သစ်ပင်ရွှေ့ပြောင်းစိုက်ပျိုးစက်များအကြောင်း

21 11

အကြောင်းတစုံတရာပြုလုပ်ဖို့ မလွတ်တဲ့အခါ အများစု လုပ်လေ့ရှိတဲ့အလွယ်ကူဆုံးနည်းလမ်းကတော့ သစ်ပင်တွေကို ခုတ်ပစ်လိုက်ခြင်းပါပဲ။ ဒါပေမယ့် သစ်ပင်ချစ်တဲ့သူအချို့ကတော့ သစ်ပင်ကိုခုတ်လည်းမပစ်ချင် ၊ နေရာလည်းလွတ်သွားချင်တဲ့အခါမျိုးမှာ သစ်ပင်တွေကို ခက်ခက်ခဲခဲ နေရာရွှေ့ပြောင်းဖို့ ကြိုးစားကြပါတယ်။ နေရာတခုမှာ နှစ်ပေါင်းများစွာရှိနေပြီးဖြစ်တဲ့ သစ်ပင်တပင်ကို အခြားတနေရာကို ပြောင်းရွှေ့ရတာဟာ မလွယ်ကူလှပါဘူး။

ဟိုးအရင်ကတော့ လူအားချည်းသက်သက်သုံးကာ သစ်ပင် နဲ့အတူ အမြစ်တွေကိုပါတူးပြီး ရွှေ့ပြောင်းတဲ့နည်းလမ်းကို သုံးခဲ့ကြပါတယ်။ ဒီနည်းလမ်းကတော့ လူအင်အားများစွာလိုသလို အချိန်လည်းအတော်ကြီးပေးရပါတယ်။ ဒါအပြင် တော်ရုံကြီးတဲ့အပင်တွေကိုလည်း ရွှေ့ပြောင်းလို့မရပါဘူး။ ယခုနောက်ပိုင်းမှာတော့ စက်စွမ်းအားကို အသုံးပြုပြီး သစ်ပင်တွေကိုတူးဖော် ရွှေ့ပြောင်းနိုင်မယ့် စက်တွေကို တီထွင်လာကြပါတယ်။

သစ်ပင်ရွှေ့စက် (သို့) သစ်ပင်တူးစက်တွေကိုတော့ Tree Spade လို့ခေါ်ပါတယ်။ တိုက်ရိုက်ပြန်မယ်ဆိုရင်တော့ သစ်ပင်ဂေါ်ပြားပေါ့။ ယနေ့ခေတ်စိုက်ပျိုးရေး နဲ့ ဥယျာဉ်လုပ်ငန်းတွေမှာ ဒီစက်တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာကြပါပြီ။ ဒီစက်တွေကို ကြီးမားတဲ့အပင်တွေကို လွယ်ကူစွာ နဲ့ မိနစ်ပိုင်းအတွင်းရွှေ့ပြောင်းနိုင်စေဖို့ သီးသန့်ဒီဇိုင်းထုတ် ဖန်တီးထားတာဖြစ်ပါတယ်။ အရမ်းကြီးမားလွန်းတဲ့အပင်တွေကိုတော့ ပြောင်းရွှေ့နိုင်ခြင်း မရှိပါဘူး။

ဒီစက်ဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်နည်းလမ်းတွေကို စက်ကိုလုပ်ဆောင်စေခြင်းဖြစ်ပြီး လယ်ထွန်စက် ၊ ရိတ်သိမ်းစက် နဲ့ မြေတူးစက်တွေကို ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်ပါတယ်။ ပုံမှန် သစ်ပင်ရွှေ့စက်တလုံးမှာ ဂေါ်ပြားအချွန် ၃ ခုကနေ ၄ခုအထိ ပါလေ့ရှိပါတယ်။ ပထမဦးစွာ ဒီဂေါ်ပြားချွန်တွေနဲ့ အပင်ပတ်ပတ်လည်ကို စက်ဝိုးသဏ္ဍာန်ဝိုင်းထားလိုက်မှာဖြစ်ပါတယ်။ အဲဒီနောက်တော့ မြေကိုပျော့သွားစေဖို့ ဂေါ်ပြားချွန်တွေထိပ်ကနေ ရေကျလာမှာဖြစ်ပြီး မြေကိုစတူးပါတော့တယ်။ ပျော့ပြီးသားမြေတွေမှာတော့ ရေလောင်းလေ့မရှိပဲ တိုက်ရိုက်တူးလေ့ရှိပါတယ်။

