Marc De Mesel (သဘောကောင်းသူကြီး) နှင့်တွေ့ဆုံမေးမြန်းချင်း

1 40
Avatar for Khant
Written by
3 years ago

IF you are not able to read it and seeing square boxes install this extension to enable Zawgyi font in chrome

https://chrome.google.com/webstore/detail/zawgyi-font-tagger/ekcknfleddaejiggabkjphpflidckbig/related


ဒီကနေ့ ကျနော်တို့ အင်တာဗျူးမှာကတော့ Bitcoin Cash Community မှာ သူရဲ့သဘောကောင်းမှုတွေနဲ့ လူသိများတဲ့ သူဘဲဖြစ်ပါတယ်။ BCH Community မှာရှိတဲ့လူတွေက MarcDeMesel ဆိုတဲ့ လူရဲ့နာမည်ကိုတော့သိကိုသိကျပါလိမ့်မယ်။ ကျနော်ဒီနေ့အရမ်းစိတ်လှုပ်ရှားပြီး ပျော်ပါတယ်အခုလို သူ့ကိုအင်တာဗျူးရတယ့်အတွက်။ ပြီးတော့ကျနော်လည်းသေချာပါတယ် ကျနော်တို့အားလုံးဒီလု့အကြောင်းကိုသိချင်ကျမယ်ဆိုတာ။ ကျနော့်မေးခွန်းတွေကိုသူဘယ်လိုဖြေမလဲဆိုတာ ကြည့်ကြည့်ရအောင် ပရိသတို့်။ 


Marc ကိုစသိတုန်းကနဲ့နဲ့တော့ မလွယ်ခဲ့ပါဘူး။ ကျနော့်စကားလုံးတွေနဲ့သူဟာဘာလည်းဘယ်လိုလူပါလို့တော့ကျနော်မဖော်ပြတတ်ဘူး။ စပြောရင်မယ်ဆိုရင် Marc ဟာ 2008 ခုနှစ်ထဲက 40% CAGR ဆိုတဲ့ စတော့ကိုရင်းနှီးမြှုပ်နံသူတယောက်ပါ။ BTC(Bitcoin) ကိုတော့ 2012 မှာ သူရင်းနှီးခဲ့ပါတယ်။ သူဟာCryptocurrencies ထဲမှာသူများတွေထက်ပိုပြီးအမြှော်အမြင်ရှိတယ်လို့ပြောလို့ရတယ်ဗျ။ သူဟာ Volunteer လုပ်ရတာကြိုက်တဲ့ Youtuber တယောက်လည်းဖြစ်ပါတယ်။ 

သူ့Youtube channel မှာသူ့ဘဝအတွေ့အကြုံတွေအပြင် သူ့ရဲ့ စီးပွားရေးအတွေ့အကြုံတွေပါ တင်ပေးလေ့ရှိပါတယ်။ အခုကျနော်ခင်ဗျားတို့အားလုံးကိုမပျင်းစေချင်ပါဘူး ကျနော့် Intro တွေနဲ့ အဲ့တော့ Marc နဲ့ Interview စလိုက်ရအောင်


Q1.ကျနော်ခုနကပြောခဲ့သလိုဘဲခင်ဗျားအကြောင်းကျနော်ကောင်းကောင်းမသိဘူး။ အဲ့တော့ခင်ဗျားလာအလုပ်လုပ်လည်း? 


"ကျနော်ကရင်းနှီးမြှပ်နံသူပါ၊ကျနော်ကcryptocurrency နဲု့ stocks ကိုအများးသဖြင့်ရင်းနှီးပါတယ်။ ကျနော်ဟာနှစ်ရှည်ရင်းနှီးသူတယောက်ဖြစ်သလိုကျနော်ရင်းနှီးတယ့်ဟာတွေကတန်ဖိုးမရှိရာကနေ အရမ်းတန်ဖိုးရှိတဲ့အချိန်ထိကို စိတ်ရှည်ပြီးလုပ်တဲ့ရင်းနီးမှုမျိုးပါ"


Q2. ခင်ဗျားဘယ်မှားကြီးခဲ့တာလည်း?


