သူရဲကောင်းဆုတံဆိပ်ရခဲ့တဲ့ ကြွက်ကလေး

7 11
Avatar for Kyawpe
Written by
3 years ago
တိရစ္ဆာန်တစ်ကောင်ပင်ဖြစ်လင့်ကစား အရှေ့တောင်အာရှ၊ ကမ္ဘောဒီးယားနိုင်ငံက လူအသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တဲ့ ကြွက်ကလေးကတော့ သူရဲကောင်း တံဆိပ်အပ်နှင်း ခြင်းခံခဲ့ရပါတယ်။ အဲဒီကြွက်ကလေးရဲ့အမည်ကတော့ Magawa မဂါဝါ ဖြစ်ပြီးအာဖရိကကြွက်ကြီးမျိုးနွယ်ဖြစ်ပါတယ်။ သူဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ပြည်တွင်းစစ်ကာလ အကြွင်းအကျန် မြေမြှုပ်မိုင်းများစွာကိုရှင်းလင်းပေးနိုင်ခဲ့တာကြောင့် ဗြိတိန်အခြေစိုက်တောရိုင်းတိရစ္ဆာန် ဆေးကုသရေးဆိုင်ရာပရဟိတအဖွဲ့ဖြစ်တဲ့ PDSAအဖွဲ့ကပေးအပ်တဲ့ ဂုဏ်ပြုရွှေဆံဆိပ်ဆုကိုရရှိခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာဆိုရင် ဆယ်စုနှစ်များစွာကြာမြင့်အောင်ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအား ပြိုင်မှုတွေ၊စစ်ပွဲတွေကနေ သန်းနဲ့ချီတဲ့မြေမြှုပ်မိုင်းများစွာ ယနေ့တိုင် ဆက်လက်ကျန်ရှိနေတဲ့နေရာတခုဖြစ်လာခဲ့ပါတယ်။ ယင်းမိုင်းတွေကြောင့်ပဲ နိုင်ငံသားဒါဇင်နဲ့ချီပြီး နှစ်စဉ်သေကြေဒဏ်ရာရရှိနေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ ကမ္ဘောဒီးယားအစိုးရကိုယ်တိုင် နိုင်ငံတကာက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒီအလွန်ခက်ခဲပြီး အန္တရာယ်များတဲ့ ကြွင်းကျန်အဲဒီမြေမြုပ်မိုင်းရှင်းလင်းရေးကို နှစ်ပေါင်းများစွာကြာအောင် ဖြည်းဖြည်းချင်း လုပ်ဆောင်နေခဲ့ရပါတယ်။

သူရဲကောင်းကြွက်ကလေး မဂါဝါ ကိုတော့ ဥရောပ အန်ဂျီအိုအဖွဲ့အစည်းတခုဖြဖစ်တဲ့ APOPO ကနေမြေအောက်ပေါက်ကွဲရေးစစ်လက်နက်ပစ္စည်းတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ လေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို ဘယ်လ်ဂျီယံနိုင်ငံမှာ စတင်တည်ထောင်ခဲ့ပြီး Tanzania မှာဌာနချုပ်ထားရှိပါတယ်။ ယင်းအဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ မဂါဝါ တို့လို မြေအောက်နေ တိရစ္ဆာန်တွေရဲ့ ပင်ကိုယ်ကျွမ်းကျင်မှုကို အခြေခံပြီး ဓာတုဗေဒဖောက်ခွဲရေးပစ္စည်းတွေရဲ့အငွေ့အသက်တွေ၊ တည်ရှိရာနေရာတွေကို မိုင်းကျွမ်းကျင်သူပညာရှင်တွေသိအောင် ညွှန်ပြနိုင်အောင် လေ့ကျင့်သင်ကြားပေးဖို့ဖြစ်ပါတယ်။

ကြွက်ကလေး မဂါဝါ ဟာဆိုရင်သာမန်အိမ်ကြွက်တွေထက်အကောင်ပိုမိုကြီးမားပြီး သူဟာမြေမြှုပ်မိုင်းရှိတဲ့နေရာကိုရောက်တဲ့အချိန်ထိ သူရဲ့အလေးချိန်ဟာ ပေါက်ကွဲသွား ဖို့မရှိပါဘူး။ ယင်းကနေပဲ မိုင်းကျွမ်းကျင်သူတွေအနေနဲ့ မိုင်းတည်ရှိရာနေရာကိုသိရှိကာ ဖယ်ရှားရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နိုင်မှာလည်းဖြစ်ပါတယ်။

မဂါဝါ အနေနဲ့ ကမ္ဘောဒီးယားမှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့(၇)နှစ်တာကာလအတွင်း မြေမြှုပ်မိုင်းပေါင်း(၃၉)ခုနဲ့မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်း(၂၈)ခုလောက်ကို ဖယ်ရှားပေးနိုင်ဖို့ကူညီနိုင်ခဲ့ပြီး PSDA ရဲ့စာရင်းတွေအရဆိုရင် ကမ္ဘောဒီးယားနိုင်ငံရဲ့အန္တရာယ်ရှိဧရိယာအဖြစ်သတ်မှတ်ထားတဲ့ မြေရိုင်းစတုရန်းမီတာ (၁၄၁၀၀၀)နီးပါးအထိကို မိုင်းကင်းစင်နယ်မြေတွေအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ဒါဟာ PDSA အဖွဲ့အတွက် ကြွက်တကောင်က ဆောင်ရွက်ပေးတဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။

