နာဆာရဲ့ သိန်းနှစ်ထောင်ကျော်တန် အလုပ်ကိုလျှောက်တဲ့ ၉နှစ်သား နဲ့ နာဆာဒါရိုက်တာရဲ့ တုန့်ပြန်မှု

3 15
Avatar for MYOHTETLINN.1
3 years ago

မကြာခင်ရက်ပိုင်းကပဲ နာဆာ ဟာ ဒေါ်လာ ၁၈၇,ဝ၀ဝ(မြန်မာငွေ သိန်း၂ထောင်ကျော်) ပေးမယ့် အလုပ်အတွက် လုပ်ကိုင်နိုင်မယ့် သူကို ရှာဖွေလျှက်ရှိတယ် ဆိုတဲ့ သတင်းကို အားလုံးသိပြီးဖြစ်မှာပါ။ Planetary Protection Officer ဆိုတဲ့ အခြားဂြိုဟ်က မသန့်စင်တဲ့ အရာတွေကို ကမ္ဘာမြေပေါ်မရောက်လာအောင် ထိမ်းသိမ်းရတဲ့ အလုပ်အတွက်ဖြစ်ပါတယ်။ ဒီတာဝန်တွေကို လုပ်ကိုင်နေတဲ့သူ နှစ်ဦးဟာ ရှိတာကြောင့် နောက်ထပ်တစ်ဦးကို ထပ်မံရှာဖွေနေတာဖြစ်ပါတယ်။

များပြားလှတဲ့ လစာကြောင့် ဒီ အလုပ်ကို လူအများ စိတ်ဝင်စားလျှက်ရှိပါတယ်။ အာကာသစီမံကိန်းနဲ့ ပတ်သတ်သော ထူးချွန်တဲ့ အတွေ့အကြုံရှိရမယ့်အပြင် ရုပဗေဒ ၊ သိပ္ပံ ၊ အင်ဂျင်နီယာ ၊ သင်္ချာစတဲ့ ဘာသာရပ်တွေကိုလည်း အဆင့်မြင့်မြင့်ကျွမ်းကျင်ရမှာဖြစ်ပြီး ခက်ခဲရှုပ်ထွေးလွန်းတဲ့အခြေအနေတွေမှာ အမှားအနည်းဆုံးနဲ့ အဆင်ပြေဆုံးလုပ်ဆောင်နိုင်ရမှာဖြစ်တဲ့အတွက် တော်ရုံကျွမ်းကျင်ရုံလောက်နဲ့တော့ ဒီရာထူးကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

နာဆာဟာ ဒီအလုပ်အတွက် ထောင်ပေါင်းများစွာသော အလုပ်လျှောက်လွှာတွေကို လက်ခံရရှိခဲ့ပါတယ်။ ဒီအထဲမှာ ထူးထူးခြားခြား ၉နှစ်သားလေး တစ်ယောက်ရဲ့ အလုပ်လျှောက်လွှာလည်းပါလာခဲ့ပါတယ်။ လျှောက်လွှာထဲမှာသူ့ကိုယ်သူ နဂါးငွေ့တန်းကို ကာကွယ်စောင့်ရှောက်သူ ၊ လေးတန်း လို့ရေးထားပါတယ်။ သူ့စာထဲမှာရေးထားတာကတော့ ဒီလိုဖြစ်ပါတယ်။

“ကျွန်တော်ကတော့ Jack Davis ဖြစ်ပြီး Planetary protection officer အလုပ်ကိုလျှောက်ချင်ပါတယ်။ ကျွန်တော်က ၉နှစ်သာ ရှိသေးပေမယ့် ဒီအလုပ်ကိုလုပ်နိုင်မယ်လို့ ထင်ပါတယ်။ အကြောင်းကတော့ ကျွန်တော့်အစ်မက ကျွန်တော့်ကို ဂြိုဟ်သားလို့ပြောတယ်၊ ပြီးတော့ အာကသာ နဲ့ ဂြိုဟ်သားကားတွေ အများကြီးကို ကျွန်တော်ကြည့်ဖူးတယ် ၊ Agents of S.H.I.E.L.D. ဆိုတဲ့ဇာတ်လမ်းတွဲကိုလည်းကြည့်ဖူးတယ် ၊ Men in Black ကားကိုလည်း ကြည့်ချင်တယ် ၊ ကျွန်တော်က ဗီဒီယိုဂိမ်းမှာလည်း ဆရာကြီးပဲ ၊ ဒါကြောင့် ဒီအလုပ်အတွက် ကျွန်တော်ဂြိုဟ်သားတစ်ယောက်လို သင်ကြားနိုင်ပါတယ်။”