"ကျနော်ဟာ ဥရောပ(Europe) ဘယ်ဂျီယမ်(Belgium) 

နိုင်ငံ၊ ဘယ်ဂျီယမ်ရဲ့မြောက်ဘက်ချမ်းက ဒတ်ခ်(Dutch) ဒေသဖြစ်တဲ့ ဖလန်ဒါ (Flanders) ဇာတိမှာကြီးပြင်းခဲ့ပါတယ်။သူတို့မှာ ဘရု(Bruges), ဂန့်(Ghent) နဲ့ အန့်ဝါ့ပ်(Antwerp) လို့လှပရှေးကျတဲ့ မြို့တွေရှိတယ်။ နွေရာသီအဲ့မှာ အအေးလေးသောက်လိုက်လမ်းရှောက်လိုက် သာသာယာယာဘဲ"


Q3. လက်ရှိမှာတော့ခင်ဗျားကလူတိုင်းအားကျရတဲ့စံပြ ဖြစ်နေပြီ။ ခင်ဗျားရဲ့စံပြကကော? 


"ကျနော့် စံပြတွေကတော့ Bill Gates, Elon Musk, Roger Ver နဲ့ အရမ်းတော်တဲ့ ရင်းနှီးသူတွေဖြစ်ကျတဲ့ Marc Faber,Roland Vandamme, Edward Thorp တို့ဘဲဖြစ်ပါတယ်။ပြီးတော့အတွေးအခေါ်ပညာရှင်တွေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်ကြတဲ့ Nietzsche,Ludwig Von Mises, Ayn Rand, Julian L.Simin နဲ့ Stefan Molyneux တို့ရဲ့လွှမ်းမိုးမှူရှိပါတယ်။ တခြား နမည်တွေလည်းရှိပါသေးတယ်။ ကျနော်ကအင်တာနက်မှာကျနော်ကြိုက်တာတွေကိုလိုက်ရှာရနေတတ်ပြီးတော့နေ့စဉ် အကြောင်းအမျိုးမျိုးကို ဗီဒီယိုကြည့်နေတတ်သူပါ။ ကောင်မလေးတွေ၊ဒိတ်တင်းတွေ၊ကားတွေအကြောင်းလည်းပါတာပေါ့။  ကျနော့်ရဲ့ youtube က"My heroes" ဆိုတဲ့Playlist ကိုအားပေးကြပါဉီး "

https://www.youtube.com/playlist?list=PLJsRA97ztzdJxDXQ4LBU98TWCUjjbgDhU


Q4. ခင်ဗျားဟာ စိတ်တဇရင်းနီးသူကြီးနော်။ အဲ့လိုရင်းနီးနိုင်ဖို့ တွေးခေါ်နိုင်ဖို့လိုတယ်။ အဲ့တာကိုခင်ဗျားလယ်လိုဖြေရှင်းလည်း? 


"ကောင်းလိုက်တဲ့မေးခွန်း!ကျနော်က ကျနော်ဝယ်ထားတာတွေကိုခနခနတွေးမိတယ်၊ပြီးရင် အဘက်ဘက်ကနေပြန်ကြည့်တယ်။ဘာဆုံးရှုံးသွားနိုင်သလည်း ဘာညာပေါ့။ ကျနော်ကအဓိကက ကောင်းတာနဲ့ဆိုးတာကိုယှဉ်တွဲကြည့်တယ်,ဖြစ်သင့်ဖြစ်နိုင်တဲ့ risk နဲ့ ရမဲ့အကျိုးအမြတ် reward ရယ်ကိုပေါ့။ ကျနော့်ဟာ ကျနော့ခံစား ချက်တွေနဲ့သူတို့ကကျနော့် ကိုဘယ်လိုလူစားမျိုးလည်းလို့ပုံဖော်တဲ့အခါမျိုး ကိုအမြဲထည့်ပြီးစဉ်းစားလေ့ရှိတယ်။"


Q5.ခင် ဗျားက Crypto လောကထဲကို 2012 မှာ Bitcoin နဲ့ဝင်လာခဲ့တယ် ဒါပေမယ့်အခုကျတော့ခင်ဗျားက BCH အမာခံဖြစ်နေတယ်။ဘယ်အရာကခင်ဗျားကိုBTC ကနေ BCH ဆီပြောင်းလဲစေခဲ့တာလည်း? 