PDSA ရဲ့ဒါရိုက်တာဖြစ်တဲ့ ဗိုလ်ချုပ် Jan McLouglin က “မဂါဝါ ရဲ့စွမ်းဆောင်ရည် တန်ဖိုးဟာ လူအသက်ပေါင်းများစွာကို ကယ်တင်ရာရောက်တဲ့အတွက် PSDA ရဲ့ သူရဲကောင်း ရွှေတံဆိပ်ဆု ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်းနဲ့ ရွှေတံဆိပ်ကိုလည်း မဂါဝါ ရဲ့အရွယ်အစားနဲ့ ကိုက်ညီအောင် ဒီဇိုင်းဆွဲပြုလုပ်ခဲ့တယ် လို့ဆိုခဲ့ပါတယ်။ PSDA ကချီးမြှင့်တဲ့ရွှေတံဆိပ်ဆု ဟာဆိုရင် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ထူးချွန်ဆုတစ်ခုလည်းဖြစ်ပြီး တိရစ္ဆာန်တစ်ကောင်ကိုပေးအပ်တဲ့ ဆုတံဆိပ်အမျိုးအစားမှာတော့ အမြင့်ဆုံးသောထူးချွန်ဆု တံဆိပ်ဖြစ်တယ်လို့ PSDA ရဲ့တရားဝင်ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

မဂါဝါ ရဲ့မူရင်းမျိုးစိတ်ဖြစ်တဲ့ အာဖရိကကြွက်မျိုးနွယ်တွေဟာဆိုရင် သင်ယူနားလည်စွမ်း အလွန်ကြီးမားကြပါတယ်။ မဂါဝါ ဟာဆိုရင်ငယ်စဉ်ကတည်းက မြေမြှပ်မိုင်းအပါအဝင် စစ်လက်နက်ရှာဖွေရေးလုပ်ငန်းစဉ်တွေကို ကျွမ်းကျင်ဖို့အတွက် များစွာသောလေ့ကျင့်ခန်းတွေ၊စစ်ဆေးမှုတွေပြုလုပ်ခဲ့ရပြီးမှသာ ကမ္ဘောဒီးယားကိုရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ သူဟာသံတိုသံစလို ပစ္စည်းတွေကိုတော့ လစ်လျူပြုမှာဖြစ်ပြီး မြေမြှုပ်မိုင်းကို တွေ့ရှိချိန်မှသာ မိုင်းရဲ့တည်နေရာကိုတိတိကျကျ အချက်ပြဖော်ပြပေးမှာလည်းဖြစ်ပါ တယ်။

မဂါဝါ ဟာဆိုရင်မိုင်းရှာဖွေတဲ့ လုပ်ငန်းအတွက် မွေးဖွားလာတယ်လို့ထင်မှတ်ရအောင် ပင်ကိုယ်ထူးချွန်တဲ့တိရိစ္ဆာန်မျိုးဖြစ်ပြီး PDSA ရဲ့အဆိုအရတော့ သူဟာ တင်းနစ်တစ်ကွင်းစာ မြေဧရိယာကို မိုင်းရှင်းလင်းရေးလုပ်ငန်းလုပ်ဆောင်ဖို့(၃၀)မိနစ် သာအချိန်ယူရပါတယ်။ ယင်းမိုင်းဧရိယာအတွက် နောက်ဆုံးပေါ်ရှာဖွေရေး ပစ္စည်းတပ် ဆင်ထားတဲ့ လူသားတွေဆိုရင် အချိန်(၄)နာရီလောက်ယူရမှာဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံပိုင်သတင်းစာတွေရဲ့အဆိုအရဆိုရင် မဂါဝါ ရဲ့လုပ်ဆောင်မှုနည်းစဉ်တွေဟာဆိုရင် နိုင်ငံသားတွေရဲ့နေ့စဉ်လူနေမှုဘဝအတွက် အလွန်အရေးပါတဲ့နေရာမှာရှိနေပြီး ဒေသအကျိုးစီးပွားအတွက် သက်ရောက်မှုကြီးစွာရှိနေခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်သူ ရှာဖွေပေးခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့စစ်လက်နက်အကြွင်းအကျန်တွေဟာဆိုရင်လည်း လူသားတွေအတွက် တချိန်ချိန်မှာကျိန်းသေပေါက် ဘေးဖြစ်မယ့် ဖြစ်ရပ်ဆိုး

14
$ 0.16
$ 0.16 from @TheRandomRewarder
Avatar for Kyawpe
Written by
3 years ago

Comments

ကြွတ်ကြီး

$ 0.00
3 years ago

သူရဲကောင်း

$ 0.00
3 years ago

ဝိုး

$ 0.00
3 years ago

Gg

$ 0.00
3 years ago

မိုက်တယ်

$ 0.00
3 years ago

Nice

$ 0.00
3 years ago

Gg

$ 0.00
3 years ago