read.cash Log in
@ShinThant

မြိတ်ခရီးစဉ်

လွန်ခဲ့တဲ့တစ်နှစ်က တဣသိုလ် Final လဲပီး အိမ်ကလဲစိတ်ချလက်ချ လေးနှစ်တာတွဲခဲ့တဲ့ ဘော်ဒါ‌ တွေနဲ့ ခရီးသွားဖို့ လိုလိုလားလား ခွင့်ပြုပေးတာနဲ့ မွေးရပ်မြေ မြိတ်ကသူငယ်ချင်း အိမ်အပြန် လိုက်သွားခဲ့တယ် ယောကျာ်းလေးပဲ ရှစ်ယောက်တပ်ဖွဲ့ဆိုတော့ တစ်လမ်းလုံး ဆူဆူညံညံ တက်တက်ကြွကြွနဲ့ express ကားနဲ့ နာရီ ၂၀ စီးရတဲ့ခရီးစဉ်မို့ လူလဲကိုင်း ကျောတွေတောင့် စကားမစပ် နာရီ၂၀ ကားစီးရတဲ့ခရီးစဉ်က ပြည်တွင်းသွားဖူးသမျှမှာ အကြာဆုံးကိုယ့်အတွက်ဆိုတော့ ခရီးသွားတိုင်းအိမ်စီးကားလေးနဲ့ပဲ သွားဖြစ်တာကတစ်ကြောင်း လေအိတ်ကားကြီးစီးလေ့စီးထမရှိတာကတစ်ကြောင်း တောင်တက် တောင်ဆင်း အကွေ့ အပတ်လမ်းတွကြားမှာ ကားမမူးအောင်ကြိုးစားနေရတယ် ဒီလိုနဲ့ နာရီ ၂၀ ကြာစီးပီး မြိတ်ကိုရောက်

သူငယ်ချင်းမိဘအိမ်ကလဲ မြတ်မြို့မှာရှိတာမို့ နေ/စားငြိမ်းနဲ့စရိတ်လဲ တော်တော်လေးသက်သာခဲ့တယ်။ရောက်တာနဲ့ သတိထားမိတာကတော့ လေယူလေသိမ်းဘာသာစကားပဲ သူငယ်ချင်းနားလည် အောင်ရှင်းပြတာတော့ ဗမာစကားကိုပဲ တိုတိုတုတ်တုတ် ခပ်မြန်မြန် အဖြတ်အတောက် သိပ်မလုပ်ပဲပြောတာတဲ့ လက် တွေ့ နားထောင်ကြည့်တော့ ထင်သလောက်မလွယ်ဘူး ဒီလို နဲ့အထုပ်အပိုးချစီစဉ်ပီး လှည်ဖို့ပတ်ဖို့စီစဉ် ကျားကြီးပဲရှစ်ယောက်ဆိုတော့ ဘုရားဖူးကလဲ သိပ်စိတ်မ၀င်စား နေခဲ့တဲ့ ငါးရက်လုံး နာမည်ကြီးဘုရားအချို့လောက်ပဲဖူးခဲ့တယ်။ မြိတ်မှာ အကြိုက်ဆုံးနေရာ ပြောပါဆိုရင်တော့ ကမ်းနားလမ်းလို့ပဲညွှန်ပြရမယ် မြိတ်လူငယ်‌‌ တွေဓာတ်ဖမ်းတဲ့ နေရာ လို့ပြောရမယ် ညနေ ဆို မြိတ်ပျိုဖြူတွေ thai click ဘီး တွေကိုယ်စီနဲ့ ရူပဒါန ပြုလိုက် ကြံရည်လေးသောက် ညဈေးလဲပတ် Myeik မြို့ရဲ့ signature လို့တောင်ပြောလို့ရမယ် လှည်ခဲ့တဲ့အချိန်က မိုးကုန် ဆောင်းအကူး ရာသီဥတု ကလဲသာယာ ညနေတိုင်းနေ၀င်ချိန် ကြည့်ခဲ့ကြတယ်။