"ဟိုးစောစောထဲကပါ ပြောရမယ်ဆို 2013 အလယ်လောက်ထဲကပေါ့ BTC ထဲကလူတချို့ရဲ့မကောင်းတဲ့အမူအကျင့်တွေကို ကျနော်သတိထားမိတယ်။ သူတို့ဟာအရမ်း ခေါင်းမာပြီး Litecoin Peercoin တို့ကို ရန်လိုကျတယ်။ အစပိုင်းတော့ကျနော်လည်း အဲ့ coin တွေက Btc network ကိုမယှဉ်နိုင်ဘူးလို့ထင်ခဲ့တာပေါ့။ ဒါပေမယ့် 2013 ကုန်ခံနီးမှာတော့ ကျနော်သတိထားမိတာက ယှဉ်ပြိုင်သူများရင်ပိုတိုးတက်နိုင်တယ် ဆိုတာကို။Crypto market ဟာကြီးမားတဲ့အတွက်Coin1ခုသာမက အများအပြား အနာဂတ်မှာဖြစ်ထွန်းနိုင်တယ်ဆိုတာကိုသိရှိလိုက်တယ်။ 


အဲ့လိုနဲ့အချိန်ကြာလာတဲ့အမျှ (BTC Maximalists) ယဉ်ယဉ်ကျေးကျေးခေါ်တဲ့နာမည်ပေါ့ ပြောရရင် Btc မ Btc ဘဲဆိုတာမျိုး ဆိုတာတွေကပိုပြီးဆိုးသွမ်းလာတယ် ။Bitcoin Blockchain ဟာတခုတည်းသောတန်ဖိုးရှိကြီးမားတဲ့အရာလို့ ဂယောင်ဂတမ်းတွေပြောလာကြတယ်။ 


ဒါပေမယ့် 2017မှာ သူတို့network ကblock size ကိုမတိုးပေးတော့ နောက်အချိန်မှာ transactions ဈေးတွေးတအားကုန်မယ်ဆိုတဲ့ အဖြေအတိအကျထွက်လာတယ်။အဲ့လိုဘဲ ကျနော်လည်းBtc ကိုစိတ်ကုန်သွားပြီး ကျနော့်မှာရှိတဲ့ Btc ကိုတခြား coin တွေအဖြစ်ပြောင်းပစ်လိုက်တော့တယ်။ ကျနော်ရောင်းပြီးတနှစ်အကြာမှာတော့ Btc ဈေးကွက်က 85% က နေ 35% နှုန်းအထိထိုးဆင်းသွားတော့တယ်။ 


2017 အလယ်မှာ Bitcoin Cash ဆိုတဲ့ နမည်နဲ့ Bitcoin ကနေခွဲထွက်ခဲ့တယ်။ ကျနော်ကအဲ့အချိန်မှာအရမ်းပျော်ခဲ့ပြီး အစထဲကနေအချီကြီးရင်းနီးခဲ့တယ် ဘာလို့လည်းဆိုတော့ကျနော်တို့မှာပိုပြီး ဉီးဆောင်နိုင်တဲ့Bitcoin ရှိနေပြီလေ(Bitcoin cash ကိုရည်ညွှန်း) ။ပို့ရတာလည်းမြန် Fee ကလည်းသက်သာ လာပြီး Bitcoin ရဲ့တကယ့်အမှန်တကယ် Visionဖြစ်လာခဲ့တာပေါ့လေ"


Q6.ခင်ဗျားက Flipstarter nodes လုပ်ငန်းကိုလည်း ကြီးကြီးမားမားငွေကြေးထောက်ပံခဲ့တယ် နော်။ Read.cash ကိုလည်း ကြီးကြီးမားမားထောက်ပံ့ပြန်တယ်။ လူတွေကသိချင်ကြတယ်ခင်ဗျားအဲ့တာတွေအတွက်ဘာပြန်ရလိုက်လဲပေါ့?


