ Libya

လစ်ဗျားနိုင်ငံကတော့ အာဖရိကမြောက်ပိုင်း Maghreb ဒေသမှာ တည်ရှိပါတယ်။ နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းက ရေနံတူးဖော်ရေးဖြစ်ပြီး နိုင်ငံဝင်ငွေစုစုပေါင်းရဲ့ ၆၀% က ရေနံကနေ ရရှိတာဖြစ်ပါတယ်။ ပထမအကြိမ်ပြည်တွင်းစစ်ကြောင့် စီးပွားရေးနှောင့်နေးခဲ့သလို ၂၀၁၄ ခုနှစ်မှစတင်ကာ ယနေ့အချိန်ထိ ဖြစ်ပွားလျက်ရှိတဲ့ ဒုတိယပြည်တွင်းစစ်ဟာ နိုင်ငံရဲ့စီးပွားရေးကို ကြီးစွာဟန့်တားလျက်ရှိပါတယ်။ ဒါပေမယ့်လည်း အခြားအာဖရိကနိုင်ငံတွေနဲ့ယှဉ်ရင် လစ်ဗျားနိုင်ငံသားတွေရဲ့ ဝင်ငွေဟာ အလွန်မြင့်လျက်ရှိနေဆဲပါ။ ရေနံကို အဓိကထုတ်လုပ်ပြီး အခြားလုပ်ငန်းများအနေနှင့် သံမဏိ ၊ အစားအစာ ၊ ဘိလပ်မြေ နဲ့ ချည်မျှင်လုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိပါတယ်။ လစ်ဗျားနိုင်ငံသားတဦးရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၇၆၈၄ ဖြစ်ပါတယ်။

၄။ Botswana

ဘော့ဆွာနာ သမ္မတနိုင်ငံကတော့ အာဖရိကတိုက်တောင်ပိုင်းမှာတည်ရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ တချိန်က အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်ခဲ့ပေမယ့် ၂၁ရာစုမှာတော့ အမြန်ဆုံးတိုးတက်လာတဲ့ အာဖရိကနိုင်ငံ တနိုင်ငံဖြစ်လာအောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ၅% စီတိုးတက်လာပြီး လာမယ့်နှစ်တွေမှာ ၇% အထိ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ဖို့ ပစ်မှတ်ထားလျက်ရှိပါတယ်။ စိုက်ပျိုးရေး ၊ စိန် ၊ ကြေးနီ ၊ နီကယ် ၊ ဆား ၊ ပိုတက်ရှ် ၊ ကျောက်မီးသွေး ၊ သံရိုင်း ၊ ငွေ ၊ အသား နဲ့ ချည်မျှည် လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပါတယ်။ ဘော့ဆွာနာ နိုင်ငံသားတယောက်ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၇၉၆၁ ဖြစ်ပါတယ်။

၃။ Equatorial Guinea

အက်ကွာတိုရီယယ် ဂီနီ သမ္မတနိုင်ငံကတော့ အာဖရိကတိုက် အလယ်ပိုင်းမှာ တည်ရှိတဲ့နိုင်ငံဖြစ်ပြီး ၁၉၆၈ ခုနှစ်အထိ စပိန်နိုင်ငံရဲ့ နယ်မြေတခုဖြစ်ခဲ့ပါတယ်။ ၂၁ ရာစု အစပိုင်းကတည်းက ဒီနိုင်ငံရဲ့စီးပွားရေးဟာ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းကနေ ပယ်ဖျက်ခံခဲ့ရပြီး အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံစာရင်း ဝင်သွားခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်နောက်ပိုင်း ရေနံသိုက်တွေ တွေ့ရှိခဲ့ရာကနေ နိုင်ငံရဲ့စီးပွားရေးဟာ ရေနံအပေါ် အဓိက မှီခိုလာခဲ့ရပါတယ်။ အခြားလုပ်ငန်းများအနေနဲ့ကတော့ ကော်ဖီ ၊ ငါးလုပ်ငန်း ၊ သစ်ထုတ်လုပ်ရေး နဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ အက်ကွာတိုရီယယ် ဂီနီ နိုင်ငံသားတယောက်ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၁၃၂ ဖြစ်ပါတယ်။

၂။ Mauritius

မောရစ်သျှကတော့ အိန္ဒိယသမုဒ္ဒရာထဲမှာတည်ရှိတဲ့ ကျွန်းစုနိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ အာဖရိကမှာ ကမ္ဘာ့တဦးချင်းဝင်ငွေ အမြင့်မားဆုံးနိုင်ငံ ၂ခုအနက်က တခုဖြစ်သလို ၂၀၁၉ ခုနှစ် အာဖရိကရဲ့ အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ သကြား နဲ့ လက်ဖက်ကတော့ ဒီနိုင်ငံရဲ့အဓိက စီးပွားရေးထုတ်ကုန်ဖြစ်ပြီး ခရီးသွားလာရေးကတော့ ဒုတိယဖြစ်ပါတယ်။ မောရစ်သျှ ဟာ ကမ္ဘာ့အတိုးတက်ဆုံး ကျွန်းနိုင်ငံအဖြစ် ၃ကြိမ်ဆက်တိုက် သတ်မှတ်ခံထားရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အခြားစီးပွားရေးလုပ်ငန်းအနေနဲ့ကတော့ အစားအစာ ၊ ကြံစိုက်ပျိုးရေး ၊ ချည်မျှင် အထည် ၊ တွင်းထွက် သတ္တုတူးဖော်ရေး ၊ ဓာတုပစ္စည်း ၊ သယ်ယူပို့ဆောင်ရေး ကိရိယာများ ၊ စက်မှုထုတ်ကုန်များ ထုတ်လုပ်ခြင်း တို့ကို လုပ်ကိုင်ကြပါတယ်။ မောရစ်သျှနိုင်ငံသား တဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁၁၂၀၄ ဖြစ်ပါတယ်။

၁။ Seychelles

အာဖရိကတိုက်ရဲ့ တဦးချင်းဝင်ငွေအလိုက်အချမ်းသာဆုံး နိုင်ငံကတော့ ဆေရှဲသမ္မတနိုင်ငံဖြစ်ပါတယ်။ ဆေရှဲသမ္မတနိုင်ငံကတော့ အိန္ဒိယသမုဒ္ဒရာထဲမှာတည်ရှိပြီး ကျွန်းပေါင်း ၁၁၅ ကျွန်းနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံအကျယ်အဝန်းက စတုရန်းမိုင် ၁၇၄ သာရှိတဲ့အတွက် အာဖရိကရဲ့ အသေးဆုံးနိုင်ငံဖြစ်သလို လူဦးရေအနေနဲ့ကလည်း ၉၈,၄၆၂ သာရှိတဲ့အတွက် အာဖရိကရဲ့ လူဦးရေ အနည်းဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေကို အစိုးရက ခွင့်ပြုပေးလိုက်ပြီးနောက်ပိုင်း စီးပွားရေး တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ စိုက်ပျိုးရေး နဲ့ ငါးဖမ်းလုပ်ငန်းတွေက အဓိက လုပ်ငန်းတွေဖြစ်ပြီး အခြားလုပ်ငန်းတွေအနေနဲ့ ခရီးသွားလာရေးဝန်ဆောင်မှု ၊ လှေတည်ဆောက်မှု ၊ ပရိဘောဂ နဲ့ အဖျော်ယမကာ လုပ်ငန်းတွေ

13
$ 0.00

Comments

မိုက်တယ်

$ 0.00
3 years ago

Gg

$ 0.00
3 years ago

ဝိုး

$ 0.00
3 years ago