ဂေါ်ပြားချွန်တွေကို နည်းနည်းချင်းစီ ထိုးသွင်းပြီး ဂေါ်ပြားချွန်ထိပ်ချင်းထိသွားပြီးတဲ့နောက်မှာတော့ အပင် နဲ့ အတူအောက်က မြေကြီးတွေကိုပါ တပါတည်း မလိုက်ပါတော့တယ်။ အဲဒီနောက်တော့ ဒီအတိုင်းပဲ ပြောင်းစိုက်မယ့်နေရာဆီ ယာဉ်နဲ့သယ်ဆောင်သွားပြီး အသင့်တူးထားတဲ့တွင်းထဲမှာ သစ်ပင်ကိုစိုက်ချလိုက်ပါတော့တယ်။ ဂေါ်ပြားချွန်တွေကို အပေါ်ဘက် မတင်ပြီး နှုတ်လိုက်တဲ့အခါမှာတော့ သစ်ပင်ကို ရွှေ့ပြောင်းစိုက်ပျိုးမှုပြီးစီးသွားပြီဖြစ်ပါတယ်။

VIDEO

Tree spade စက်တွေကို အရွယ်အစားအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုး နဲ့ ထုတ်လုပ်လေ့ရှိပါတယ်။ မြေအမျိုးမျိုးပေါ်မှာလိုက်ပြီး ဝယ်ယူသူတွေရဲ့ လိုအပ်ချက်အရ ထုတ်လုပ်သူတွေက သင့်တော်တဲ့ဒီဇိုင်းလုပ်ပေးလေ့ရှိပါတယ်။ ပုံမှန်ဒီဇိုင်းတွေကိုတော့ ဂေါ်ပြားချွန် အဖြောင့် ၊ အကွေး ၊ တူးထုတ်မယ့်အမြစ်ထုရဲ့အချင်း ၊ အမြစ် ရဲ့အနက် နဲ့ အမြစ်ထုကို ထားရှိမယ့်ဒီဂရီ စတာတွေပေါ်မှာမူတည်ပြီး ထုတ်လုပ်ထားတဲ့ ဒီဇိုင်းတွေဖြစ်ပါတယ်။

အလွန်ဝေးတဲ့နေရာကို လမ်းတွေ တံတားတွေဖြတ်ပြီး သယ်ဆောင်တဲ့အခါမျိုးမှာတော့ သယ်ဆောင်ရလွယ်ကူစေဖို့ သစ်ပင်တွေကို ရေပြင်ညီနီးပါး စောင်းထားကာ သယ်ဆောင်ကြရပါတယ်။

အလွန်တရာကြီးမားတဲ့ သစ်ပင်ကြီးတွေကိုရွေ့ပြောင်းတဲ့အခါမှာတော့ ဒီစက်တွေနဲ့ အဆင်မပြေတော့ပဲ လူအင်အား နဲ့ ယာဉ်ကြီးတွေကိုသုံးကာ ရွှေ့ပြောင်းရပါတယ်။ သစ်ပင်ကြီးရဲ့ အမြစ်အောက်ဘက်ထိ မြေကိုတူးပြီး အမြစ်ထု နဲ့အတူ အပင်ကြီးတပင်လုံးကို ဘောင်ခတ်ဖို့ သစ်သားတွေနဲ့ အခိုင်အမာတည်ဆောက်ရပါတယ်။ အဲဒီနောက်တော့ ဧရာမကုန်တင်ကားကြီးတွေနဲ့ ရွှေ့ပြောင်းစိုက်ပျိုးမယ့်နေရာကို ယ်ဆောင်သွားရပါတယ်။ စိတ်ဝင်စားရင် အောက်က ဗီဒီယိုမှာကြည့်ရှု့နိုင်ပါတယ်။

VIDEO

——– —— ——–

33
$ 0.27
$ 0.27 from @TheRandomRewarder

Comments

အား

$ 0.00
3 years ago

ဟေ

$ 0.00
3 years ago

$ 0.00
3 years ago

Wore

$ 0.00
3 years ago

Good

$ 0.00
3 years ago

War

$ 0.00
3 years ago

ဝိုး

$ 0.00
3 years ago

Gn

$ 0.00
User's avatar Ya
3 years ago

Nice

$ 0.00
3 years ago

Ok

$ 0.00
User's avatar Thu
3 years ago

Nice

$ 0.00
3 years ago

Goo

$ 0.00
User's avatar Oo
3 years ago

အေး

$ 0.00
3 years ago

Gg

$ 0.00
3 years ago

ပြောလေ

$ 0.00
User's avatar lin
3 years ago

Good

$ 0.00
User's avatar Oo
3 years ago

ဟေ့

$ 0.00
User's avatar wai
3 years ago

ဘာလုပ်

$ 0.00
3 years ago

ဟိုင်း

$ 0.00
3 years ago

ဟဲလို

$ 0.00
3 years ago

ဟိုင်း

$ 0.00
3 years ago