"ကျုပ်အများကြီးပြန်ရလိုက်ပါတယ် ဒါပေမယ့်အဓိကကတော့ Bitcoin နဲ့ Bitcoin Cash မှာ ငွေတင်မကဘူးအချိန်ပါပေးခဲ့တာပါ။ @flipstarter team အတွက်ကျနော်ထောက်ပံတဲ့ငွေကနည်းနည်းလေးပါကျနော့်မှာရှိတာနဲ့ယှဉ်ကြည့်ရင်။အကယ်ရွေးကျနော်သမထောက်ပံခဲ့ရင် BCH ကျဆုံးပြီး ကျနော့် BCH တန်ဖိုးလည်းရှိမှာမဟုတ်ပါဘူး။ အာ့ကြောင့်read.cash ကိုကြီးကြီးမားမားလှုဒါဟာစီးပွားရေးအမြင်နဲု့ပါ။ ဘာလို့လဲ့ဆိုတော့ သူဟာBitcoin Cash ကိုအသုံးပြုနေတဲ့ application ဖြစ်တဲ့အတွက် adoption ကိုဉီးဆောင်နိုင်ပြီး  BCH နဲ့ လူသစ်တွေရဲ့ဝင်ငွေတွေကိုသူတို့ရဲ့လက်ထဲထည့်ပေးနိုင်လို့ဖြစ်ပါတယ်

cryptocurrency ကတည်ဆောက်ရတာလွယ်ပါတယ်။ ခက်တာကလူအများကြားပိုမိုတွင်ကျယ်လက်ခံလာအောင်လုပ်ရတာပါ။ အဲ့ Coding skill ကောင်းရုံတင်မကဘဲ အပြောအဆိုပါကောင်းမှာ ဖြစ်မယ်။ အဲ့ skill 2ခုကိုတော့ Read.cash နဲ့ BCHN team တို့မှာတွေရတာကြောင့်ကျနော်ကျ သုံးဆွဲသူ၊ရင်းနီးသူတွေကို ကြီးကြီးမားမားလှုချင်းဖြစ်ပါတယ်"


Q7.ခင်ဗျားဟာဖခင်ကောင်းတယောက်ဖြစ်တယ်ဆိုတာကိုခင်ဗျားvideos တွေကြည့်တာကနေသိနိုင်တယ်။ ဂဘာကြီးနဲ့ နည်းပညာကပြောင်းလဲတာအရမ်းမြန်နေတယ်နော်။ ဖခင်တယောက်အနေနဲ့ ကလေးတွေကိုဘာတွေသင်ပေးသွားဖို့ရှိလည်း အနာဂတ်မှာ ဆက်လှမ်းနိုင်ကြဖို့? 


"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်:)။ကျနော်ကတော့သူတို့ကို ကိုယ်ရဲ့ကိုယ်ပိုင်အတွေးအခေါ်နဲ့လုပ်ရဲကိုငိရဲပြောရဲ ဆိုရဲ့တု့ကလေးတွေဘဲဖြစ်စေချင်တယ်။ ကိုယ့်ရဲ့အကြံညဏ်ကိုကိုယ်လိုက်လုပ်ဖို့ကတော့လွယ်သယောင်ယောင်နဲ့ခက်ပါတယ်။ ခင်များကအားလုံးထက်ခြေတလှမ်းသာချင်တယ်ဆိုရင်တော့ ကိုယ်ပိုင်တွေးတေားကြံစမှုက အလွန့်အလွန်အရေးကြီးပါတယ်။ 


ကလေးတွေအတွက်ကတော့သိပ်မလွယ်ပါဘူး။ သူတို့ကဘောင်တခုကိုကျော်သွားမိရင် ဆရာမတွေမိဘတွေကအပြစ်ပေးတာကို။ကျနော်ကတော့ ကျနော့်ကလေးတွေကို ကျနော့်မိဘ တွေဆီကရထက် ကောင်းမွန်တဲ့အချိန်တွေကိုပိုပေးဖို့ဘံမျှောလင့်ပါတယ်။ သူတို့ကိုချမ်းသာတဲ့အသိုင်းအဝိုင်းမှာထားတယ် သူတို့များများမြင်လေ ပိုသိလာနိုင်လေ။  ပိုပြီးတော့လည်းလွပ်လပ်ခွင့်ပေးထားတယ် အဲ့တော့မှာသူတို့ကို ယပျင်းစရာကောင်းတဲ့ ဟာတွေသင်မပေးရဘဲသူတို့ဝါသနာပါရာရည်းမှန်းချင်နောက်ကိုလိုက်နိုင်မှာ လေ။ ကလေးတွေကိုကောင်းကောင်းကျွေးပြီး မနှိပ်စက်ထားရင် 18နှစ်မပြည့်ခသ်တောင် မင်းလောက်နီးပါးတော်နိုင်တယ်သူတို့စိတ်ဝင်စားတယ်အ့ကြောင်းအရာတွေမှာပေါ့။ဒါပေမယ့်ကောင်းမွန်တဲ့အထောက်အပံတော့လိုတယ်"


Q8.ဘာလို့ bitcoin Cash ကိုယုံကြည်တာလည်း? 