ဒေသထွက် လက်ဆောင်၀ယ်လိုက် ဒေသထွက် အစားအစာ စားလိုက် နဲ့ အချိန်လဲကုန် မပြန်ခင်ရှေ့ တစ်ရက်မှာတော့ ကျွန်တော်တို့ မြိတ်ကျွန်းစုတွေလှည်ဖို့စီစဉ်ခဲ့တယ် ကျွန်တော်တို့ သွားခဲ့စဉ်က တစ်ယောက် မြန်မာငွေ ရှစ်သောင်း speed boat နဲ့ ကျွန်းသုံးကျွန်း package ယူခဲ့တယ် ကျွန်းနာမည် တွေလဲ ကောင်းကောင်းမမှတ်မိ ပေမဲ့ smart island တစ်ခုပဲ မှတ်မိတော့တယ် ကျွန်းအားလုံးကတော့ လူသူအရောက်အပါက်ကလဲနဲတာမို့ သဘာ၀အတိုင်းပဲ တော်တော်လှတယ် ၁။ smart island ၂။ ပင်လယ်ထဲမှာ ကျွန်းရေတံခွန်နဲ့ ၃။ဆလုံကျွန်း (ကုန်းမကြီးမှ လူများလဲလာ‌ ရောက် နေထိုင် ) ရေငုပ်ကိရိယာ နဲ့ရေငုပ်လို့ရတဲ့ package

Myeik Travel and Tour company က ၀န်ထမ်းကိုမေးကြည့်တာတော့ ယခင်က ပြည်တွင်းဧည့်သည်က ရှားပီး foreigners တွေနဲ့ပဲ ပြည့်နေခဲ့တာများတယ်တဲ့ နောက်ပိုင်းမှမြန်မာ ဧည်သည်တွေလဲ များလာတာလို့‌ဆိုပါတယ် ဈေးများ ပေမဲ့လဲ မသွားဖြစ်ရင် မရောက်ဖြစ်တော့မှာ က တစ်‌ကြောင်း စား‌သောက် သုံးနပ် snack coffee ကအစ စီစဉ် ပေးတာမို့ ချုံငုံပီးကြည့်လိုက်ရင်တန်ပါတယ်။ (စာကြွင်း - သွားဖြစ်မဲ့ ညီအကို များရှိခဲ့ရင် Chang Beer (thai) တစ်ကပ် လောက်အနည်းဆုံး ကမ်းမှ မထွက်ခင် သယ်သွားပါ ကျွန်းကဆိုင် တွေမှာ မှာရင် ဈေးပိုကြီးတာမို့ / မြိတ်ကို သွားမယ်ဆိုရင် တတ်နိုင်ပါက drone camera ပါစီစဉ်နိုင်ရင်အကောင်းဆုံးပါ ‌‌ ခြေငါးလှမ်းလှမ်းတာနဲ့ ဓာတ်ဖမ်း စရာ‌ နေရာပေါ်တာမို့ ဓာတ်ပုံ ရိုက်ဝါသနာ ပါသူ အဖို့ camera ကောင်းကောင်း သယ်သွားပါ ) ကျွန်တော် တို့လူငယ် တစ်သိုက် တော့လေးလေးနက်နက် ပြင်ဆင်ထားမှု မရှိ သောကြောင့် ပြီးပြည့်စုံတဲ့ ခရီးစဉ်မဟုတ်ခဲ့ ပေမဲ့ မေ့လို့ မရတဲ့ ဘ၀ခရီးစဉ်မှာ တော့ပါ၀င်ခဲ့တယ် သားကြီး နောက်တစ်ခါ drone pro camera နဲ့ ကော့သောင်း ထိုင်းတစ်ခုခု ဆိုတုန်း ဆုံဖြစ်ခဲ့ရင် ပေါ့ကွာ ဆိုသော သူငယ်ချင်း‌အဖြေနဲ့ သာ အားလုံးတိတ်ဆိတ်၍ အတွေးကိုယ်စီနဲ့သာ ရန်ကုန်အပြန်ခရီးစဉ်ကို လိုက်ပါဖြစ်ခဲ့တော့သည်။ (စာကြွင်း - ကော့သောင်းဖက်ဆက်သွားလိုပါက ထိုင်းငွေ ဘတ်လဲရန် လိုသည် မြန်မာ ကျပ်ငွေ ထက်ဘတ် ကိုပို၍တွင်တွင်ကျယ်ကျယ် သုံးသည်) All photos ctto Ref: Myeik Yadanarpone Travel & Tour Co..,Ltd.

10¢

2 comments

Log in to join in Reading is open to everyone. Replying needs an account.