ဟိုက်ပါရေတံခွန် (ခ) သဘာ၀ လှေကားများ
ရှမ်းပြည်တောင်ပိုင်း မှာရှိတဲ့သဘာ၀အမွေအနှစ် လို့ဆိုလို့ရပါတယ်။ ရေတံခွန်က သဘာ၀အတိုင်း ၇ထပ် မှ၉ထပ် ဖြင့်အထပ်ထပ်ဖွဲ့စည်းထားပါတယ်။ များပြားလှသော တောရိုင်းမျိုးစိတ်များဌက်များ ပျော်မွှေ့ရာ ရပ်၀န်း စားကျက်လဲ ဖြစ်တာမို့ သဘာ၀ ကိုချစ်မြတ်နိုးသူများ စိတ်အပန်းဖြေလိုသူများအတွက် ရွေးချယ်သင့်တဲ့ နေရာလို့ ဆိုရင်လဲမမှားပါဘူး။ယခင်က လူသိမများခြင်း သွားလာရန်ခက်ခဲခြင်း များကြောင့် စွန့်ပစ်ခံ ရတနာဖြစ်ခဲ့ပမယ့် ယခုအခါ social media များ၊ခရီးသွား vlog များကြောင့် ခရီးသွား၀န်ဆောင်မှုများ အလုပ်အကိုင် အခွင့်အလမ်းများပေါ်ထွန်းကာ ဒေသခံများ၏ ဘ၀နေထိုင်မှုများမှာအဆင်ပြေလာခဲ့သည်။ ယခင်က လမ်းပန်းဆက်သွယ်ရေး accommodation ကဲ့သို့သော ခရီးသွားများတည်းခို နေထိုင်စားသာက်ရန် ၀န်ဆောင်မှုများ မပေးနိုင်သော်လဲ ယခုအခါ ဒေသခံ ရပ်မိရပ်ဖ တို့၏ လမ်းများပြုပြင်ထိန်းသိမ်းခြင်း guest house များ စားသောက်ဆိုင်များ ဖွင့်လှစ်တိုးတက်လာမှုများကြောင့် ခရီးသွားများ၏ရွေးချယ်ရာနေရာ ဖြစ်လာတော့သည်။
ပုံမှန်အားဖြင့် ခရီးသွားများကို တစ်နှစ်ပတ်လုံးတွေ့မြင်နိုင်သော်လဲ မိုးရာသီတွင်မူ ခရီးသွားအရေအတွက်နည်းပါးသည်။မိုးရာသီ တွင် ဒေသလမ်းများအသုံးပြုခက်ခဲခြင်း ရေတံခွန်သို့သွားရာ လမ်းတွင်အခက်အခဲများစွာရှိခြင်း များမှာအဓိက အကြောင်းအရင်းဖြစ်ပေမည်။
ယေဘုယျ အားဖြင့် နို၀င်ဘာ ဒီဇင်ဘာလများတွင်ဖွင့်၍ မေလ တွင် ပိတ်သည်။ခရီးသွားအရေအတွက်အမြင့်ဆုံးအချိန်သည် အစိုးရရုံး ပိတ်ရက်ရှည်များ အထူးသဖြင့် သက်ြန်ပွဲတော် ကာလများတွင် သောင်းဂဏန်းအထိ စည်ကားခဲ့သည်။ခရီးသွားများ အနေဖြင့် ယာယီ အနားစခန်းများ အမှတ်တရလက်ဆောင်ဆိုင်များ ဒေသထွက်ကုန်များ ၀န်ဆောင်မှုများရယူကာ သဘောကြနှစ်သက်မည်ဟုထင်ပါသည်။မြို့ကြီးများရှိစားသောက်ဆိုင်များတွင်သုံးဆောင်နိုင်သော်လဲ ရှမ်းရိုးရာအစားအစာများ ၀က်သချဉ် အမဲသားချဉ် တကယ့် authentic အရသာကိုမှ သုံးဆောင်ချင်လျှင် ဟိုက်ပါရေတံခွန် ရှိဒေသခံများရောင်းချရာသို့ လာလှည်ရန်သာဖိတ်ခေါ်လိုက်တော့သည်။
All photos ctto Ref:Myanmar Travel;org
No comments yet