"ဘာလို့လည်းဆိုတော့အဲ့တာပိုကောင်းတဲ့Bitcoin မို့ပါ။ အာ့ကြောင်အော့င်မြင်နေတာလည်းသက်သေပါဘဲ။

မဖြစ်နိုင်ဘူးလို့လူတွေထင်ထားတဲ့ကြားက Bitcoin က ကိုယ်ပိုင် currency အဖြစ်တည်ရှိနေနိုင်ပြီဖြစ်ပါတယ်။ သိကျတဲ့အတိုင်း အစိုးရငွေနဲ့ ယှဉ်ဖိုးကြိုးစားသူတိုင်းရှုံးနိမ့်ခဲ့ကြပြီး တချို့ဆိုထောင်ပါချခံရပါတယ်။ 


ဒါပေ့မယ် Bitcoin အောင်မြင်ခဲ့တာချိန်သားကိုက်ခဲ့လို့ပါ။ လွန်ခဲ့တဲ့နှစ်100 အတွင်း2009 ခုနှစ်ဟာစီးပွားရေးအကြပ်အတည်းများပြားလွန်းခဲ့တဲ့န်းလည်းဖြစ်ပါတယ်။ ပိုက်ဆံထုတ်ပြီးကိုယ့်အိတ်ကတ်ထဲကိုယ်ထည့်တဲ့Bankers တွေတောင် စကူပိုက်ဆံတည်ရှိပါ့အုန်းမလားလို့တောင်သံသယဖြစ်ခဲ့ပါသေးတယ်


ဒါပေမယ့်လည်း USA မှာ နည်းမျိုးစုံးသုံးပြီးနောင့်နှေးအောင်လုပ်ခဲ့ကြပါသေးတယ်။Bitcoin ဆိုတာတကယ့်ပိုက်ဆံမဟုတ်ဘူးပေါ့ဆိုပြီးတော့။ပြီးတော့bitcoin users တွေကိုTax တွေမနည်းကောက်တာပေါ့ ရတဲ့အမြတ်တွေကနေ။တခြားနိုင်ငံတွေဆို Banks တွေကို crypto နဲ့ပတ်သက်လို့ကို လုပ်ဆောင်ခွင့်မပေးတဲ့အပြင်ပြင်းထန်ရှုံချကြပါတယ်။ အကယ်ရွေ့သာ bank တွေကသူတို့Client တယောက်Cryoto မှာ Invest ထားတာတွေ့တာနဲ့ Bank acccount တွေပါ ပိတ်ပစ်တဲ့အထိပေါ့။ 


ဒါပေမယ့်သူတို့လုပ်ခဲ့တာထဲကကောင်းတဲ့တကွက်ကတော့ Bitcoin ရဲ့direction ကိုပေါ့။ အစကတော့ Peer to peer global payment currency အခုတော့ Investment သက်သက်သာ။ 


အာ့ကြောင့် BCH fork ဟာအမှန်တကယ်လိုအပ်ခဲ့တာဖြစ်တယ်။Global Private Currency ဖြစ်လာဖို့ ဈေးချို သက်သာစိတ်ချဖို့ တခြားCoins တွေကလည်းPromise ပေးမဲ့Bitcoin Cash ကတော့ အကောင်းဆုံးအနေအထားမှာရှိနေတယိ"

 


Q9. Bitcoin cash ဟာတတိယနိုင်ငံကလူတွေ အတွက် ပေးမန့်အဖြစ် လုပ်ဆောငိနိုင်တယ်။အဲ့တော့ထိုနိုင်ငံကလူတွေကို crypto community မှာ အောင်မြင်အောင် ကြီးပွားအောင်ဘယ်လိုလုပ်လို့အကြံပေးချငပ်ါသလည်း? 