တကယ်တော့ ကလေးတစ်ယောက်ရဲ့ စိတ်ကူးသာဖြစ်ပါတယ်။ ဒီနေရာမှာ ဒီကလေးကပေါက်ကရတွေပြောနေတယ် လို့ မိဘတွေက မတားပဲ ကလေးဖြစ်ချင်တာကို အားပေးပြီး အလုပ်လျှောက်လွှာကို နာဆာအထိပို့ပေးခဲ့တာကလည်း လေးစားစရာပါ။ ၉နှစ်သားအရွယ် ကလေးတစ်ယောက်ရဲ့ပေါက်ကရစိတ်ကူးကို ကမ္ဘာကျော်အာကာသအဖွဲ့ကြီး နာဆာက လစ်လျူရှု့မယ်ထင်ပါသလား။ လစ်လျူမရှု့တဲ့အပြင် အဖွဲ့ဒါရိုက်တာ ဒေါက်တာ James L.Green ကိုယ်တိုင်က တလေးတစားနဲ့ စာပြန်ခဲ့ပါတယ်။

“ချစ်ရတဲ့ Jack ရေ,

မင်းဟာ နဂါးငွေ့တန်းကို ကာကွယ်စောင့်ရှောက်သူဖြစ်ပြီး ငါတို့ရဲ့အလုပ်ကိုစိတ်ဝင်စားတယ်လို့ ကြားရတဲ့အတွက် ငါအရမ်းဝမ်းသာပါတယ်။ ငါတို့ခေါ်လိုက်တဲ့ Planetary Protection Officer ဆိုတဲ့ရာထူးဟာ အရမ်းကောင်းသလို အရမ်းလည်းအရေးကြီးပါတယ်။ ဥပမာပြောရရင် လ ဆီကနေ ကမ္ဘာမြေဆီ ယူလာတဲ့ အရာဝထ္ထုတွေမှာ အလွန်သေးငယ်တဲ့ ပိုးမွှားတွေမပါလာအောင် တားဆီးရသလိုမျိုးပါ။ ဒီလိုပဲ Solar System ကို စူးစမ်းရှာဖွေတဲ့အခါ အာကာသယာဉ်တွေ လနဲ့ အခြားဂြိုဟ်တွေကိုသွားတဲ့အခါ ကမ္ဘာမြေဆီက ပိုးမွှားသက်ရှိလေးတွေနဲ့ ဓာတုပစ္စည်းတွေ ပါမပါသွားဖို့ကိုလည်း ကာကွယ်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ ထက်မြက်ထူးချွန်တဲ့ သိပ္ပံပညာရှင်တွေ အင်ဂျင်နီယာတွေကို ငါတို့နဲ့အတူလက်တွဲဖို့ရှာဖွေနေပါတယ်။ မင်းကိုလည်း တစ်နေ့မှာ နာဆာရဲ့ဒီရာထူးမှာ ငါမြင်တွေ့လိုပါတယ်”

ဧရာမအဖွဲ့အစည်းကြီးဖြစ်ပေမယ့် ကလေးတစ်ယောက်ရဲ့ စိတ်ကူးကို တကူးတက အသိအမှတ်ပြုတဲ့အတွက် သူတို့ရဲ့သဘောထားကြီးမှုကို မြင်ရသူတိုင်းကြည်နူးမိကြမှာ အမှန်ပါ။

35
$ 0.02
$ 0.02 from @TheRandomRewarder
Avatar for MYOHTETLINN.1
3 years ago

Comments

ဝိုး

$ 0.00
3 years ago

Woww

$ 0.00
3 years ago

Hi

$ 0.00
3 years ago