"crypto မှာ ကြီးပွားအောင်လုပ်ရတာရိုးရှင်းပါတယ်။ ခက်တာဘဲရှိတာ။ ကိုယ်ကြိုက်တဲ့ Coin တွေSave ထားဒါပေမယ့်အများစုကရောင်းတာစောတော့အမြတ်သိပ်မရကြဘူး။Coin များများရှိအောင်လုပ် ဘယ်နည်းဘဲဖြစ်ဖြစ်။ မင်းက Coder လည်းလုပ်လို့ရတယ်။ marketer လည်းလုပ်လို့ရတယ် ဒါမှမဟုတ် coin တခုပေါ်မှာလည်း business တခုတည်ထောင်ပြီးရှာ ဒါမှမဟတု Read.cash မှာရေးပြီးရှာလည်းရတာဘဲ။အရေးကြီးတာကတော့အလိမ်မခံရစေနဲ့။ မင်းCoin တွေကိုဘယ်လိုလုံခြုံအောင်သိမ်းရမလည်းလေ့လာထားပါ ဘာလို့လဲဆိုတော့Crypto က internet ရဲ့ wild west ဖြစ်တဲ့အလျောက်ခိုးမှုတွေရှိလို့ပါ။ "


Q10.ခင်ဗျားရဲ့ Bch communityအပေါ် သဘောကောင်းမှုတွေကနေပြောနိုင်တာကတော့ လူတွေကခင်ဗျားဆီကနေအထောက်အပံ့လိုချင်ရင် ဘယ်လိုလုပ်ရမလည်းဆိုတာလမ်းညွှန်ပါအုံး?


"ငါ့အချိန်ကိုတော့လေးစားပြီးရှင်းရှင်းလင်းလင်းပြောပါ။ Bitcoin Cash ကိုအောင်မြင်အောင်ဘယ်လိုလုပ်ပေးနိုင်လည်းပြော။ငါကပျော်ပျော်ကြီးကူပေးမှာ။ အများစုကတော့အပြောကြီးပြီးတကယ်တော့သိပ်မလုပ်ကြဘူး။မင်းရဲ့ Record တွေကိုငါကစောင့်ကြည့်နေတယ်။ အဲ့တော့ငါကမင်းပြောသမျှယုံလိုက်မယ်တော့မထင်နဲ့။ မင်းငါ့ကိုTelegram မှာဆက်သွယ်နိုင်တယ် marcdemesel "


Q11. နောက်5နှစ်ကျရင် BCH ဘယ်လိုဖြစ်လာမလည်းလို့ထင်ပါသလည်း? 


"ကျနော်ကတော့ BCH ဟာဆက်ပြီး top 5ထဲရှိနေမယ့် coin လို့ဘဲထင်တယ်။ ပိုတောင်တိုးတက်လာနိုင်သေးတယ်လူတွေသာ BCH ကတကယ့် Bitcoin မှန်းဆိုတာသတိထားမိရင်

ပိုမြန်၊ပိုသက်သာ၊ ပိုစိတ်ချရ Roger Ver ပြောသလိုဘဲBtc ကတော့ Fee များလာတာနဲ့အမျှ ကြီးထွားနှုန်းနှေးလာတာပါဘဲ"


ကျေးဇူးပါ ကို MarcDeMesel


ခင်ဗျားအခုလိုကျနော့် Interview အတွက်ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျနော်ကတော့ခင်ဗျားရဲ့အဖြေတွေထဲမှာ 8နှစ်အတွေအကြုံစာသင်ခန်းစာတွေပါတဲ့အတွက် အရမ်းတန်ဖိုးရှိတယ်မြင်တယ်။ စာရေးသူစာဖတ်သူ နဲ့Read.cash အဖွဲ့သားတွေအတွက် ခင်ဗျားဟာတကယ့်သူရဲ့ကောင်းပါ BCH အခုလိုတည်ရှိနေနိုင်တာ။ခင်ဗျားတို့လည်းကျနော့်လို Marc ဆီကနေအများကြီးလေ့လာနိုင်မယ်လို့မျှောလင့်ပါတယ်။ သူ့ Youtube videos တွေကနေအကြံညဏ်ကောင်းတွေရပါလိမ့်မယ်ကျနော်ကတိပေးပါတယ်။ 



Youtube Channel: https://www.youtube.com/user/Marcdemesel

Twitter account : https://twitter.com/MarcDeMesel

Telegram: @marcdemesel

7
$ 4.00
$ 3.00 from @MarcDeMesel
$ 1.00 from @ralak
Sponsors of Khant
empty
empty
empty
Avatar for Khant
Written by
3 years ago

Comments

Nice article

$ 0.00
3 years ago